Local News

ကေမာၻဇဘဏ္ ဂိတ္ေပါက္

ကေမာၻဇဘဏ္ ဂိတ္ေပါက္ ပစ္ခတ္မႈတြင္ စစ္ေကာင္စီတပ္သား ၂ ဦးေ-သ၊ ၁ ဦး ဒဏ္ရာရရွိ

မဇၩိမ ။ ။ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕၊ သိန္းသန္းခ်ီ အေဝးေျပး ကားႀကီးကြင္းရွိ ကေမာၻဇဘဏ္ (၃) ဂိတ္ေပါက္တြင္ ယေန႔ စက္တင္ဘာလ ၁၃ ရက္ေန႔၊ မြန္းလြဲ ၁ နာရီေက်ာ္အခ်ိန္က ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ရာ ဘဏ္ဂိတ္ေပါက္ေစာင့္ စစ္ေကာင္စီတပ္သား ႏွစ္ဦးေသဆုံးၿပီး တစ္ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိသြားသည္ဟု မူဆယ္ေဒသခံ မဇၩိမ၏ သတင္းရင္းျမစ္က ေျပာသည္။

“ ႏွစ္‌ေယာက္ေသတယ္၊ တစ္ေယာက္က ဒဏ္ရာရတယ္။ ကြၽန္ေတာ္သိသေလာက္ အပစ္ခံရတာ စစ္ေကာင္စီတပ္သားေတြပါ။ သူတို႔က ဘဏ္အေပါက္ တည့္တည့္မွာေနတာ။ သုံးေယာက္တစ္ဖြဲ႕ အၿမဲတမ္းရွိတယ္” ဟု သတင္းရင္းျမစ္က ေျပာသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးသြားေသာ စစ္ေကာင္စီတပ္သားမ်ားႏွင့္ ထိခိုက္ဒဏ္ရာ ရရွိသူကို လူနာတင္ကားျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္လိုက္ၿပီျဖစ္သည္ဟု သိရသည္။

လက္ရွိအခ်ိန္တြင္ ပစ္ခတ္မႈျဖစ္ခဲ့ေသာ ဘဏ္ေရွ႕လမ္းကို စစ္ေကာင္စီတပ္ဖြဲ႕က ပိတ္ဆို႔ထားၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္းလည္း သတင္းရင္းျမစ္က ေျပာသည္။

ထိုစစ္ေကာင္စီတပ္သားမ်ားအား မည္သည့္အဖြဲ႕က ပစ္ခတ္တိုက္ခိုက္ခဲ့သည္ကိုမူ မသိရေသးေပ။မူဆယ္ၿမိဳ႕ သည္ တ႐ုတ္- ျမန္မာနယ္စပ္ ကုန္သြယ္ေရးၿမိဳ႕ တစ္ခုျဖစ္ၿပီး စစ္ေကာင္စီတပ္ လက္ ေအာက္ခံ ျပည္သူ႔စစ္တပ္ဖြဲ႕မ်ားႏွင့္ ရွမ္းေျမာက္အေျခစိုက္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ား ဝင္ေရာက္လႈပ္ရွားသည့္ေနရာ ျဖစ္သည္ဟုလည္း သိရသည္။

ၿပီးခဲ့သည္ ဩဂုတ္လ ၂ ရက္ေန႔ကလည္း မူဆယ္ၿမိဳ႕ အလယ္ေဈး မီးပြိဳင့္အနီးတြင္ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္ႏွစ္ဦး အနီးကပ္ ပစ္ခတ္ခံရမႈေၾကာင့္ ထိခိုက္ဒဏ္ရာမ်ား ရရွိသြားေသးသည္။

ယင္းအျပင္ ဩဂုတ္လ ၁ ရက္ေန႔ကလည္း ထိုမီးပြိဳင့္အနီးတြင္ ဗုံးေပါက္ကြဲမႈျဖစ္ၿပီး အရပ္သား ႏွစ္ဦး ေသဆုံးခဲ့ေသးသည္။

စာတည္း။ ။ဖူးသိမ္က်

စာမူတည္းျဖတ္ ။ ။ ေအာင္ေက်ာ္ၿဖိဳး

Photos-ပစ္ခတ္ခံရေသာ KBZ ဘဏ္ျမင္ကြင္း (CJ)

ကမ္ဘောဇဘဏ် ဂိတ်ပေါက် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၂ ဦးေ-သ၊ ၁ ဦး ဒဏ်ရာရရှိ

မဇ္ဈိမ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ သိန်းသန်းချီ အဝေးပြေး ကားကြီးကွင်းရှိ ကမ္ဘောဇဘဏ် (၃) ဂိတ်ပေါက်တွင် ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီကျော်အချိန်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ဘဏ်ဂိတ်ပေါက်စောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု မူဆယ်ဒေသခံ မဇ္ဈိမ၏ သတင်းရင်းမြစ်က ပြောသည်။

“ နှစ်‌ယောက်သေတယ်၊ တစ်ယောက်က ဒဏ်ရာရတယ်။ ကျွန်တော်သိသလောက် အပစ်ခံရတာ စစ်ကောင်စီတပ်သားတွေပါ။ သူတို့က ဘဏ်အပေါက် တည့်တည့်မှာနေတာ။ သုံးယောက်တစ်ဖွဲ့ အမြဲတမ်းရှိတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသော စစ်ကောင်စီတပ်သားများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူကို လူနာတင်ကားဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ပစ်ခတ်မှုဖြစ်ခဲ့သော ဘဏ်ရှေ့လမ်းကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။

ထိုစစ်ကောင်စီတပ်သားများအား မည်သည့်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကိုမူ မသိရသေးပေ။မူဆယ်မြို့ သည် တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ် လက် အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လှုပ်ရှားသည့်နေရာ ဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည် ဩဂုတ်လ ၂ ရက်နေ့ကလည်း မူဆယ်မြို့ အလယ်ဈေး မီးပွိုင့်အနီးတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦး အနီးကပ် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိသွားသေးသည်။

ယင်းအပြင် ဩဂုတ်လ ၁ ရက်နေ့ကလည်း ထိုမီးပွိုင့်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့သေးသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

Photos-ပစ်ခတ်ခံရသော KBZ ဘဏ်မြင်ကွင်း (CJ)