ပခုကၠဴအက်ဥ္းေထာင္မွ ထြက္ေျပးလြတ္ေျမာက္လာသည့္ PDF ရဲေဘာ္ႏွစ္ဦး မူလတပ္သို႔ျပန္လည္ေရာက္ရွိ
ေတာ္လွန္ေရးဆက္လုပ္ရန္ အသင့္ျဖစ္ေနဟုေျပာ
ေအာင္ေဇယ်/People’s Spring
မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္ ပခုကၠဴအက်ဥ္းေထာင္မွ ထြက္ေျပးလြတ္ေျမာက္လာေသာ PDF ရဲေဘာ္ႏွစ္ဦး မူလတပ္သို႔ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ေတာ္လွန္ေရး ဆက္လက္လုပ္ေဆာင္သြားမည္ဟု 96 Soliders PDF အဖြဲ႕က ကိုေဇယ်ာလြင္က ေျပာၾကားသည္။
စက္တင္ဘာ ၁၀ ရက္ နံနက္ပိုင္းက ပခုကၠဴအက်ဥ္းေထာင္မွ ထြက္ေျပးလြတ္ေျမာက္လာခဲ့ၾကသည့္ ရဲေဘာ္ႏွစ္ဦးမွာ စစ္ကိုင္းတိုင္းအေျခစိုက္ 96 Soliders PDF အဖြဲ႕ထံ ျပန္လည္ေရာက္ရွိခဲ့သည္။
၎တို႔ႏွစ္ဦးသည္ 96 Soliders PDF အဖြဲ႕၏ ေတာင္ပိုင္းတိုင္း က်ားျဖဴတပ္ခြဲ (၂)မွ ရဲေဘာ္ႏွစ္ဦးျဖစ္ၿပီး လြန္ခဲ့သည့္ ႏွစ္လေက်ာ္ခန္႔က ေတာ္လွန္ေရးကိစၥတစ္ခုျဖင့္ ခရီးထြက္လာစဥ္ ပခုကၠဴၿမိဳ႕နယ္၊ ျမစ္ေျခၿမိဳ႕အနီး၌ စစ္ေကာင္စီလက္ေအာက္ခံ ရဲမ်ား၏ ဖမ္းဆီးျခင္းခံခဲ့ရျခင္းျဖစ္ေၾကာင္း 96 Soliders PDF အဖြဲ႕မွ ကိုေဇယ်ာလြင္က ေျပာသည္။
“သူတို႔စၿပီး ထြက္ေျပးလြတ္ေျမာက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ကို စၿပီးဆက္သြယ္ပါတယ္။ ကြၽန္ေတာ္တို႔က ပခုကၠဴေဒသမွာရွိတဲ့ အဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့မွ သူတို႔ကို လုံၿခဳံတဲ့အေျခအေနထိေရာက္ေအာင္ အဆင့္ဆင့္ကဲ့ၿပီး ေခၚခဲ့ၾကတယ္။
ႏွစ္ေယာက္လုံး က်န္းမာေရးေကာင္းတယ္။ ပြန္းပဲ့နည္းနည္းပါးပါးေလာက္ပဲရွိတယ္။ ေရွ႕ဆက္ၿပီးေတာ့ ေတာ္လွန္ေရးလုပ္ငန္းေတြ ဆက္လုပ္သြားဖို႔ အဆင္သင့္ျဖစ္ေနၿပီ။ ဆက္ပါဝင္ဖို႔ကိုလည္း အာသီသျပင္းျပေနၾကတယ္”ဟု ကိုေဇယ်ာလြင္က ေျပာသည္။
၎တို႔ႏွစ္ဦးလုံးသည္ ပခုကၠဴအက်ဥ္းေထာင္မွ ခက္ခက္ခဲခဲထြက္ေျပးလြတ္ေျမာက္လာျခင္းျဖစ္ၿပီး အေသးစိတ္အေျခအေနအား လုံၿခဳံေရးအေျခအေနအရ အသိေပးႏိုင္ျခင္းမရွိေသးေၾကာင္း ကိုေဇယ်ာလြင္က ေျပာသည္။
အဆိုပါ ရဲေဘာ္ႏွစ္ဦးႏွင့္အတူ စစ္ေကာင္စီက မတရားဖမ္းဆီးခံရသူ သုံးဦးႏွင့္အတူ စုစုေပါင္း ထြက္ေျပးလြတ္ေျမာက္လာျခင္း ျဖစ္သည္။
(ထြက္ေျပးလြတ္ေျမာက္လာသည့္ PDFရဲေဘာ္ႏွစ္ဦး(ဘယ္ႏွင့္ညာ)၊ ဓာတ္ပုံ-Zayar Lwin/FB)
ပခုက္ကူအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသည့် PDF ရဲဘော်နှစ်ဦး မူလတပ်သို့ပြန်လည်ရောက်ရှိ
တော်လှန်ရေးဆက်လုပ်ရန် အသင့်ဖြစ်နေဟုပြော
အောင်ဇေယျ/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပခုက္ကူအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသော PDF ရဲဘော်နှစ်ဦး မူလတပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး တော်လှန်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု 96 Soliders PDF အဖွဲ့က ကိုဇေယျာလွင်က ပြောကြားသည်။
စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပခုက္ကူအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည့် ရဲဘော်နှစ်ဦးမှာ စစ်ကိုင်းတိုင်းအခြေစိုက် 96 Soliders PDF အဖွဲ့ထံ ပြန်လည်ရောက်ရှိခဲ့သည်။
၎င်းတို့နှစ်ဦးသည် 96 Soliders PDF အဖွဲ့၏ တောင်ပိုင်းတိုင်း ကျားဖြူတပ်ခွဲ (၂)မှ ရဲဘော်နှစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်လကျော်ခန့်က တော်လှန်ရေးကိစ္စတစ်ခုဖြင့် ခရီးထွက်လာစဉ် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီး၌ စစ်ကောင်စီလက်အောက်ခံ ရဲများ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း 96 Soliders PDF အဖွဲ့မှ ကိုဇေယျာလွင်က ပြောသည်။
“သူတို့စပြီး ထွက်ပြေးလွတ်မြောက်တဲ့အချိန်မှာ ကျွန်တော်တို့ကို စပြီးဆက်သွယ်ပါတယ်။ ကျွန်တော်တို့က ပခုက္ကူဒေသမှာရှိတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့မှ သူတို့ကို လုံခြုံတဲ့အခြေအနေထိရောက်အောင် အဆင့်ဆင့်ကဲ့ပြီး ခေါ်ခဲ့ကြတယ်။
နှစ်ယောက်လုံး ကျန်းမာရေးကောင်းတယ်။ ပွန်းပဲ့နည်းနည်းပါးပါးလောက်ပဲရှိတယ်။ ရှေ့ဆက်ပြီးတော့ တော်လှန်ရေးလုပ်ငန်းတွေ ဆက်လုပ်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။ ဆက်ပါဝင်ဖို့ကိုလည်း အာသီသပြင်းပြနေကြတယ်”ဟု ကိုဇေယျာလွင်က ပြောသည်။
၎င်းတို့နှစ်ဦးလုံးသည် ပခုက္ကူအကျဉ်းထောင်မှ ခက်ခက်ခဲခဲထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေအား လုံခြုံရေးအခြေအနေအရ အသိပေးနိုင်ခြင်းမရှိသေးကြောင်း ကိုဇေယျာလွင်က ပြောသည်။
အဆိုပါ ရဲဘော်နှစ်ဦးနှင့်အတူ စစ်ကောင်စီက မတရားဖမ်းဆီးခံရသူ သုံးဦးနှင့်အတူ စုစုပေါင်း ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်။
(ထွက်ပြေးလွတ်မြောက်လာသည့် PDFရဲဘော်နှစ်ဦး(ဘယ်နှင့်ညာ)၊ ဓာတ်ပုံ-Zayar Lwin/FB)