Local News

သန္လ်င္ မွာ ျဖစ္ခဲ့တယ့္ (၉) ဦးကိစၥ

သန္လ်င္ေရတပ္က ၉ ေလာင္းၿပိဳင္လူသတ္မႈ တရားခံဟာ PDF သင္တန္းဆင္းလို႔ သတင္းထြက္

ဧရာ၀တီတိုင္းမ္

စက္တင္ဘာလ ၁၃ ရက္

ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္က ေရတပ္မွာတာဝန္ထမ္း ေဆာင္ေနတဲ့ စစ္ေကာင္စီတပ္သား ၂ ဦးဟာ ၎တို႔တပ္က တပ္ဖြဲ႕ဝင္ ၇ ဦးနဲ႔ အရပ္သား ၂ ဦးတို႔ကို ဩဂုတ္လ ၃၁ ရက္ေန႔ ည ၁၀ နာရီခန႔္က ေသနတ္နဲ႔ပစ္သတ္ၿပီး ထြက္ ေျပးသြားခဲ့ပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြကို ရည္႐ြယ္ခ်က္ရွိရွိ အစုလိုက္ အၿပဳံလိုက္ ပစ္သတ္ခဲ့တဲ့ အဆိုပါ စစ္ေကာင္စီတပ္သား ၂ ဦးဟာ ကရင္ျပည္နယ္က ေတာတြင္းမွာ PDF သင္တန္းဆင္းၿပီးမွ တပ္ထဲဝင္လာသူေတြျဖစ္တယ္လို႔ သန္လ်င္ေရတပ္အသိုင္းအဝိုင္းမွာ သတင္းေတြထြက္ေပၚေနပါတယ္။

၉ ေလာင္းၿပိဳင္ ပစ္ခတ္မႈေနာက္ပိုင္း အဆိုပါစစ္သား ၂ ဦးရဲ႕ေနာက္ေၾကာင္းကို စစ္တပ္က ျပန္လည္စုံစမ္းရာမွာ ရရွိတဲ့ အခ်က္အလက္ေတြအရ PDF သင္တန္းဆင္းေတြျဖစ္ႏိုင္တယ္လို႔ သန္လ်င္ေရတပ္က အႀကီးတန္းစစ္ဘက္အရာရွိေတြက သုံးသပ္ေနၾကေၾကာင္း သန္လ်င္ေရတပ္နဲ႔ နီးစပ္သူေတြထံက သိရပါတယ္။

တစ္မိနစ္႐ု​ပ္သံ

Ayeyarwaddy_Times

သန်လျင်ရေတပ်က ၉ လောင်းပြိုင်လူသတ်မှု တရားခံဟာ PDF သင်တန်းဆင်းလို့ သတင်းထွက်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၃ ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က ရေတပ်မှာတာဝန်ထမ်း ဆောင်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ ၎င်းတို့တပ်က တပ်ဖွဲ့ဝင် ၇ ဦးနဲ့ အရပ်သား ၂ ဦးတို့ကို ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီခန့်က သေနတ်နဲ့ပစ်သတ်ပြီး ထွက် ပြေးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့တဲ့ အဆိုပါ စစ်ကောင်စီတပ်သား ၂ ဦးဟာ ကရင်ပြည်နယ်က တောတွင်းမှာ PDF သင်တန်းဆင်းပြီးမှ တပ်ထဲဝင်လာသူတွေဖြစ်တယ်လို့ သန်လျင်ရေတပ်အသိုင်းအဝိုင်းမှာ သတင်းတွေထွက်ပေါ်နေပါတယ်။

၉ လောင်းပြိုင် ပစ်ခတ်မှုနောက်ပိုင်း အဆိုပါစစ်သား ၂ ဦးရဲ့နောက်ကြောင်းကို စစ်တပ်က ပြန်လည်စုံစမ်းရာမှာ ရရှိတဲ့ အချက်အလက်တွေအရ PDF သင်တန်းဆင်းတွေဖြစ်နိုင်တယ်လို့ သန်လျင်ရေတပ်က အကြီးတန်းစစ်ဘက်အရာရှိတွေက သုံးသပ်နေကြကြောင်း သန်လျင်ရေတပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

တစ်မိနစ်ရုပ်သံ

Ayeyarwaddy_Times