Local News

ခ႐ိုနီနဲ႔ ဗိုလ္ႀကီးေတြ ေဂါက္႐ိုက္ေနတာကို

ခ႐ိုနီနဲ႔ ဗိုလ္ႀကီးေတြ ေဂါက္႐ိုက္ေနတာကို MRTV နဲ႔ MWDက ႐ိုက္ကူး‌ေနခ်ိန္ ဗုံးပစ္ခံရ

မုံ႐ြာ ၊ စက္တင္ဘာ ၁၃ ၊ ၂၀၂၂ ။

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕ ေပါက္ကြင္းမွာ ခ႐ိုနီနဲ႔ ဗိုလ္ႀကီးေတြ ေဂါက္႐ိုက္ေနတာကို MRTV နဲ႔ MWD က ႐ိုက္ကူးေရး လုပ္ေနတဲ့ အခ်ိန္ လက္ပစ္ဗုံးပစ္သြင္းတိုက္ခိုက္ခဲ့တယ္လို႔ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ တပ္ခြဲ MRDA-Monywa အဖြဲ႕ဆီက သိရပါတယ္။

စက္တင္ဘာ ၁၃ရက္ ဒီေန႔ ညေန ၄နာရီဝန္းက်င္ေလာက္မွာ ႐ိုက္ကူးေရးလုပ္ေနတဲ့ အလည္တည့္တည့္ကိုေရာက္ေအာင္ ပစ္ခဲ့တာျဖစ္လို႔ ခန႔္မွန္းေျခ ၂ဦးေသဆုံးႏိုင္တယ္လို႔ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ တပ္ခြဲ MRDA-Monywaအဖြဲ႕ရဲ႕ ဗိုလ္ Black က ေျပာပါတယ္။

” ညေန ၄ နာရီေလာက္မွာ MRTV MWD ႐ိုက္ကူးေရးသမားေတြနဲ႔ဝင္လာတာ၊ကင္မရာႀကီးေတြတေထာင္ေထာင္ျပင္ဆင္ၿပီး႐ိုက္ေနၾကတဲ့အခ်ိန္ ဗုံး ၁ လုံးကိုအလည္ေခါင္တည့္တည့္ေရာက္ေအာင္ပစ္ခတ္ခဲ့တာ၊၄ နာရီ ၁၅ မိနစ္ေလာက္မွာပစ္ခတ္ႏိုင္ခဲ့တာ၊သူတို႔စစ္ေခြးကားေတြေရာက္လာတယ္၊ကင္းပုန္းေတြလည္းပါတယ္” လို႔ ေျပာပါတယ္။

ေန႔လယ္ ၁၂နာရီဝန္းက်င္ေလာက္မွာကတည္းက ေစာင့္ၾကည့္ေနခဲ့တာျဖစ္ၿပီး ခ႐ိုနီေတြနဲ႔ စစ္ဗိုလ္ေတြ ခ်ိန္းၿပီး ‌ေဂါက္႐ိုက္ၾကတာျဖစ္ႏိုင္သလို ၿပိဳင္ပြဲရွိတယ္လို႔ သတင္းေတြလည္း ရထားတဲ့ အေၾကာင္း ဗိုလ္ Black က ေျပာပါတယ္။

” အနည္းဆုံးေခြးႀကီးမပါဘူးဆိုရင္ ေခြးႀကီး ၅ ေကာင္ပါတယ္၊ ခ႐ိုနီဘက္ကလည္း ေလးငါးေယာက္ပါတယ္အုပ္စုလိုက္ႀကီးေပါ့၊ က်ေနာ္တို႔ဘက္ကခန႔္မွန္းတာေတာ့ ၂ ေကာင္ကေတာ့ ေသမယ္၊ထိခိုက္ဒဏ္ရာရရွိသူလည္းရွိလိမ့္မယ္၊ ေဂါက္႐ိုက္ေနတာ ၃ ပြင့္ဗိုလ္ေတြ ၁ ေခြဗိုလ္ေတြပါတယ္” လို႔ ေျပာပါတယ္။

ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ (MRDA-Monywa ) တပ္ရင္း ၆ တပ္ခြဲ ၁ Black ၊ Monywa Fight Group ၊ Monywa Ninja Team နဲ႔ Nation People Defence Force အဖြဲ႕ေတြ ပူးေပါင္းၿပီး လက္ပစ္ဗုံးနဲ႔ ပစ္ေဖာက္တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ေျမလတ္အသံ

ခရိုနီနဲ့ ဗိုလ်ကြီးတွေ ဂေါက်ရိုက်နေတာကို MRTV နဲ့ MWDက ရိုက်ကူး‌နေချိန် ဗုံးပစ်ခံရ

မုံရွာ ၊ စက်တင်ဘာ ၁၃ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း မုံရွာမြို့ ပေါက်ကွင်းမှာ ခရိုနီနဲ့ ဗိုလ်ကြီးတွေ ဂေါက်ရိုက်နေတာကို MRTV နဲ့ MWD က ရိုက်ကူးရေး လုပ်နေတဲ့ အချိန် လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် တပ်ခွဲ MRDA-Monywa အဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၃ရက် ဒီနေ့ ညနေ ၄နာရီဝန်းကျင်လောက်မှာ ရိုက်ကူးရေးလုပ်နေတဲ့ အလည်တည့်တည့်ကိုရောက်အောင် ပစ်ခဲ့တာဖြစ်လို့ ခန့်မှန်းခြေ ၂ဦးသေဆုံးနိုင်တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် တပ်ခွဲ MRDA-Monywaအဖွဲ့ရဲ့ ဗိုလ် Black က ပြောပါတယ်။

” ညနေ ၄ နာရီလောက်မှာ MRTV MWD ရိုက်ကူးရေးသမားတွေနဲ့ဝင်လာတာ၊ကင်မရာကြီးတွေတထောင်ထောင်ပြင်ဆင်ပြီးရိုက်နေကြတဲ့အချိန် ဗုံး ၁ လုံးကိုအလည်ခေါင်တည့်တည့်ရောက်အောင်ပစ်ခတ်ခဲ့တာ၊၄ နာရီ ၁၅ မိနစ်လောက်မှာပစ်ခတ်နိုင်ခဲ့တာ၊သူတို့စစ်ခွေးကားတွေရောက်လာတယ်၊ကင်းပုန်းတွေလည်းပါတယ်” လို့ ပြောပါတယ်။

နေ့လယ် ၁၂နာရီဝန်းကျင်လောက်မှာကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ခရိုနီတွေနဲ့ စစ်ဗိုလ်တွေ ချိန်းပြီး ‌ဂေါက်ရိုက်ကြတာဖြစ်နိုင်သလို ပြိုင်ပွဲရှိတယ်လို့ သတင်းတွေလည်း ရထားတဲ့ အကြောင်း ဗိုလ် Black က ပြောပါတယ်။

” အနည်းဆုံးခွေးကြီးမပါဘူးဆိုရင် ခွေးကြီး ၅ ကောင်ပါတယ်၊ ခရိုနီဘက်ကလည်း လေးငါးယောက်ပါတယ်အုပ်စုလိုက်ကြီးပေါ့၊ ကျနော်တို့ဘက်ကခန့်မှန်းတာတော့ ၂ ကောင်ကတော့ သေမယ်၊ထိခိုက်ဒဏ်ရာရရှိသူလည်းရှိလိမ့်မယ်၊ ဂေါက်ရိုက်နေတာ ၃ ပွင့်ဗိုလ်တွေ ၁ ခွေဗိုလ်တွေပါတယ်” လို့ ပြောပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA-Monywa ) တပ်ရင်း ၆ တပ်ခွဲ ၁ Black ၊ Monywa Fight Group ၊ Monywa Ninja Team နဲ့ Nation People Defence Force အဖွဲ့တွေ ပူးပေါင်းပြီး လက်ပစ်ဗုံးနဲ့ ပစ်ဖောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြေလတ်အသံ