PDF ကို ေၾကာက္ၿပီး ၿခံစည္း႐ိုး ေရွာ့တိုက္ထားတဲ့ ပ်ဴတစ္ေယာက္ ဓာတ္လိုက္လို႔
ေတာင္သာမွာ PDF ကို ေၾကာက္ၿပီး ၿခံစည္း႐ိုး ေရွာ့တိုက္ထားတဲ့ ပ်ဴတစ္ေယာက္ ဓာတ္လိုက္လို႔ ေဆး႐ုံတင္ရ၊
MFP ၊ စက္တင္ဘာ – ၁၃
မႏၲေလးတိုင္း ေတာင္သာၿမိဳ႕နယ္ တမိုက္သာ႐ြာေန ပ်ဴအဖြဲ႕ဝင္ ဖိုးေအး ဆိုသူက PDF ေတြ လာေရာက္ တိုက္ခိုက္မွာကို ေၾကာက္လန႔္ၿပီး ေနအိမ္ ၿခံစည္း႐ိုးမွာ လွ်ပ္စစ္ဓာတ္အား ေရွာ့တိုက္ထားခ်ိန္ လွ်ပ္စစ္ ဝါယာေရွာ့ျဖစ္ကာ ဓာတ္လိုက္လို႔ ေဆး႐ုံတင္ထားရတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက ဆိုပါတယ္။
စစ္အုပ္စုႏွင့္ေပါင္းကာ အရပ္သား ျပည္သူေတြအေပၚ ထင္တိုင္းက်ဲ ရန္ျပဳ ေသာင္းက်န္း ရမ္းကားေနတဲ့ တမိုက္သာ႐ြာေန ပ်ဴအဖြဲ႕ဝင္ ဖိုးေအးက PDF ေတြကို ေၾကာက္လန႔္ၿပီး ေနအိမ္ၿခံစည္း႐ိုးမွာ ေရွာ့တိုက္ထားရာက ယမန္ေန႔ စက္တင္ဘာ(၁၂)ရက္ ညပိုင္းမွာ လွ်ပ္စစ္ဝါယာေရွာ့ျဖစ္ၿပီး ဓာတ္လိုက္တာလို႔ ဆိုပါတယ္။
လက္ရွိမွာ ပ်ဴဖိုးေအးကို ပခုကၠဴေဆး႐ုံ ပို႔ထားရတယ္လို႔ ေဒသခံတခ်ိဳ႕က ဆိုၿပီး အေသးစိတ္ အေျခအေနေတြကိုေတာ့ မသိရေသးပါဘူး။
ေတာင္သာနယ္ တမိုက္သာေက်း႐ြာမွာ စစ္အုပ္စု လက္ပါးေစ ပ်ဴအဖြဲ႕ဝင္ အမ်ားအျပား ရွိၿပီး လြနန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္က ထင္တိုင္းက်ဲ ေသာင္းက်န္း ရမ္းကားခဲ့ၾကေပမယ့္ လက္ရွိမွာေတာ့ ပ်ဴတခ်ိဳ႕က ပုန္းေရွာင္တာေတြ ရွိေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။
ၿပီးခဲ့တဲ့ ဇြန္လကလည္း ေတာင္သာနယ္ တမိုက္သာ႐ြာက စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး၊ ပ်ဴေခါင္းေဆာင္ ျဖစ္သူဟာ စစ္အုပ္စုက ေပးထားတဲ့ ေသနတ္ကို ေမာင္းတင္ၿပီး ခါးၾကားထိုးထားရာက ေသနတ္ေမာင္းျပဳတ္ကာ ေပါင္ကို က်ည္ဆံထိမွန္ၿပီး ေဆး႐ုံတက္ခဲ့တဲ့ ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါေသးတယ္။
ေတာင္သာၿမိဳ႕နယ္ထဲက စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရဒမႉးေတြႏွင့္ ပ်ဴအဖြဲ႕ဝင္ေတြ အေနနဲ႔ စစ္အုပ္စု ေထာက္တိုင္ေတြအျဖစ္ ဆက္လက္ လုပ္ကိုင္ေနပါက မိသားစုရဲ႕ အသက္အႏၲရာယ္ကိုပါ အာမခံမွာ မဟုတ္ဘူးလို႔ PDF ေတာင္သာက သတိေပး ထုတ္ျပန္ထားပါတယ္။
PDF ကို ကြောက်ပြီး ခြံစည်းရိုး ရှော့တိုက်ထားတဲ့ ပျူတစ်ယောက် ဓာတ်လိုက်လို့
တောင်သာမှာ PDF ကို ကြောက်ပြီး ခြံစည်းရိုး ရှော့တိုက်ထားတဲ့ ပျူတစ်ယောက် ဓာတ်လိုက်လို့ ဆေးရုံတင်ရ၊
MFP ၊ စက်တင်ဘာ – ၁၃
မန္တလေးတိုင်း တောင်သာမြို့နယ် တမိုက်သာရွာနေ ပျူအဖွဲ့ဝင် ဖိုးအေး ဆိုသူက PDF တွေ လာရောက် တိုက်ခိုက်မှာကို ကြောက်လန့်ပြီး နေအိမ် ခြံစည်းရိုးမှာ လျှပ်စစ်ဓာတ်အား ရှော့တိုက်ထားချိန် လျှပ်စစ် ဝါယာရှော့ဖြစ်ကာ ဓာတ်လိုက်လို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်အုပ်စုနှင့်ပေါင်းကာ အရပ်သား ပြည်သူတွေအပေါ် ထင်တိုင်းကျဲ ရန်ပြု သောင်းကျန်း ရမ်းကားနေတဲ့ တမိုက်သာရွာနေ ပျူအဖွဲ့ဝင် ဖိုးအေးက PDF တွေကို ကြောက်လန့်ပြီး နေအိမ်ခြံစည်းရိုးမှာ ရှော့တိုက်ထားရာက ယမန်နေ့ စက်တင်ဘာ(၁၂)ရက် ညပိုင်းမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး ဓာတ်လိုက်တာလို့ ဆိုပါတယ်။
လက်ရှိမှာ ပျူဖိုးအေးကို ပခုက္ကူဆေးရုံ ပို့ထားရတယ်လို့ ဒေသခံတချို့က ဆိုပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
တောင်သာနယ် တမိုက်သာကျေးရွာမှာ စစ်အုပ်စု လက်ပါးစေ ပျူအဖွဲ့ဝင် အများအပြား ရှိပြီး လွနန်ခဲ့တဲ့ တစ်နှစ်ကျော်က ထင်တိုင်းကျဲ သောင်းကျန်း ရမ်းကားခဲ့ကြပေမယ့် လက်ရှိမှာတော့ ပျူတချို့က ပုန်းရှောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း တောင်သာနယ် တမိုက်သာရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် ဖြစ်သူဟာ စစ်အုပ်စုက ပေးထားတဲ့ သေနတ်ကို မောင်းတင်ပြီး ခါးကြားထိုးထားရာက သေနတ်မောင်းပြုတ်ကာ ပေါင်ကို ကျည်ဆံထိမှန်ပြီး ဆေးရုံတက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
တောင်သာမြို့နယ်ထဲက စစ်ကောင်စီခန့် အုပ်ချုပ်ရေဒမှူးတွေနှင့် ပျူအဖွဲ့ဝင်တွေ အနေနဲ့ စစ်အုပ်စု ထောက်တိုင်တွေအဖြစ် ဆက်လက် လုပ်ကိုင်နေပါက မိသားစုရဲ့ အသက်အန္တရာယ်ကိုပါ အာမခံမှာ မဟုတ်ဘူးလို့ PDF တောင်သာက သတိပေး ထုတ်ပြန်ထားပါတယ်။