Local News

မိုင္းရွင္းဖို႔လာတဲ့ စစ္ေကာင္စီအဖြဲ႕မ်ား

မိုင္းရွင္းဖို႔လာတဲ့ စစ္ေကာင္စီအဖြဲ႕မ်ား မိုင္းဆြဲခံရၿပီး ၃ ဦးေသဆုံး၊ ၂ ဦးျပင္းထန္ဒဏ္ရာရ (႐ုပ္/သံ)

ေခ်ာင္းဦး၊ စက္တင္ဘာ ၁၀ ၊ ၂၀၂၂ ။

မုံ႐ြာ-ေခ်ာင္းဦးလမ္းေပၚ မွာ မိုင္းရွင္းလင္းရွာေဖြဖို႔လာတဲ့ Jammer ကားတစီးနဲ႔ စစ္ေကာင္စီေျခလွ်င္တပ္သား ၅ ဦးကို မိုင္းဆြဲတိုက္ခိုက္ခဲ့တယ္လို႔ Brave Heart Army – BHA ဗိုလ္စေနေမာင္ေမာင္က ေျမလတ္အသံကို ေျပာပါတယ္။

ယမန႔္ေန႔ စက္တင္ဘာလ ၈ ရက္ေန႔ နံနက္ ၁၁ နာရီဝန္းက်င္ခန႔္က မုံ႐ြာၿမိဳ႕ကေနကင္းခ်ဖို႔ထြက္လာတဲ့ စစ္ေကာင္စီအဖြဲ႕ျဖစ္ၿပီး ေရွ႕ထြက္မိုင္း ၂ လုံး မိုင္းႀကီး ၁ လုံးနဲ႔ေဖာက္ခြဲတိုက္ခိုက္ခဲ့တာ လို႔ ဆိုပါတယ္။

“၃ ေယာက္လႊင့္ထြက္သြားတာလို႔ေျပာတယ္၊၂ ေယာက္ကေတာ့အျပင္းအထန္ဒဏ္ရာရတယ္၊ Jammer ကားလည္းမိုင္းဆြဲခံရလို႔ ကရိန္းနဲ႔မၿပီး ၆ ဘီးကားေပၚတင္တာေတြ႕လိုက္တယ္ေျပာပါတယ္၊

မိုင္းဆြဲခံရၿပီး ေခ်ာင္းဦးကေနေျမာက္ဘက္ကို ၆ ဘီးကားနဲ႔သယ္သြားတယ္၊ အဲဒီ Jammer ကားနဲ႔ မိုင္းရွင္းလင္းရန္လာတဲ့ ေျခလ်င္တပ္သား ၅ ဦးက နမခ ကထြက္လာတာပါ” လို႔ ဗိုလ္စေနေမာင္ေမာင္ကေျပာပါတယ္။

စက္တင္ဘာလ ၄ ရက္ေန႔ကလည္း မုံ႐ြာမွစစ္ကိုင္းသို႔ထြက္လာေသာ စစ္ေကာင္စီ Jammer ကား ၁ စီး ႏွင့္ေျခလ်င္တပ္သားမ်ားအား Brave Heart Army – BHA မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္သား ၂ ဦးေသၿပီး ၁ ဦးဒဏ္ရာရခဲ့ပါေသးတယ္။

ေျမလတ္အသံ

မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီအဖွဲ့များ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး၊ ၂ ဦးပြင်းထန်ဒဏ်ရာရ (ရုပ်/သံ)

ချောင်းဦး၊ စက်တင်ဘာ ၁၀ ၊ ၂၀၂၂ ။

မုံရွာ-ချောင်းဦးလမ်းပေါ် မှာ မိုင်းရှင်းလင်းရှာဖွေဖို့လာတဲ့ Jammer ကားတစီးနဲ့ စစ်ကောင်စီခြေလျှင်တပ်သား ၅ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army – BHA ဗိုလ်စနေမောင်မောင်က မြေလတ်အသံကို ပြောပါတယ်။

ယမန့်နေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က မုံရွာမြို့ကနေကင်းချဖို့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဖြစ်ပြီး ရှေ့ထွက်မိုင်း ၂ လုံး မိုင်းကြီး ၁ လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။

“၃ ယောက်လွှင့်ထွက်သွားတာလို့ပြောတယ်၊၂ ယောက်ကတော့အပြင်းအထန်ဒဏ်ရာရတယ်၊ Jammer ကားလည်းမိုင်းဆွဲခံရလို့ ကရိန်းနဲ့မပြီး ၆ ဘီးကားပေါ်တင်တာတွေ့လိုက်တယ်ပြောပါတယ်၊

မိုင်းဆွဲခံရပြီး ချောင်းဦးကနေမြောက်ဘက်ကို ၆ ဘီးကားနဲ့သယ်သွားတယ်၊ အဲဒီ Jammer ကားနဲ့ မိုင်းရှင်းလင်းရန်လာတဲ့ ခြေလျင်တပ်သား ၅ ဦးက နမခ ကထွက်လာတာပါ” လို့ ဗိုလ်စနေမောင်မောင်ကပြောပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း မုံရွာမှစစ်ကိုင်းသို့ထွက်လာသော စစ်ကောင်စီ Jammer ကား ၁ စီး နှင့်ခြေလျင်တပ်သားများအား Brave Heart Army – BHA မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေပြီး ၁ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

မြေလတ်အသံ