မတၱရာ၌ ေနာက္တန္းမွပစ္လိုက္သည့္ စစ္တပ္၏လက္နက္ႀကီးေၾကာင့္ ေရွ႕တန္းမွစစ္သား (၁၅) ဦးခန႔္ေသ
မတၱရာ၊ စက္တင္ဘာ (၁၂)
လူငယ့္ေခတ္
မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္၊ ေရလည္ကြၽန္းေက်း႐ြာတိုက္ပြဲ၌ အာဏာသိမ္းစစ္တပ္ကပစ္ခတ္သည့္ လက္နက္ႀကီးက ၎တို႔အဖြဲ႕ေပၚ ျပန္က်ခဲ့ျခင္းေၾကာင့္ (၁၅) ဦးခန႔္ေသဆုံးကာ (၂၀) ဦးခန႔္ ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ားထံမွ သိရသည္။
စက္တင္ဘာလ (၉) ရက္ေန႔မွစတင္ကာ စစ္ေကာင္စီတပ္ႏွင့္ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ားၾကား တိုက္ပြဲျဖစ္ပြားေနၿပီး ယမန္ေန႔ စက္တင္ဘာလ (၁၁) ရက္ေန႔ ညပိုင္းတြင္ စစ္ေကာင္စီက အင္အား (၂၀၀) ခန႔္ထပ္တိုးကာ စုစုေပါင္းအင္အား (၃၀၀) ေက်ာ္ျဖင့္ ေရလည္ကြၽန္းေက်း႐ြာႏွင့္ ေအးကြၽန္းေက်း႐ြာတို႔တြင္ တပ္ဆြဲထားသည္ဟု ဆိုသည္။
ထို႔ေနာက္ ယမန္ေန႔ညပိုင္းမွစတင္၍ ယေန႔နံနက္ပိုင္းအထိ ထပ္မံပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ရာ ေအးကြၽန္းေက်း႐ြာ၌ တပ္စြဲထားသည့္ စစ္တပ္က ေရလည္ကြၽန္း႐ြာကိုေက်ာ္၍ စဥ့္ကိုင္ေက်း႐ြာကို လက္နက္ႀကီးျဖင့္ ပစ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ ထိုလက္နက္ႀကီးက်ည္မွာ စဥ့္ကိုင္သို႔မက်ဘဲ ၎တို႔တပ္စြဲထားသည့္ေရလည္ကြၽန္းေက်း႐ြာအတြင္း က်ေရာက္ခဲ့သည့္အတြက္ စစ္သား (၁၅) ဦး ေသဆုံးၿပီး (၂၀) ခန႔္ ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူတို႔ဒဏ္ရာရေတြနဲ႔ အေလာင္းေတြကို ေအးကြၽန္းဘက္ျပန္သယ္ၿပီး အကုန္သယ္သြားတယ္။ အဲဒါကိုျမင္လိုက္တဲ့သူေတြက ျပန္ေျပာျပတာ။ ကြၽန္ေတာ္တို႔ကာကြယ္ေရးတပ္ဘက္ကလည္း လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ ျပန္ပစ္ေနတယ္။ ကြၽန္ေတာ္တို႔ဘက္ကအထိခိုက္မရွိပါဘူး” ဟု တိုက္ပြဲတြင္ပါဝင္သည့္ ဝက္လက္ၿမိဳ႕နယ္၊ တပ္ရင္း (၁၈) တာဝန္ခံ ဗိုလ္စြန္ရဲက လူငယ့္ေခတ္သို႔ ေျပာသည္။
လတ္ရွိအခ်ိန္၌ အာဏာသိမ္းစစ္တပ္ႏွင့္ကာကြယ္ေရးတပ္မ်ားၾကား တိုက္ပြဲျဖစ္ပြားေနဆဲျဖစ္ၿပီး တိုက္ပြဲမွာ (၃) ရက္အထိ ၾကာျမင့္လာသည္။
ေရလည္ကြၽန္းေက်း႐ြာကို စစ္တပ္က စက္တင္ဘာလ (၉) ရက္ေန႔ နံနက္ (၆) နာရီခန႔္မွစကာ အင္အား (၇၀)ခန႔္ျဖင့္ဝင္ေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။
ထိုေန႔၌ ေဒသခံကာကြယ္ေရးတပ္သား (၄) ဦးဖမ္းဆီးခံခဲ့ရသကဲ့သို႔ စစ္တပ္ဘက္မွာလည္း (၁၄) ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္စစ္တပ္က ေရလည္ကြၽန္းေက်း႐ြာမွ ေနအိမ္အခ်ိဳ႕ကို မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီး ေဒသခံမ်ားမွာ ထြက္ေျပးခဲ့ရသည္။
ဓာတ္ပုံ – အာဏာသိမ္းစစ္တပ္၏ စစ္ေရးေလ့က်င့္မႈ ပုံေဟာင္း
Lungekhit
မတ္တရာ၌ နောက်တန်းမှပစ်လိုက်သည့် စစ်တပ်၏လက်နက်ကြီးကြောင့် ရှေ့တန်းမှစစ်သား (၁၅) ဦးခန့်သေ
မတ္တရာ၊ စက်တင်ဘာ (၁၂)
လူငယ့်ခေတ်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေလည်ကျွန်းကျေးရွာတိုက်ပွဲ၌ အာဏာသိမ်းစစ်တပ်ကပစ်ခတ်သည့် လက်နက်ကြီးက ၎င်းတို့အဖွဲ့ပေါ် ပြန်ကျခဲ့ခြင်းကြောင့် (၁၅) ဦးခန့်သေဆုံးကာ (၂၀) ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စက်တင်ဘာလ (၉) ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေပြီး ယမန်နေ့ စက်တင်ဘာလ (၁၁) ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက အင်အား (၂၀၀) ခန့်ထပ်တိုးကာ စုစုပေါင်းအင်အား (၃၀၀) ကျော်ဖြင့် ရေလည်ကျွန်းကျေးရွာနှင့် အေးကျွန်းကျေးရွာတို့တွင် တပ်ဆွဲထားသည်ဟု ဆိုသည်။
ထို့နောက် ယမန်နေ့ညပိုင်းမှစတင်၍ ယနေ့နံနက်ပိုင်းအထိ ထပ်မံပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အေးကျွန်းကျေးရွာ၌ တပ်စွဲထားသည့် စစ်တပ်က ရေလည်ကျွန်းရွာကိုကျော်၍ စဉ့်ကိုင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် ထိုလက်နက်ကြီးကျည်မှာ စဉ့်ကိုင်သို့မကျဘဲ ၎င်းတို့တပ်စွဲထားသည့်ရေလည်ကျွန်းကျေးရွာအတွင်း ကျရောက်ခဲ့သည့်အတွက် စစ်သား (၁၅) ဦး သေဆုံးပြီး (၂၀) ခန့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ဒဏ်ရာရတွေနဲ့ အလောင်းတွေကို အေးကျွန်းဘက်ပြန်သယ်ပြီး အကုန်သယ်သွားတယ်။ အဲဒါကိုမြင်လိုက်တဲ့သူတွေက ပြန်ပြောပြတာ။ ကျွန်တော်တို့ကာကွယ်ရေးတပ်ဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်ပစ်နေတယ်။ ကျွန်တော်တို့ဘက်ကအထိခိုက်မရှိပါဘူး” ဟု တိုက်ပွဲတွင်ပါဝင်သည့် ဝက်လက်မြို့နယ်၊ တပ်ရင်း (၁၈) တာဝန်ခံ ဗိုလ်စွန်ရဲက လူငယ့်ခေတ်သို့ ပြောသည်။
လတ်ရှိအချိန်၌ အာဏာသိမ်းစစ်တပ်နှင့်ကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲမှာ (၃) ရက်အထိ ကြာမြင့်လာသည်။
ရေလည်ကျွန်းကျေးရွာကို စစ်တပ်က စက်တင်ဘာလ (၉) ရက်နေ့ နံနက် (၆) နာရီခန့်မှစကာ အင်အား (၇၀)ခန့်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့၌ ဒေသခံကာကွယ်ရေးတပ်သား (၄) ဦးဖမ်းဆီးခံခဲ့ရသကဲ့သို့ စစ်တပ်ဘက်မှာလည်း (၁၄) ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက်စစ်တပ်က ရေလည်ကျွန်းကျေးရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများမှာ ထွက်ပြေးခဲ့ရသည်။
ဓာတ်ပုံ – အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှု ပုံဟောင်း
Lungekhit