ရန်ကုန်၊ စက်တင်ဘာ ၁၃
မုံရွာမြို့တွင် စစ်တပ်နှင့် ပူးပေါင်းပြီး ဓားပြမှုများ ကျူးလွန်နေသော မျိုးချစ်၏ ယာဉ်မောင်းဖြစ်သူကို PDF တပ်ဖွဲ့က ဖမ်းဆီး(ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ဓားမြမှုများစွာ ကျူးလွန်ခဲ့သော မျိုးချစ်၏ ယာဉ်မောင်းဖြစ်သူ အောင်မျိုးဇော် (ခ) ရဲမင်းဦးကို မုံရွာ ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မျိုးချစ်ဆိုသူသည် မုံရွာမြို့ပေါ်ရှိ သန်းတစ်ရာ ဆန်စက်၊ RGN ဂိမ်းဆိုင်၊ ဘုန်းဆိုး ရပ်ကွက်အတွင်းရှိ ပြည်သူပိုင်နေအိမ်၊ အဆွေတော် ဖုန်းရောင်းဝယ်ရေးနှင့် ဆိုင်ကယ် ရောင်းဝယ်ရေးဆိုင်နှင့် နတ်လူထိပ်ပန် ရပ်ကွက်ရှိ ချဲဒိုင် နေအိမ်များကို ဓားမြတိုက်ပြီး ငွေကြေး၊ ရွှေထည် ပစ္စည်း၊ ဖုန်းနှင့် ဆိုင်ကယ်များကို ယူ ဆောင် သွားကြောင်း သိရသည်။
ထိုသို့ ဓားမြမှုများစွာ ကျူးလွန်ထားသောမုံရွာ အကြမ်းဖက် စစ်တပ် လက် ပါးစေ ခိုးဆိုးလုနှိုက် ဓါးပြ ဖြစ်သူ မျိုးချစ်၏ ယာဉ်မောင်းကို
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ)နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မြို့နယ် ပလဖ)တို့မှ ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ပြီး မျိုးချစ် ကျူးလွန်ထားသော ဓားမြမှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။