Local News

ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာ၊ မဂၤလာဒုံ၊ မရမ္းကုန္း၊ ေတာင္ဥကၠလာတို႔တြင္

ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာ၊ မဂၤလာဒုံ၊ မရမ္းကုန္း၊ ေတာင္ဥကၠလာတို႔တြင္ ဗုံးမ်ားေပါက္ကြဲၿပီး ပစ္ခတ္သံမ်ားၾကားရ

ရန္ကုန္၊ စက္တင္ဘာ ၁၂

ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ မဂၤလာဒုံ၊ မရမ္းကုန္းၿမိဳ႕နယ္၊ ေတာင္ဥကၠလာပအပါအဝင္ ၿမိဳ႕နယ္မ်ားတြင္ ဗုံးေပါက္ကြဲသံမ်ားၾကားရၿပီး ပစ္ခတ္သံမ်ားၾကားရေၾကာင္း ေဒသခံမ်ားႏွင့္ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားထံမွ သိရွိရသည္။

ယေန႔ စက္တင္ဘာလ ၁၂ ရက္ေန႔ ည ၇ နာရီ ၁၀ မိနစ္ အခ်ိန္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္ ဒညင္းကုန္းရထားသံလမ္း အေက်ာ္ရွိ စစ္သားစုေဆာင္းေရးတပ္ ေနာက္ ေပါက္ဂိတ္ကို အေဝးထိန္းဗုံးတစ္လုံးႏွင့္ စတင္ေဖာက္ခြဲတိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္သားမ်ားထြက္လာခ်ိန္ ဒုတိယတစ္လုံးႏွင့္ေဖာက္ခြဲတိုက္ခိုက္ေသာ္လည္း နည္းပညာခ်ိဳ႕ယြင္းမႈေၾကာင့္ မေပါက္ကြဲခဲ့ေၾကာင္း Yangon UG Association (YUA) ၏ အဖြဲ႕ဝင္ God’s Hand Forces (GHF) မွ ရဲေဘာ္တစ္ဦးက ေျပာသည္။

အဆိုပါတိုက္ခိုက္မႈကို Yangon UG Association ( YUA) ၏ ” ျပည္သူ႔ကမ္းလက္မ်ား စစ္ဆင္ေရး ” စစ္ေရးေဖာ္ေဆာင္မႈ၏ တစ္စိတ္တစ္ေဒသျဖစ္ၿပီး တတိယေျမာက္ေဖာ္ေဆာင္မႈျဖစ္ေၾကာင္း သိရွိရသည္။

အလားတူ မဂၤလာဒုံၿမိဳ႕နယ္၊ ရာသက္ပန္မွတ္တိုင္အနီး၊ ခေရပင္လမ္းေပၚတြင္ ယေန႔ ည ၉ နာရီခြဲ အခ်ိန္ ဗုံးေပါက္ကြဲသံ က်ယ္ေလာင္စြာၾကားရေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။

“ဗုံးေပါက္တာပဲ။ ေခြးေတြ ထိပါေစ ဆုေတာင္းတယ္။ ေတာ္ေတာ္ကိုက်ယ္ေလာင္တဲ့ေပါက္ကြဲပဲ။ မဂၤလာဒုံနဲ႔ ပုလဲၿမိဳ႕သစ္ကေတာင္ေတာ္ေတာ္က်ယ္က်ယ္ၾကားရတာ။ ေျမေတာင္တုန္တယ္ ၾကားဖူးသမွ်ထဲအက်ယ္ဆုံးပဲ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

ထို႔ျပင္ ေတာင္ဥကၠလာပ ၁၃ ရပ္ကြက္တြင္ ယေန႔ ညေန ၅ နာရီ ၂၅ မိနစ္အခ်ိန္ ဗုံးေပါက္ကြဲမႈျဖစ္ပြားၿပီး စစ္တပ္က ပိတ္ဆို႔ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း၊ ညေန ၄ နာရီ ၃၀ မိနစ္အခ်ိန္ ၁၃ ရပ္ကြက္ ၊ အေနာ္မာလမ္းေပၚ ထ ၃ ေက်ာင္းေရွ႕တြင္ မေပါက္ကြဲေသးေသာ ဗုံးေတြ႕ရွိခဲ့ရေၾကာင္း သိရွိရသည္။

“သူတို႔ တပ္စြဲတဲ့အနားမွာ ဗုံးေတြ႕တာ။ အဲဒါ ဗုံးကိုသိမ္းၿပီး စစ္တပ္က ညေန ၅ နာရီခြဲေလာက္မွာ ေဖာက္ခြဲလိုက္တာ။ ဗုံးေတြ႕တာက ညေန ၄ နာရီခြဲမွာ ေတြ႕တာ။ ဗုံးေတြ႕ကတည္းက လမ္းေတြ ပိတ္ထားတာ” ဟု ေတာင္ဥကၠလာပေဒသခံတစ္ဦးက ေျပာဆိုသည္။

မရမ္းကုန္းၿမိဳ႕နယ္တြင္လည္း ယေန႔ည ၁၀ နာရီဝန္းက်င္အခ်ိန္ ေသနတ္ပစ္ခတ္သံ ၇ ခ်က္ ၾကားရေၾကာင္း မရမ္းကုန္းၿမိဳ႕နယ္တြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။

“ညက တိတ္ဆိတ္ေနေတာ့ တစ္ခ်က္ခ်င္း ပစ္တာ ၇ ခ်က္တိတိ ။ ဘာကို ပစ္တာလဲေတာ့မသိဘူး။ ပစ္သံက အေတာ္က်ယ္တယ္” ဟု မရမ္းကုန္းၿမိဳ႕နယ္၊ က်ိဳက္၀ိုင္းအနီးတြင္ ေနထိုင္သူတစ္ဦးက ဆိုသည္။

ရန်ကုန်တိုင်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ တောင်ဥက္ကလာတို့တွင် ဗုံးများပေါက်ကွဲပြီး ပစ်ခတ်သံများကြားရ

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံ၊ မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပအပါအဝင် မြို့နယ်များတွင် ဗုံးပေါက်ကွဲသံများကြားရပြီး ပစ်ခတ်သံများကြားရကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ် အချိန်တွင် ရွှေပြည်သာမြို့နယ် ဒညင်းကုန်းရထားသံလမ်း အကျော်ရှိ စစ်သားစုဆောင်းရေးတပ် နောက် ပေါက်ဂိတ်ကို အဝေးထိန်းဗုံးတစ်လုံးနှင့် စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများထွက်လာချိန် ဒုတိယတစ်လုံးနှင့်ဖောက်ခွဲတိုက်ခိုက်သော်လည်း နည်းပညာချို့ယွင်းမှုကြောင့် မပေါက်ကွဲခဲ့ကြောင်း Yangon UG Association (YUA) ၏ အဖွဲ့ဝင် God’s Hand Forces (GHF) မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Yangon UG Association ( YUA) ၏ ” ပြည်သူ့ကမ်းလက်များ စစ်ဆင်ရေး ” စစ်ရေးဖော်ဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး တတိယမြောက်ဖော်ဆောင်မှုဖြစ်ကြောင်း သိရှိရသည်။

အလားတူ မင်္ဂလာဒုံမြို့နယ်၊ ရာသက်ပန်မှတ်တိုင်အနီး၊ ခရေပင်လမ်းပေါ်တွင် ယနေ့ ည ၉ နာရီခွဲ အချိန် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ဗုံးပေါက်တာပဲ။ ခွေးတွေ ထိပါစေ ဆုတောင်းတယ်။ တော်တော်ကိုကျယ်လောင်တဲ့ပေါက်ကွဲပဲ။ မင်္ဂလာဒုံနဲ့ ပုလဲမြို့သစ်ကတောင်တော်တော်ကျယ်ကျယ်ကြားရတာ။ မြေတောင်တုန်တယ် ကြားဖူးသမျှထဲအကျယ်ဆုံးပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် တောင်ဥက္ကလာပ ၁၃ ရပ်ကွက်တွင် ယနေ့ ညနေ ၅ နာရီ ၂၅ မိနစ်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ၁၃ ရပ်ကွက် ၊ အနော်မာလမ်းပေါ် ထ ၃ ကျောင်းရှေ့တွင် မပေါက်ကွဲသေးသော ဗုံးတွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

“သူတို့ တပ်စွဲတဲ့အနားမှာ ဗုံးတွေ့တာ။ အဲဒါ ဗုံးကိုသိမ်းပြီး စစ်တပ်က ညနေ ၅ နာရီခွဲလောက်မှာ ဖောက်ခွဲလိုက်တာ။ ဗုံးတွေ့တာက ညနေ ၄ နာရီခွဲမှာ တွေ့တာ။ ဗုံးတွေ့ကတည်းက လမ်းတွေ ပိတ်ထားတာ” ဟု တောင်ဥက္ကလာပဒေသခံတစ်ဦးက ပြောဆိုသည်။

မရမ်းကုန်းမြို့နယ်တွင်လည်း ယနေ့ည ၁၀ နာရီဝန်းကျင်အချိန် သေနတ်ပစ်ခတ်သံ ၇ ချက် ကြားရကြောင်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ညက တိတ်ဆိတ်နေတော့ တစ်ချက်ချင်း ပစ်တာ ၇ ချက်တိတိ ။ ဘာကို ပစ်တာလဲတော့မသိဘူး။ ပစ်သံက အတော်ကျယ်တယ်” ဟု မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။