Local News

ပခုကၠဴေထာင္ပိုင္ႏွင့္ ေထာင္တာဝန္ရွိသူအခ်ိဳ႕ ဖမ္းဆီးထိန္းသိမ္းခံရ

ပခုကၠဴေထာင္ပိုင္ႏွင့္ ေထာင္တာဝန္ရွိသူအခ်ိဳ႕ ဖမ္းဆီးထိန္းသိမ္းခံရ

ပခုကၠဴအက်ဥ္းေထာင္ကေန ႏိုင္ငံေရးနဲ႔ မတရား ဖမ္းဆီးခံထားရသူ ၅ ဦး ထြက္ေျပးလြတ္ေျမာက္သြားတဲ့အေပၚ ေထာင္ပိုင္နဲ႔ ေထာင္တာဝန္ရွိသူတခ်ိဳ႕ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတယ္လို႔ သိရပါတယ္။

ပခုကၠဴအက်ဥ္းေထာင္မွာ စစ္ေကာင္စီရဲ႕ မတရား ဖမ္းဆီးခံထားရသူေတြထဲက ႏိုင္ငံေရးအက်ဥ္းသား ၅ ေယာက္ စက္တင္ဘာ ၉ ရက္ေန႔က ထြက္ေျပးလြတ္ေျမာက္လာခဲ့ၿပီး လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိသြားၿပီလို႔ PDF တပ္ဖြဲ႕၀င္တေယာက္က ေျပာပါတယ္။

အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေထာင္ပိုင္နဲ႔အတူ ေထာင္က တာဝန္ရွိသူတခ်ိဳ႕ ဖမ္းဆီးထိန္းသိမ္းခံရတယ္လို႔ ေဒသခံ ႏိုင္ငံေရး တက္ႂကြသူတဦးက ေျပာပါတယ္။

“သူတို႔က ေထာင္ကို အုတ္႐ိုးေက်ာ္ ထြက္လာတာ၊ ၂ ေယာက္က သင္တန္းဆင္းၿပီးသား (PDF) တပ္ဖြဲ႕၀င္ေတြျဖစ္ၿပီး က်န္တဲ့ ၃ ေယာက္က စစ္ေကာင္စီကို ေတာ္လွန္ေနတဲ့ ႏိုင္ငံေရး တက္ႂကြသူေတြ။ သူတို႔လြတ္သြားၿပီး စစ္ေကာင္စီတပ္က ေထာင္က တာဝန္ရွိသူ ၄၊ ၅ ေယာက္ရယ္၊ တျခားသူေတြကို ကား ၄ စီးနဲ႔ ေခၚသြားတယ္။

ၿမိဳ႕ထဲဘက္ကို ေနာက္ေတာ့ ထပ္ၾကားရတာက စစ္တပ္ထဲကို ေခၚသြားတယ္လို႔ ထပ္ၾကားရတယ္။ အနည္းဆုံး ကားတစီးကို လူ ၂၅ ေယာက္ေလာက္ပဲ ထားအုံး၊ လူ ၁၀၀ ေလာက္ကို ဖမ္းေခၚသြားတဲ့ပုံပဲ။ အဲဒါကေတာ့ ခန႔္မွန္းတာေပါ့။

အဲဒီလူေတြကို သံေျခခ်င္းေတြလည္း ခတ္ၿပီးမွ ေခၚသြားၾကတာ။ အခု ထပ္ၾကားရတာကေတာ့ ေမွ်ာ္စဥ္တာဝန္က် တပ္သားရဲမင္းဦး၊ CCTV တာဝန္က်တဦး (အမည္နဲ႔ရာထူး မသိ)၊ အေဆာင္မႉး ထိန္ဝင္း၊ ေထာင္မႈး ေအာင္ႏိုင္နဲ႔ ေထာင္ပိုင္ သၾကၤန္ဦးတို႔ကို လတ္တေလာ ပခုကၠဴေထာင္ထဲမွာပဲ စစ္ေဆးေမးျမန္းေနတယ္။”

သူတို႔ ၅ ေယာက္ဟာ အခ်ဳပ္သားအိပ္ေဆာင္ ဘာယာတန္းေျခကို ျဖတ္ေတာက္ ေဖာက္ထြက္ၿပီး ပုဆိုးကြင္းနဲ႔ ၿခဳံေစာင္ေတြအသုံးျပဳကာ ေထာင္အုတ္႐ိုးေက်ာ္ၿပီး ထြက္ေျပးလြတ္ေျမာက္သြားတာလို႔ ဆိုပါတယ္။

လြတ္ေျမာက္လာသူ ၅ ေယာက္ကေတာ့ ျပစ္ဒဏ္ ၃ ႏွစ္ က်ခံေနတဲ့ ေစာထြန္းလင္း၊ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈရင္ဆိုင္ေနရတဲ့ ေက်ာ္ရဲလြင္၊ ေကာင္းၫြန႔္လူ၊ မ်ိဳးလင္းေအာင္နဲ႔ ေဝၿဖိဳးသူတို႔ ျဖစ္တယ္လို႔ အက်ဥ္းဦးစီး အသိုင္းအဝိုင္းက ေျပာပါတယ္။source-DVB

ပခုက္ကူထောင်ပိုင်နှင့် ထောင်တာဝန်ရှိသူအချို့ ဖမ်းဆီးထိန်းသိမ်းခံရ

ပခုက္ကူအကျဉ်းထောင်ကနေ နိုင်ငံရေးနဲ့ မတရား ဖမ်းဆီးခံထားရသူ ၅ ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့အပေါ် ထောင်ပိုင်နဲ့ ထောင်တာဝန်ရှိသူတချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

ပခုက္ကူအကျဉ်းထောင်မှာ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခံထားရသူတွေထဲက နိုင်ငံရေးအကျဉ်းသား ၅ ယောက် စက်တင်ဘာ ၉ ရက်နေ့က ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိသွားပြီလို့ PDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ထောင်ပိုင်နဲ့အတူ ထောင်က တာဝန်ရှိသူတချို့ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ ဒေသခံ နိုင်ငံရေး တက်ကြွသူတဦးက ပြောပါတယ်။

“သူတို့က ထောင်ကို အုတ်ရိုးကျော် ထွက်လာတာ၊ ၂ ယောက်က သင်တန်းဆင်းပြီးသား (PDF) တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန်တဲ့ ၃ ယောက်က စစ်ကောင်စီကို တော်လှန်နေတဲ့ နိုင်ငံရေး တက်ကြွသူတွေ။ သူတို့လွတ်သွားပြီး စစ်ကောင်စီတပ်က ထောင်က တာဝန်ရှိသူ ၄၊ ၅ ယောက်ရယ်၊ တခြားသူတွေကို ကား ၄ စီးနဲ့ ခေါ်သွားတယ်။

မြို့ထဲဘက်ကို နောက်တော့ ထပ်ကြားရတာက စစ်တပ်ထဲကို ခေါ်သွားတယ်လို့ ထပ်ကြားရတယ်။ အနည်းဆုံး ကားတစီးကို လူ ၂၅ ယောက်လောက်ပဲ ထားအုံး၊ လူ ၁၀၀ လောက်ကို ဖမ်းခေါ်သွားတဲ့ပုံပဲ။ အဲဒါကတော့ ခန့်မှန်းတာပေါ့။

အဲဒီလူတွေကို သံခြေချင်းတွေလည်း ခတ်ပြီးမှ ခေါ်သွားကြတာ။ အခု ထပ်ကြားရတာကတော့ မျှော်စဉ်တာဝန်ကျ တပ်သားရဲမင်းဦး၊ CCTV တာဝန်ကျတဦး (အမည်နဲ့ရာထူး မသိ)၊ အဆောင်မှူး ထိန်ဝင်း၊ ထောင်မှုး အောင်နိုင်နဲ့ ထောင်ပိုင် သင်္ကြန်ဦးတို့ကို လတ်တလော ပခုက္ကူထောင်ထဲမှာပဲ စစ်ဆေးမေးမြန်းနေတယ်။”

သူတို့ ၅ ယောက်ဟာ အချုပ်သားအိပ်ဆောင် ဘာယာတန်းခြေကို ဖြတ်တောက် ဖောက်ထွက်ပြီး ပုဆိုးကွင်းနဲ့ ခြုံစောင်တွေအသုံးပြုကာ ထောင်အုတ်ရိုးကျော်ပြီး ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။

လွတ်မြောက်လာသူ ၅ ယောက်ကတော့ ပြစ်ဒဏ် ၃ နှစ် ကျခံနေတဲ့ စောထွန်းလင်း၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုရင်ဆိုင်နေရတဲ့ ကျော်ရဲလွင်၊ ကောင်းညွန့်လူ၊ မျိုးလင်းအောင်နဲ့ ဝေဖြိုးသူတို့ ဖြစ်တယ်လို့ အကျဉ်းဦးစီး အသိုင်းအဝိုင်းက ပြောပါတယ်။source-DVB