Local News

ေျခလ်င္တပ္ရင္း (ခလရ) ၁၀၆ တပ္မွ အရပ္သားပုံစံနဲ႔လာတဲ့ စစ္သား ၃ ဦးကို ဖမ္းမိ

ေျခလ်င္တပ္ရင္း (ခလရ) ၁၀၆ တပ္မွ အရပ္သားပုံစံနဲ႔လာတဲ့ စစ္သား ၃ ဦးကို ဖမ္းမိ

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္တြင္ ခ်င္းေဒသကာကြယ္ေရးအဖြဲ႕ (CDF) ၏စစ္ေဆးေရးဂိတ္ကို ျဖတ္လာသည့္ စစ္ေကာင္စီတပ္သား ၃ ဦး ဖမ္းမိခဲ့ၿပီး စစ္ေဆးေနေၾကာင္း CDF မတူပီထံမွ သိရသည္။

ေျခလ်င္တပ္ရင္း (ခလရ) ၁၀၆ တပ္မွ တပ္သားအဆင့္ ၃ ဦးကို အရပ္ဝတ္ျဖင့္ စက္တင္ဘာ ၇ က ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း CDF မတူပီ ျပန္ၾကားေရးတာဝန္ခံက ေျပာသည္။

“ခလရ ၁၀၆ ကပါ။ သူတို႔က ဂိတ္ဘက္ကို ျဖတ္လာတာ။ ကြၽန္ေတာ္တို႔က ဂိတ္ေစာင့္ေနတာ။ လက္နက္ေတြေတာ့ ဘာမွ မပါဘူး။ လက္ပစ္ဗုံးတစ္လုံးပါလာတယ္။ အဲဒါကို ကြၽန္ေတာ္တို႔ သိမ္းလိုက္တယ္။ သူတို႔က မခုခံဘူး။ သူတို႔က ဂိတ္ထဲမွာ ဒီအတိုင္းဝင္လာတာ။ …. လက္ပစ္ဗုံးဖြက္ထားၿပီးေတာ့ ႐ိုး႐ိုးအရပ္သားပုံစံနဲ႔ ဂိတ္ကို ျဖတ္လာတာ” ဟု ဆိုသည္။

ထို ၃ ဦးမွာ ရခိုင္ျပည္နယ္ဘက္မွ လာသည္ဟု ယူဆရၿပီး အေသးစိတ္အခ်က္အလက္မ်ားကို CDF ဘက္မွ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေပ။

ခလရ ၁၀၆ သည္ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္အေျခစိုက္ အမွတ္ (၁၉) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ (စကခ ၁၉) လက္ေအာက္ခံတပ္ ျဖစ္သည္။

မတူပီၿမိဳ႕နယ္တြင္ ေျခလ်င္တပ္ရင္း ၁၄၀၊ ေျချမန္တပ္ရင္း ၃၀၄ ႏွင့္ စစ္ဗ်ဴဟာတစ္ခု အေျခစိုက္ထားေသာ္လည္း ၿမိဳ႕ေပၚရပ္ကြက္မ်ားကိုသာ စစ္ေကာင္စီတပ္က ထိန္းခ်ဳပ္ထားႏိုင္သည္၊ က်န္ေဒသမ်ားတြင္ CDF က ထိန္းခ်ဳပ္ထားၿပီး ဂိတ္စခန္းမ်ား ဖြင့္လွစ္ထားသည္ဟု CDF ျပန္ၾကားေရးတာဝန္ခံက ဆိုသည္။

“သူတို႔ (စစ္တပ္) က ၿမိဳ႕ထဲမွာပဲ ေနေတာ့တာ။ ေဘးပတ္ပတ္လည္႐ြာေတြကို CDF က ထိန္းခ်ဳပ္ထားတယ္။ ပညာေရးေတြကအစ အကုန္လည္ပတ္ေနတယ္။ ၿမိဳ႕ေပၚမွာ သူတို႔ေက်ာင္းဖြင့္ေပမဲ့ တက္တာက ၂၀ ရာခိုင္ႏႈန္းေလာက္ပဲ ရွိတယ္။ ကြၽန္ေတာ္တို႔က နယ္ေျမရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္ကို ထိန္းခ်ဳပ္ထားႏိုင္တယ္လို႔ ေျပာလို႔ရတယ္” ဟု သူက ေျပာသည္။

ၿမိဳ႕နယ္အတြင္း အဓိကလမ္းမႀကီးမ်ားျဖစ္သည့္ မင္းတပ္ – မတူပီလမ္း၊ ဟားခါး -မတူပီလမ္း၊ ပလက္ဝ – မတူပီလမ္း၊ လိုင္လင္းပီ – မတူပီလမ္းပိုင္းတြင္ CDF မတူပီက စစ္ေဆးေရးဂိတ္မ်ား ဖြင့္ထားေၾကာင္း၊ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) တြင္ ပါဝင္ျခင္း ရွိ မရွိ စစ္ေဆးေနေၾကာင္း သိရသည္။

“အဓိက စစ္ေဆးတာက Non CDM အခ်က္အလက္ေတြကို စာရင္းနဲ႔ ေသခ်ာလုပ္ၿပီးေတာ့ Non CDM ေတြကို စစ္တယ္။ … ဧည့္သည္ေတြကို စစ္တယ္” ဟု အထက္ပါ ျပန္ၾကားေရးတာဝန္ခံက ေျပာသည္။

စစ္တပ္အာဏာသိမ္းမႈကို အေစာဆုံးတုံ႔ျပန္ခဲ့သည့္ ခ်င္းျပည္နယ္တြင္ ၿမိဳ႕နယ္အလိုက္ဖြဲ႕ထားသည့္ ေဒသကာကြယ္ေရးအဖြဲ႕မ်ား အားေကာင္းေနသည္။

စစ္တပ္အာဏာသိမ္းၿပီးခ်ိန္မွ ယခုႏွစ္ ဧၿပီလအထိ တစ္ႏွစ္တာကာလအတြင္း CDF မတူပီႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားၾကား တိုက္ပြဲေပါင္း ၆၀ နီးပါး ျဖစ္ပြားခဲ့ၿပီး ၁၅ ဦးက်ဆုံးကာ တပ္ဖြဲ႕ဝင္ ၂၁ ဦး ဒဏ္ရာရရွိခဲ့သည္ဟု CDF Matupi က ဧၿပီလက ထုတ္ျပန္ခဲ့သည္။

ခြေလျင်တပ်ရင်း (ခလရ) ၁၀၆ တပ်မှ အရပ်သားပုံစံနဲ့လာတဲ့ စစ်သား ၃ ဦးကို ဖမ်းမိ

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ၏စစ်ဆေးရေးဂိတ်ကို ဖြတ်လာသည့် စစ်ကောင်စီတပ်သား ၃ ဦး ဖမ်းမိခဲ့ပြီး စစ်ဆေးနေကြောင်း CDF မတူပီထံမှ သိရသည်။

ခြေလျင်တပ်ရင်း (ခလရ) ၁၀၆ တပ်မှ တပ်သားအဆင့် ၃ ဦးကို အရပ်ဝတ်ဖြင့် စက်တင်ဘာ ၇ က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း CDF မတူပီ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ခလရ ၁၀၆ ကပါ။ သူတို့က ဂိတ်ဘက်ကို ဖြတ်လာတာ။ ကျွန်တော်တို့က ဂိတ်စောင့်နေတာ။ လက်နက်တွေတော့ ဘာမှ မပါဘူး။ လက်ပစ်ဗုံးတစ်လုံးပါလာတယ်။ အဲဒါကို ကျွန်တော်တို့ သိမ်းလိုက်တယ်။ သူတို့က မခုခံဘူး။ သူတို့က ဂိတ်ထဲမှာ ဒီအတိုင်းဝင်လာတာ။ …. လက်ပစ်ဗုံးဖွက်ထားပြီးတော့ ရိုးရိုးအရပ်သားပုံစံနဲ့ ဂိတ်ကို ဖြတ်လာတာ” ဟု ဆိုသည်။

ထို ၃ ဦးမှာ ရခိုင်ပြည်နယ်ဘက်မှ လာသည်ဟု ယူဆရပြီး အသေးစိတ်အချက်အလက်များကို CDF ဘက်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ခလရ ၁၀၆ သည် မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) လက်အောက်ခံတပ် ဖြစ်သည်။

မတူပီမြို့နယ်တွင် ခြေလျင်တပ်ရင်း ၁၄၀၊ ခြေမြန်တပ်ရင်း ၃၀၄ နှင့် စစ်ဗျူဟာတစ်ခု အခြေစိုက်ထားသော်လည်း မြို့ပေါ်ရပ်ကွက်များကိုသာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်သည်၊ ကျန်ဒေသများတွင် CDF က ထိန်းချုပ်ထားပြီး ဂိတ်စခန်းများ ဖွင့်လှစ်ထားသည်ဟု CDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“သူတို့ (စစ်တပ်) က မြို့ထဲမှာပဲ နေတော့တာ။ ဘေးပတ်ပတ်လည်ရွာတွေကို CDF က ထိန်းချုပ်ထားတယ်။ ပညာရေးတွေကအစ အကုန်လည်ပတ်နေတယ်။ မြို့ပေါ်မှာ သူတို့ကျောင်းဖွင့်ပေမဲ့ တက်တာက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျွန်တော်တို့က နယ်မြေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်တယ်လို့ ပြောလို့ရတယ်” ဟု သူက ပြောသည်။

မြို့နယ်အတွင်း အဓိကလမ်းမကြီးများဖြစ်သည့် မင်းတပ် – မတူပီလမ်း၊ ဟားခါး -မတူပီလမ်း၊ ပလက်ဝ – မတူပီလမ်း၊ လိုင်လင်းပီ – မတူပီလမ်းပိုင်းတွင် CDF မတူပီက စစ်ဆေးရေးဂိတ်များ ဖွင့်ထားကြောင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်း ရှိ မရှိ စစ်ဆေးနေကြောင်း သိရသည်။

“အဓိက စစ်ဆေးတာက Non CDM အချက်အလက်တွေကို စာရင်းနဲ့ သေချာလုပ်ပြီးတော့ Non CDM တွေကို စစ်တယ်။ … ဧည့်သည်တွေကို စစ်တယ်” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်တပ်အာဏာသိမ်းမှုကို အစောဆုံးတုံ့ပြန်ခဲ့သည့် ချင်းပြည်နယ်တွင် မြို့နယ်အလိုက်ဖွဲ့ထားသည့် ဒေသကာကွယ်ရေးအဖွဲ့များ အားကောင်းနေသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဧပြီလအထိ တစ်နှစ်တာကာလအတွင်း CDF မတူပီနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲပေါင်း ၆၀ နီးပါး ဖြစ်ပွားခဲ့ပြီး ၁၅ ဦးကျဆုံးကာ တပ်ဖွဲ့ဝင် ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF Matupi က ဧပြီလက ထုတ်ပြန်ခဲ့သည်။