Local News

ဖမ္းဆီးခံလိုက္ရတဲ့Elite ကားယာဥ္ဝန္ထမ္းေတြျပန္လြတ္လာၿပီ

ဖမ္းဆီးခံလိုက္ရတဲ့Elite ကားယာဥ္ဝန္ထမ္းေတြျပန္လြတ္လာၿပီး စစ္ေကာင္စီက စစ္ေၾကာ​ေရးေခၚသြား၊ ကားဖမ္းခံရၿပီးေနာက္စစ္ကိုင္းတိုင္းအတြင္းေျပးဆြဲမႈရပ္ ဆိုင္း

ဟိန္းစံ/ဧရာ၀တီတိုင္းမ္

စက္တင္ဘာလ ၁၂ ရက္

စစ္ကိုင္းတိုင္း၊ျမင္းမူၿမိဳ႕နယ္၊မႏၲေလး-မုံ႐ြာကားလမ္း ေဂြးပင္ေတာ႐ြာအနီးမွာ ဩဂုတ္လ ၁၂ ရက္ေန႔က ဖမ္းဆီးခံလိုက္ရတဲ့ Elite Express ကားမွ ယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ေတြျပန္လည္လြတ္ေျမာက္လာတယ္လို႔ Elite ကားလိုင္းနဲ႔နီးစပ္သူေတြဆီက သိရပါတယ္။

ဖမ္းဆီးခံရၿပီးတဲ့ေနာက္ ၁၀ ရက္ေက်ာ္အၾကာ ဩဂုတ္လေနာက္ဆုံးပတ္အတြင္းက ျပန္လည္လြတ္ေျမာက္လာခဲ့တာျဖစ္ၿပီး ရန္ကုန္ကိုျပန္လည္ ေရာက္ရွိလာတဲ့အခ်ိန္မွာ စစ္ေကာင္စီတပ္က ေခၚေဆာင္ၿပီးစစ္ေၾကာတာ ေတြလုပ္ခဲ့တယ္လို႔သိရပါတယ္။

“ ၂ ပတ္ေလာက္ရွိၿပီျပန္လြတ္လာတာ။ ရန္ကုန္ျပန္ေရာက္ေရာက္ျခင္းကားဝန္ထမ္းေတြကို စရဖကလာေခၚသြားတယ္လို႔သိရတယ္။ ခုျပန္လႊတ္ၿပီလားမလႊတ္လားေတာ့မသိဘူး။ လူေတြခ်ည္းဘဲလြတ္လာတာ ကားကေတာ့ျပန္မရဘူး” လို႔ Elite ကားလိုင္းနဲ႔နီးစပ္သူ ရန္ကုန္ ၿမိဳ႕ခံတဦးက ဧရာ၀တီတိုင္းမ္ကိုေျပာပါတယ္။

ဖမ္းဆီးခံရၿပီးတဲ့ေနာက္ Elite ယာဥ္လိုင္းဟာ စစ္ကိုင္း တိုင္းအတြင္းက မုံ႐ြာၿမိဳ႕နဲ႔ေ႐ႊဘိုၿမိဳ႕ကို ကားလိုင္းမေျပးဆြဲေတာ့ဘဲရပ္နားထားတယ္လို႔သိရပါတယ္။

“ ေ႐ႊဘိုနဲ႔မုံ႐ြာက အဲ့ကားဖမ္းခံထားရၿပီးထဲက ဂိတ္ပိတ္လိုက္ေတာ့တာ။ ကားမဆြဲရဲေတာ့ဘူး။ ဒီလိုင္းေတြက နဂို ထဲက ဦးေ႐ႊမန္းတပည့္ေတြကို ထည့္ထားတာမ်ားေတာ့ ႐ုံးမန္ေနဂ်ာေတြ၊ ဂိတ္မႉးေတြက တပ္ထြက္ လူေတြမ်ားတယ္။ ကင္းပုန္ဝပ္တဲ့ေနရာေလး လမ္းႀကဳံတင္သြားလိုက္ပါတို႔ဘာတို႔ အဲ့တပ္ထြက္လူေတြက ကားေတြကို ခိုင္းမွာေပါ့။ ခုေတာ့ စစ္ကိုင္းထဲကလိုင္းေတြကိုလုံး၀နားသြားၿပီမဆြဲရဲေတာ့ဘူး” လို႔ သူက ဆက္လက္ေျပာပါတယ္ ။

အဲ့ဒီ Elite ကားလိုင္းဟာ မႏၲေလး-မုံ႐ြာလမ္းပိုင္းမွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြကင္းပုန္းဝပ္ဖို႔ ႀကိဳ/ပို႔ ကို ၆ ႀကိမ္ ထက္မနည္းလုပ္ေဆာင္ၿပီး စစ္ေကာင္စီကိုေထာက္ပံ့တာေတြေတြ႕ရွိလို႔ ေဒသတြင္းကာကြယ္ေရးတပ္ဖြဲ႕ေတြက ဖမ္းဆီးခဲ့တာျဖစ္ၿပီး ခရီးသည္ေတြနဲ႔ယာဥ္ဝန္ထမ္းေတြကို ျပန္လည္လႊတ္ေပးခဲ့တာပါ။

ဖမ္းဆီးခံလိုက္ရတဲ့ကားဟာ SCANIA အမ်ိဳးအစားကားျဖစ္ၿပီး အဲ့ဒီကားေတြဟာ ကားစက္ႏႈိးတာနဲ႔ အလို အေလ်ာက္တည္ေနရာျပတဲ့ GPS စနစ္ေတြပါဝင္တယ္လို႔ SCANIA ကားေမာင္းႏွင္ခဲ့ဖူးတဲ့ Express ယာဥ္္ေမာင္း ေတြဆီကသိရပါတယ္။

Elite Express ဟာ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါ တီ(UBP) ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သူရဦးေ႐ႊမန္းရဲ႕ သားအႀကီး ဦးေအာင္သက္မန္းပိုင္ဆိုင္တဲ့ ဧရာေ႐ႊဝါလုပ္ ငန္းစုပိုင္ အေဝးေျပးယာဥ္လိုင္းလုပ္ငန္းခြဲတခုလည္းျဖစ္ ပါတယ္။

AyeyarwaddyTimes

ဖမ်းဆီးခံလိုက်ရတဲ့Elite ကားယာဉ်ဝန်ထမ်းတွေပြန်လွတ်လာပြီး စစ်ကောင်စီက စစ်ကြောရေးခေါ်သွား၊ ကားဖမ်းခံရပြီးနောက်စစ်ကိုင်းတိုင်းအတွင်းပြေးဆွဲမှုရပ် ဆိုင်း

ဟိန်းစံ/ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊မန္တလေး-မုံရွာကားလမ်း ဂွေးပင်တောရွာအနီးမှာ ဩဂုတ်လ ၁၂ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ Elite Express ကားမှ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေပြန်လည်လွတ်မြောက်လာတယ်လို့ Elite ကားလိုင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက် ၁၀ ရက်ကျော်အကြာ ဩဂုတ်လနောက်ဆုံးပတ်အတွင်းက ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး ရန်ကုန်ကိုပြန်လည် ရောက်ရှိလာတဲ့အချိန်မှာ စစ်ကောင်စီတပ်က ခေါ်ဆောင်ပြီးစစ်ကြောတာ တွေလုပ်ခဲ့တယ်လို့သိရပါတယ်။

“ ၂ ပတ်လောက်ရှိပြီပြန်လွတ်လာတာ။ ရန်ကုန်ပြန်ရောက်ရောက်ခြင်းကားဝန်ထမ်းတွေကို စရဖကလာခေါ်သွားတယ်လို့သိရတယ်။ ခုပြန်လွှတ်ပြီလားမလွှတ်လားတော့မသိဘူး။ လူတွေချည်းဘဲလွတ်လာတာ ကားကတော့ပြန်မရဘူး” လို့ Elite ကားလိုင်းနဲ့နီးစပ်သူ ရန်ကုန် မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက် Elite ယာဉ်လိုင်းဟာ စစ်ကိုင်း တိုင်းအတွင်းက မုံရွာမြို့နဲ့ရွှေဘိုမြို့ကို ကားလိုင်းမပြေးဆွဲတော့ဘဲရပ်နားထားတယ်လို့သိရပါတယ်။

“ ရွှေဘိုနဲ့မုံရွာက အဲ့ကားဖမ်းခံထားရပြီးထဲက ဂိတ်ပိတ်လိုက်တော့တာ။ ကားမဆွဲရဲတော့ဘူး။ ဒီလိုင်းတွေက နဂို ထဲက ဦးရွှေမန်းတပည့်တွေကို ထည့်ထားတာများတော့ ရုံးမန်နေဂျာတွေ၊ ဂိတ်မှူးတွေက တပ်ထွက် လူတွေများတယ်။ ကင်းပုန်ဝပ်တဲ့နေရာလေး လမ်းကြုံတင်သွားလိုက်ပါတို့ဘာတို့ အဲ့တပ်ထွက်လူတွေက ကားတွေကို ခိုင်းမှာပေါ့။ ခုတော့ စစ်ကိုင်းထဲကလိုင်းတွေကိုလုံးဝနားသွားပြီမဆွဲရဲတော့ဘူး” လို့ သူက ဆက်လက်ပြောပါတယ် ။

အဲ့ဒီ Elite ကားလိုင်းဟာ မန္တလေး-မုံရွာလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းပုန်းဝပ်ဖို့ ကြို/ပို့ ကို ၆ ကြိမ် ထက်မနည်းလုပ်ဆောင်ပြီး စစ်ကောင်စီကိုထောက်ပံ့တာတွေတွေ့ရှိလို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ခရီးသည်တွေနဲ့ယာဉ်ဝန်ထမ်းတွေကို ပြန်လည်လွှတ်ပေးခဲ့တာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ကားဟာ SCANIA အမျိုးအစားကားဖြစ်ပြီး အဲ့ဒီကားတွေဟာ ကားစက်နှိုးတာနဲ့ အလို အလျောက်တည်နေရာပြတဲ့ GPS စနစ်တွေပါဝင်တယ်လို့ SCANIA ကားမောင်းနှင်ခဲ့ဖူးတဲ့ Express ယာဉ်မောင်း တွေဆီကသိရပါတယ်။

Elite Express ဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါ တီ(UBP) ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ သားအကြီး ဦးအောင်သက်မန်းပိုင်ဆိုင်တဲ့ ဧရာရွှေဝါလုပ် ငန်းစုပိုင် အဝေးပြေးယာဉ်လိုင်းလုပ်ငန်းခွဲတခုလည်းဖြစ် ပါတယ်။

AyeyarwaddyTimes