Local News



C8 News

ရန်ကုန်၊ စက်တင်ဘာ(၁၃)


မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သင်္ကန်းမော်ရွာနဲ့ ရွှေလုံးအော်ရွာကြား မှာ မနေ့ကစက်တင်ဘာ(၁၂)ရက်က်ေညနေ(၄)နာရီဝန်းကျင်းမှာ ပုလောဒေသကာကွယ်ရေးဖွဲ့(PRDF)နဲ့ မဟာမိတ်တပ်ပေါင်းစုတွေပူးပေါင်းပြီး နန်းထိုက်အောင်စစ်ဆင်ရေးဖြင့်ပစ်ခတ်ရှင်းလင်းလိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။



ဒလန် စစ်မှုထမ်းဟောင်း ဦးမောင်ယု ရှင်းလင်းခံရ၊ ကွန်ဒုံး နဲ့ မူးယစ်ဆေးဝါး တွေသိမ်းဆည်းရမီ

C8 News

ရန်ကုန်၊ စက်တင်ဘာ(၁၃)

ဒလန်လုပ်တယ်ဆိုပြီးနာမည်ကြီးနေတဲ့ စစ်မှုထမ်းဟောင်း ဦးမောင်ယု ကိုမနေ့ကညနေပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ရှင်းလင်ပစ်ခတ်ခဲ့ပြီးနောက် ကွန်ဒုံး နဲ့ မူးယစ်ဆေးဝါး တွေသိမ်းဆည်းရမီခဲ့တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သင်္ကန်းမော်ရွာနဲ့ ရွှေလုံးအော်ရွာကြား မှာ မနေ့ကစက်တင်ဘာ(၁၂)ရက်ကေ်ညနေ(၄)နာရီဝန်းကျင်းမှာ ပုလောဒေသကာကွယ်ရေးဖွဲ့(PRDF)နဲ့ မဟာမိတ်တပ်ပေါင်းစုတွေပူးပေါင်းပြီး နန်းထိုက်အောင်စစ်ဆင်ရေးဖြင့်ပစ်ခတ်ရှင်းလင်းလိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှင်းလင်းခံရသူ ဦးမောင်ယု ဟာစစ်တပ်ကအာဏာမသိမ်းခင်က ပုလောစစ်မှူထမ်းဟောင်းအဖွဲ့မှာ ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် CDM ဝန်ထမ်းတွေကိုဖိအားပေးခြင်း၊ ပြည်သူတွေကိုလက်နက်ကိုင်ဆောင်ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီတပ်တွေကို လမ်းပြပြုလုပ်ပေးတာတွေကြောင့် အခုလိုရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက်ဦးမောင်ယု ဆီမှ ကွန်ဒုံး နဲ့ မူးယစ်ဆေးဝါးတချို့၊ ဆိုင်ကယ်(၁)စီး ၊လက်ပစ်ဗုံး(၂)လုံး၊ ငွေကျပ်(၉)သိန်း၊ လက်စွပ်(၃)ကွင်း ၊ ဖုန်း(၁)လုံး၊မှတ်ပုံတင်(၈)ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။