Local News




စက်တင်ဘာ၁၂၊ ၂၀၂၂





Video ..KNDF/B-03

စစ်ကောင်စီတပ်သားများ တပ်စွဲထားတဲ့ အဆောက်အဦအတွင်းကို လ-က်ပ-စ်ဗုံ-းနဲ့ လူငယ်တစ်ဦး ဝင်ပ-စ်

စစ်ကောင်စီတပ်သားများ တပ်စွဲထားတဲ့ အဆောက်အဦအတွင်းကို လက်ပစ်ဗုံးနဲ့ လူငယ်တစ်ဦး ဝင်ပစ်

စက်တင်ဘာ၁၂၊ ၂၀၂၂

စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ အဆောက်အဦ အတွင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် လူငယ်တစ်ဦးက လက်ပစ်ဗုံးနဲ့ ဝင်ပစ်တဲ့ ရုပ်သံမှတ်တမ်းကို ကရင်နီအမျိုးသားကာကွယ်ရေး (KNDF) တပ်ရင်း(၃) ယနေ့ စက်တင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။

“ စစ်သားတွေနေတဲ့ အဆောက်အဦထဲကို လက်ပစ်ဗုံး သွားပစ်ပြီး ပြေးတယ်တဲ့။ ဟိုဘက်က သေနတ်တွေ ပြန်ပစ်တာ မထိလို့ တော်သေးတယ်။” ဟု KNDF) တပ်ရင်း(၃)က ရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် လူငယ် က “အဲ့တုန်းက ဘုရားသခင် ရှိတာပဲ ဆိုပြီး ဘာမှတွေးဘဲ ပြေးပစ်လိုက်တာ။ အခု video ထဲ ပြန်ကြည့်မှ အသည်း ယားတယ်” ဟု ပြောဆိုခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ရုပ်သံမှတ်တမ်းတွင် တိုက်ပွဲ ဖြစ်ပွားနေသည်ကို တွေ့မြင်ရပြီး မည်သည့် တိုက်ပွဲအတွင်း လုပ်ဆောင်ခဲ့သည်ကိုမူ ဖော်ပြမထားပါ။

Video ..KNDF/