Local News

ဖားကန႔္က KIA စခန္းႏွစ္ခုကို စစ္ေကာင္စီတပ္ သိမ္းပိုက္

ဖားကန႔္က KIA စခန္းႏွစ္ခုကို စစ္ေကာင္စီတပ္ သိမ္းပိုက္

ဖားကန႔္ၿမိဳ႕နယ္ ရွဒူးဇြပ္ေက်း႐ြာအနီးက ကခ်င္လြတ္ေျမာက္ေရး တပ္မေတာ္(KIA) တပ္စခန္းႏွစ္ခုကို စက္တင္ဘာ ၁၂ရက္ေန႔မနက္ပိုင္းက စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔စစ္ေတြက ေျခက်င္ထိုးစစ္ဆင္ၿပီး ေလေၾကာင္းေတြနဲ႔ပါ တိုက္ခိုက္ခဲ့ၿပီး သိမ္းယူခဲ့တယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ဝခါးပိုစ့္နဲ႔ ငါးဂမ္ပိုစ့္ ႏွစ္ခု ကို တိုက္တာဟုတ္တယ္။ ငါးဂမ္ ပိုစ့္က အေသးပဲ၊ ေလယာဥ္နဲ႔ လာပစ္တယ္။ မနက္ပိုင္း တစ္ႀကိမ္ ေန႔လည္ပိုင္းတစ္ႀကိမ္ ဒီဝါရာဇြပ္ ေနာင္မီနားမွာ ျပန္လွည့္ယူၿပီး ပစ္ပစ္ေနတယ္။ ဂ်က္ဖိုက္တာနဲ႔ တစ္ခါလာရင္ ေလးစီး နဲ႔ လာပစ္တယ္။ သူတို႔ စကစဘက္က ကလည္း က်တာမ်ားလို႔ ေလေယာဥ္ေခၚလိုက္တာ ျဖစ္ႏိုင္တယ္။

ေျခက်င္နဲ႔ ထိုးလာတာကို KIA က လမ္းမွာ တိုက္တာ။ ဝခါးပိုစ့္မွာေတာ့ လူမရွိေတာ့ဘူး။ သတင္းၾကားလို႔ KIA ေတြက လမ္းမွာ ေစာင့္ၿပီးတိုက္တာ။ ဝခါး ပိုစ့္ ကိုေတာ့ မီးရႈိ႕ေပးလိုက္ၾကၿပီ။ အခုစကစေတြ ထိုင္ေနတယ္။ အဲမွာ ေကအိုင္ေအရဲ႕ အုပ္ခ်ဳပ္ေရး႐ုံးလည္းရွိတယ္ စီးပြားေရး႐ုံးလည္း ရွိတယ္”

တိုက္ပြဲက မနက္ပိုင္း ၁၀ နာရီဝန္းက်င္က စတင္ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး ညေနပိုင္း ၃ နာရီထိ ျဖစ္ပြားခဲ့တာလို႔ ေျပာပါတယ္။ ရွဒူးဇြပ္ေက်း႐ြာမွာ ထိုင္တဲ့ ခလရ ၂၉၇ တပ္ရင္းကလည္း လက္နက္ႀကီးေတြ ပစ္ကူခဲ့တယ္လို႔ ဆိုပါတယ္။

ဒီေန႔ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္ၿပီး KIA သတင္းနဲ႔ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရေသးသလို စစ္ေကာင္စီဘက္ကလည္း သတင္းထုတ္ျပန္ထားတာ မရွိေသးပါဘူး။

KIA ရဲ႕ သတင္းဌာနျဖစ္တဲ့ The Kachin Net သတင္းဌာနကလည္း မနက္ ၁၀ နာရီခန႔္က ဝခါးပိုစ့္ရွိရာဘက္ကို ျမစ္ႀကီးနား က တက္လာတဲ့ ဂ်က္ဖိုက္တာ ေလးစီးနဲ႔လာပစ္ခဲ့ၿပီး စစ္ေကာင္စီတပ္ တပ္မ ၈၈ နဲ႔ ျပည္သူ႔စစ္အဖြဲ႕ေတြက ေျခလ်င္တက္လာတာ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဝခါးပိုစ့္ဟာ အခုႏွစ္ ဇြန္လတုန္းက KIA သိမ္းပိုက္ယူထားတဲ့ေနရာ ျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

Photo: AFP

ဖားကန့်က KIA စခန်းနှစ်ခုကို စစ်ကောင်စီတပ် သိမ်းပိုက်

ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးက ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်စခန်းနှစ်ခုကို စက်တင်ဘာ ၁၂ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေက ခြေကျင်ထိုးစစ်ဆင်ပြီး လေကြောင်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ပြီး သိမ်းယူခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဝခါးပိုစ့်နဲ့ ငါးဂမ်ပိုစ့် နှစ်ခု ကို တိုက်တာဟုတ်တယ်။ ငါးဂမ် ပိုစ့်က အသေးပဲ၊ လေယာဉ်နဲ့ လာပစ်တယ်။ မနက်ပိုင်း တစ်ကြိမ် နေ့လည်ပိုင်းတစ်ကြိမ် ဒီဝါရာဇွပ် နောင်မီနားမှာ ပြန်လှည့်ယူပြီး ပစ်ပစ်နေတယ်။ ဂျက်ဖိုက်တာနဲ့ တစ်ခါလာရင် လေးစီး နဲ့ လာပစ်တယ်။ သူတို့ စကစဘက်က ကလည်း ကျတာများလို့ လေယောဉ်ခေါ်လိုက်တာ ဖြစ်နိုင်တယ်။

ခြေကျင်နဲ့ ထိုးလာတာကို KIA က လမ်းမှာ တိုက်တာ။ ဝခါးပိုစ့်မှာတော့ လူမရှိတော့ဘူး။ သတင်းကြားလို့ KIA တွေက လမ်းမှာ စောင့်ပြီးတိုက်တာ။ ဝခါး ပိုစ့် ကိုတော့ မီးရှို့ပေးလိုက်ကြပြီ။ အခုစကစတွေ ထိုင်နေတယ်။ အဲမှာ ကေအိုင်အေရဲ့ အုပ်ချုပ်ရေးရုံးလည်းရှိတယ် စီးပွားရေးရုံးလည်း ရှိတယ်”

တိုက်ပွဲက မနက်ပိုင်း ၁၀ နာရီဝန်းကျင်က စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ညနေပိုင်း ၃ နာရီထိ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။ ရှဒူးဇွပ်ကျေးရွာမှာ ထိုင်တဲ့ ခလရ ၂၉၇ တပ်ရင်းကလည်း လက်နက်ကြီးတွေ ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

KIA ရဲ့ သတင်းဌာနဖြစ်တဲ့ The Kachin Net သတင်းဌာနကလည်း မနက် ၁၀ နာရီခန့်က ဝခါးပိုစ့်ရှိရာဘက်ကို မြစ်ကြီးနား က တက်လာတဲ့ ဂျက်ဖိုက်တာ လေးစီးနဲ့လာပစ်ခဲ့ပြီး စစ်ကောင်စီတပ် တပ်မ ၈၈ နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ခြေလျင်တက်လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဝခါးပိုစ့်ဟာ အခုနှစ် ဇွန်လတုန်းက KIA သိမ်းပိုက်ယူထားတဲ့နေရာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Photo: AFP