မုံ႐ြာ၌ ေဈးထြက္ဝယ္သည့္ရဲ(၂)ဦး ပစ္သတ္ခံရ၍ ပြဲခ်င္းၿပီးေသ၊ လက္နက္မ်ားကို ေတာ္လွန္ေရးရဲေဘာ္မ်ားသိမ္းဆည္းသြား (႐ုပ္သံ)
မုံ႐ြာ၊ စက္တင္ဘာ ၁၂
လူငယ့္ေခတ္
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္၊ မုံ႐ြာ – အျမင့္လမ္းကားလမ္းမေပၚရွိ ေညာင္ျဖဴပင္ေဈးသို႔ ေဈးလာဝယ္သည့္ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးကို ယေန႔ နံနက္အေစာပိုင္း၌ ေတာ္လွန္ေရးအဖြဲ႕မ်ားက ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ေဒသခံမ်ားထံက သိရသည္။
“ေဈးထြက္ဝယ္တုန္းအပစ္ခံရတာ။ တစ္ေယာက္ကေတာ့ပြဲခ်င္းၿပီးေသတယ္။ ေနာက္တစ္ေယာက္လဲေသတယ္ ၾကားတယ္။ ေနာက္ၿပီးပစ္ခတ္မႈျဖစ္ေတာ့ အကုန္ေၾကာက္လန႔္တစ္ၾကားထြက္ေျပးၾကရင္း မိုင္းေထာင္ထားတဲ့ ဘက္ကိုေျပးမိတဲ့ အရပ္သားႏွစ္ဦးလည္း မိုင္းကြဲၿပီးဒဏ္ရာရသြားတယ္” ဟု ေဒသခံအမ်ိဳးသမီးတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။
အဆိုပါပစ္ခတ္မႈကို မုံ႐ြာခ႐ိုင္တပ္ရင္း (၇) – Lightning People Defence Force မွ တပ္ခြဲ(၂)၊ တပ္ခြဲ(၃)ႏွင့္ တပ္ခြဲ(၅)တို႔ ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ၎တို႔က ထုတ္ျပန္ထားသည္။
၎တို႔ထုတ္ျပန္သည့္ ႐ုပ္သံဖိုင္အတြင္း၌လည္း ရဲတပ္သား(၂)ဦးေသဆုံးေနသည္ကိုေတြ႕ျမင္ရၿပီး G-3 တစ္လက္ႏွင့္ UZI ေသနတ္တစ္လက္ ရရွိကာ အထိအခိုက္မရွိဆုတ္ခြာႏိုင္ခဲ့သည္ဟု ဆိုသည္။
ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕က ေညာင္ျဖဴပင္တစ္႐ြာလုံးကို ပိတ္ဆို႔ထားသျဖင့္ ေဒသခံမ်ားအျပင္သို႔ မထြက္ရဲၾကေၾကာင္း သိရသည္။
အာဏာသိမ္းစစ္တပ္ကို ေထာက္ခံအားေပးသည့္ မီဒီယာမ်ားတြင္ ေဈးထြက္ဝယ္သည့္ ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးကို မ်က္ႏွာတြင္အိုးမဲသုတ္ထားသည့္ လက္နက္ကိုင္ (၇) ဦးက လာေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါရဲတပ္ဖြဲ႕ဝင္ႏွစ္ဦးကိုင္ ေဆာင္သည့္ လက္နက္ (၂) လက္ကိုလည္း ယူေဆာင္သြားေၾကာင္း ေဖာ္ျပထားၾကသည္။
ၿပီးခဲ့သည့္ ဩဂုတ္လကုန္ပိုင္းကလည္း ေညာင္ျဖဴပင္ရဲကင္းစခန္းက စခန္းမႉးအပါအဝင္ ရဲတပ္ဖြဲ႕ဝင္မ်ား မုံ႐ြာ – အျမင့္ကားလမ္းမေပၚတြင္ ပိတ္ဆို႔စစ္ေဆးမႈမ်ားျပဳလုပ္ေနခ်ိန္ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ေညာင္ျဖဴပင္ရဲကင္းစခန္းမႉးေသဆုံးသြားခဲ့သည္။
Lungekhit
မုံရွာ၌ ဈေးထွက်ဝယ်သည့်ရဲ(၂)ဦး ပစ်သတ်ခံရ၍ ပွဲချင်းပြီးသေ၊ လက်နက်များကို တော်လှန်ရေးရဲဘော်များသိမ်းဆည်းသွား (ရုပ်သံ)
မုံရွာ၊ စက်တင်ဘာ ၁၂
လူငယ့်ခေတ်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – အမြင့်လမ်းကားလမ်းမပေါ်ရှိ ညောင်ဖြူပင်ဈေးသို့ ဈေးလာဝယ်သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ယနေ့ နံနက်အစောပိုင်း၌ တော်လှန်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ဈေးထွက်ဝယ်တုန်းအပစ်ခံရတာ။ တစ်ယောက်ကတော့ပွဲချင်းပြီးသေတယ်။ နောက်တစ်ယောက်လဲသေတယ် ကြားတယ်။ နောက်ပြီးပစ်ခတ်မှုဖြစ်တော့ အကုန်ကြောက်လန့်တစ်ကြားထွက်ပြေးကြရင်း မိုင်းထောင်ထားတဲ့ ဘက်ကိုပြေးမိတဲ့ အရပ်သားနှစ်ဦးလည်း မိုင်းကွဲပြီးဒဏ်ရာရသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
အဆိုပါပစ်ခတ်မှုကို မုံရွာခရိုင်တပ်ရင်း (၇) – Lightning People Defence Force မှ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)နှင့် တပ်ခွဲ(၅)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ထုတ်ပြန်ထားသည်။
၎င်းတို့ထုတ်ပြန်သည့် ရုပ်သံဖိုင်အတွင်း၌လည်း ရဲတပ်သား(၂)ဦးသေဆုံးနေသည်ကိုတွေ့မြင်ရပြီး G-3 တစ်လက်နှင့် UZI သေနတ်တစ်လက် ရရှိကာ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ညောင်ဖြူပင်တစ်ရွာလုံးကို ပိတ်ဆို့ထားသဖြင့် ဒေသခံများအပြင်သို့ မထွက်ရဲကြကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်ကို ထောက်ခံအားပေးသည့် မီဒီယာများတွင် ဈေးထွက်ဝယ်သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို မျက်နှာတွင်အိုးမဲသုတ်ထားသည့် လက်နက်ကိုင် (၇) ဦးက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုင် ဆောင်သည့် လက်နက် (၂) လက်ကိုလည်း ယူဆောင်သွားကြောင်း ဖော်ပြထားကြသည်။
ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကလည်း ညောင်ဖြူပင်ရဲကင်းစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်များ မုံရွာ – အမြင့်ကားလမ်းမပေါ်တွင် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ညောင်ဖြူပင်ရဲကင်းစခန်းမှူးသေဆုံးသွားခဲ့သည်။
Lungekhit