Local News

ႏိုင္ငံေရးအက်ဥ္းသား(၅)ဦးထြက္ေျပးလြတ္ေျမာက္ၿပီးေနာက္ ေထာင္အတြင္းရွိ ႏိုင္ငံေရးအက်ဥ္းသားမ်ားအား ေနရာေ႐ႊ႕ေျပာင္း

ႏိုင္ငံေရးအက်ဥ္းသား(၅)ဦးထြက္ေျပးလြတ္ေျမာက္ၿပီးေနာက္ ေထာင္အတြင္းရွိ ႏိုင္ငံေရးအက်ဥ္းသားမ်ားအား ေနရာေ႐ႊ႕ေျပာင္း

စက္တင္ဘာ ၁၂၊ ၂၀၂၂

မေကြးတိုင္း၊ ပခုကၠဴခ႐ိုင္အက်ဥ္းေထာင္က ႏိုင္ငံေရးအက်ဥ္းသား(၅)ဦးထြက္ ေျပးလြတ္ေျမာက္ၿပီးေနာက္ မွာ အက်ဥ္းေထာင္အတြင္းရွိ ႏိုင္ငံေရးအက်ဥ္း သားေတြကို ေထာင္ေ႐ႊ႕ေျပာင္းလိုက္တယ္လို႔ သိရပါတယ္။

“အဲ့ဒီကိစၥျဖစ္ၿပီးတဲ့ေနာက္မွာ အဲ့ဒီေထာင္မွာရွိတဲ့ႏိုင္ငံေရးအက်ဥ္းသားေတြကိုသူတို႔စာရင္းထုတ္ၿပီး အျခားေနရာကိုေ႐ႊ႕လိုက္တယ္။ဘယ္ကိုေျပာင္းလိုက္လဲဆိုတာေတာ့ က်ေတာ္တို႔လည္းအတိအက်မွန္းလို႔ မရဘူးဗ်။

အဲ့ဒီေထာင္ကေန (၅)ေယာက္ထြက္လာၿပီးၿပီဆိုတာသူတို႔သတင္းရၿပီးတာနဲ႔ ေနာက္ႏွစ္နာရီ ေလာက္ေနေတာ့ သူတို႔တန္းခ်ိန္းလိုက္တာပဲ။ ႏိုင္ငံေရးအက်ဥ္းသားေတြအမ်ားႀကီးပဲ”လို႔ ထြက္ေျပးလာတဲ့ႏိုင္ငံေရးအက်ဥ္းသား(၅)ေယာက္ကို လြတ္ေျမာက္နယ္ေျမ ေရာက္ေအာင္ပို႔ေဆာင္ေပးခဲ့တဲ့ အဖြဲ႕ေတြထဲက တစ္ဖြဲ႕ျဖစ္တဲ့ Young Force-UG တိုက္ခိုက္ေရးတာဝန္ခံက BVJကိုေျပာပါတယ္။

ဒါ့အျပင္ ပခုကၠဴအက်ဥ္းေထာင္က ႏိုင္ငံေရးအက်ဥ္းသား(၅)ေယာက္ထြက္ေျပးလြတ္ေျမာက္ၿပီးတဲ့ေနာက္မွာ အျခားအက်ဥ္းေထာင္အသီးသီးကိုလည္း ေထာင္အာဏာပိုင္ေတြကလုံၿခဳံေရးတင္းၾကပ္လိုက္တယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ပခုကၠဴအက်ဥ္းေထာင္ကေန ေတာ္လွန္ေရးရဲေဘာ္(၂)ေယာက္၊ ပုဒ္မ၅၀၅(က)နဲ႔ ဖမ္းဆီးခံထားရသူ(၃)ေယာက္နဲ႔ စုစုေပါင္း အက်ဥ္းသား(၅)ေယာက္ဟာ အက်ဥ္းေထာင္ကေန သူတို႔အစီအစဥ္နဲ႔သူတို႔ ထြက္ေျပးလြတ္ေျမာက္လာတာျဖစ္ၿပီး ပခုကၠဴကာကြယ္‌ေရးတပ္ဖြဲ႕ေတြက စက္တင္ဘာ(၁၁)ရက္မွာ လြတ္ ေျမာက္ေနရာေရာက္ရွိေအာင္ ကယ္ထုတ္ေပးခဲ့တာျဖစ္ပါတယ္။

နိုင်ငံရေးအကျဉ်းသား(၅)ဦးထွက်ပြေးလွတ်မြောက်ပြီးနောက် ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအား နေရာရွှေ့ပြောင်း

စက်တင်ဘာ ၁၂၊ ၂၀၂၂

မကွေးတိုင်း၊ ပခုက္ကူခရိုင်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား(၅)ဦးထွက် ပြေးလွတ်မြောက်ပြီးနောက် မှာ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်း သားတွေကို ထောင်ရွှေ့ပြောင်းလိုက်တယ်လို့ သိရပါတယ်။

“အဲ့ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာ အဲ့ဒီထောင်မှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုသူတို့စာရင်းထုတ်ပြီး အခြားနေရာကိုရွှေ့လိုက်တယ်။ဘယ်ကိုပြောင်းလိုက်လဲဆိုတာတော့ ကျတော်တို့လည်းအတိအကျမှန်းလို့ မရဘူးဗျ။

အဲ့ဒီထောင်ကနေ (၅)ယောက်ထွက်လာပြီးပြီဆိုတာသူတို့သတင်းရပြီးတာနဲ့ နောက်နှစ်နာရီ လောက်နေတော့ သူတို့တန်းချိန်းလိုက်တာပဲ။ နိုင်ငံရေးအကျဉ်းသားတွေအများကြီးပဲ”လို့ ထွက်ပြေးလာတဲ့နိုင်ငံရေးအကျဉ်းသား(၅)ယောက်ကို လွတ်မြောက်နယ်မြေ ရောက်အောင်ပို့ဆောင်ပေးခဲ့တဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ Young Force-UG တိုက်ခိုက်ရေးတာဝန်ခံက BVJကိုပြောပါတယ်။

ဒါ့အပြင် ပခုက္ကူအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား(၅)ယောက်ထွက်ပြေးလွတ်မြောက်ပြီးတဲ့နောက်မှာ အခြားအကျဉ်းထောင်အသီးသီးကိုလည်း ထောင်အာဏာပိုင်တွေကလုံခြုံရေးတင်းကြပ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပခုက္ကူအကျဉ်းထောင်ကနေ တော်လှန်ရေးရဲဘော်(၂)ယောက်၊ ပုဒ်မ၅၀၅(က)နဲ့ ဖမ်းဆီးခံထားရသူ(၃)ယောက်နဲ့ စုစုပေါင်း အကျဉ်းသား(၅)ယောက်ဟာ အကျဉ်းထောင်ကနေ သူတို့အစီအစဉ်နဲ့သူတို့ ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပြီး ပခုက္ကူကာကွယ်‌ရေးတပ်ဖွဲ့တွေက စက်တင်ဘာ(၁၁)ရက်မှာ လွတ် မြောက်နေရာရောက်ရှိအောင် ကယ်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။