Local News
ရန်ကုန်၊ စက်တင်ဘာ ၁၂
Photo- Agency ။
မုံရွာ၊ ညောင်ဖြူပင်ကျေးရွာတွင် ရဲတပ်သား သန်းလှိုင်အပါအဝင် ရဲ ၂ ဦး ပစ် ခတ်ခံရပြီးသေဆုံး၊ ကျေးရွာတစ်ခုလုံး ပိတ်ဆို့ ခံထားရ၊ ပြည်သူ ၂ ဦးလည်း သေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာတွင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ကျေးရွာတစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ခံထားရကြောင်း ဒေသ ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မုံရွာ-အမြင့်ကားလမ်းတွင် ဈေးဝယ်ထွက်နေသည့် ရဲတပ်သား သန်းလှိုင်အပါအဝင်ရဲ ၂ ဦးကို PDF တပ်များက ဝင်ရောက်ပစ်ခတ်ကြောင်း၊ ရဲ ၂ ဦးသေဆုံးသွားပြီး လက်နက်များ ရရှိကြောင်း၊ ထို့ပြင် ပြည်သူ ၂ ဦးမှာမူ အခြေအနေရှုပ်ထွေးနေစဉ် ပြေး လွှားကြရာမှာ မိုင်းနင်းမိပြီး သေဆုံးကြောင်း သိရှိရသည်။
“မုံရွာ ညောင်ဖြူပင်ကျေးရွာမှာ ပစ်ခတ်ခံရလို့ ရဲသန်းလှိုင်အပါ ရဲ ၂ ဦး သေ ဆုံး ပါတယ်။ PDF ကဝင်ပစ်တာပါ။ ရဲနှစ်ယောက်က ဈေးဝယ်တုန်း PDF က ဝင်ပစ်လို့သေတာ။ ပြည်သူ ၂ ဦးကလည်း မိုင်းနင်းမိပြီး သေပါတယ်” ဟု ဒေသ ခံတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်နှင့်ရဲများက ညောင်ဖြူပင်ကျေးရွာနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့ ရှာဖွေစစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။