မုံရြာမွာ ေဈးဝယ္ထြက္တဲ့ စကစ ႏွစ္ေယာက္ကို ရွင္းလင္း
မုံရြာမွာ ေဈးဝယ္ထြက္တဲ့ စကစ ႏွစ္ေယာက္ကို ရွင္းလင္း၊ အရွည္ႏွစ္လက္ ရရွိ
စစ္ကိုင္းတိုင္း မုံရြာၿမိဳ႕နယ္ ေညာင္ျဖဴပင္ရဲကင္းစခန္းကေန ေဈးဝယ္ထြက္လာတဲ့ စကစ ရဲႏွစ္ေယာက္ကို ဒြမ္ခဲ့ၿပီး အရွည္ႏွစ္လက္ သိမ္းဆည္း ရရွိခဲ့တယ္လို႔ မုံရြာခရိုင္ တပ္ရင္း(၇)- Lightning People Defence Force က သတင္း ထုတ္ျပန္ပါတယ္
စက္တင္ဘာ(၁၂)ရက္ မနက္(၇)နာရီခြဲက စကစ ရဲႏွစ္ေယာက္ကို မုံရြာခရိုင္တပ္ရင္း(၇)- Lightning People Defence Force က တပ္ခြဲ(၂)၊ တပ္ခြဲ(၃)ႏွင့္ တပ္ခြဲ(၅)တို႔ ပူးေပါင္းၿပီး ဒြမ္ခဲ့တာျဖစ္ၿပီး အခ်ိန္ စကၠန႔္(၂၀)ေက်ာ္သာ ၾကာျမင့္ခဲ့တယ္လို႔ ဆိုပါတယ္
“မုံရြာၿမိဳ႕နယ္၊ ေညာင္ျဖဴပင္ေက်းရြာ ရဲကင္းစခန္းမွ စစ္ေကာင္စီ လက္ေအာက္ခံ ရခႏွစ္ေကာင္ ေဈးဝယ္ ထြက္လာခ်ိန္ ဝင္က်ဳံးခဲ့ပါသည္
တိုက္ပြဲၾကာခ်ိန္သည္ စကၠန႔္(၂၀)မၽွသာ ၾကာျမင့္ၿပီး ရခ ႏွစ္ေကာင္၊ (G-3) တစ္လက္၊ အူဇီ တစ္လက္ ရရွိကာ ကၽြႏု္ပ္တို႔ တပ္ခြဲမ်ားမွ အထိအခိုက္ မရွိဘဲ ျပန္လည္ ဆုတ္ခြာနိုင္ခဲ့ပါသည္” လို႔ မုံရြာခရိုင္တပ္ရင္း (၇) _ Lightning People Defence Force က ေဖာ္ျပပါတယ္
ေညာင္ျဖဴပင္ ရဲကင္းစခန္းက ရဲတပ္ၾကပ္ႀကီး သန္းလွိုင္နဲ႔ ရဲတပ္သား ကယား ဆိုသူတို႔ ဒြမ္ခံရတာလို႔ စစ္ေလာ္ဘီေတြက ဆိုပါတယ္
စကစရဲႏွစ္ေယာက္ ရွင္းခံရၿပီးေနာက္ စစ္အုပ္စုက မုံရြာ – အျမင့္လမ္း အပါအဝင္ အနီးအနားက ရြာေတြထဲ ဝင္ေမႊ ေသာင္းက်န္းေနတယ္လို႔ ဆိုပါတယ္ Source- MFP
မုံရွာမှာ ဈေးဝယ်ထွက်တဲ့ စကစ နှစ်ယောက်ကို ရှင်းလင်း
မုံရွာမှာ ဈေးဝယ်ထွက်တဲ့ စကစ နှစ်ယောက်ကို ရှင်းလင်း၊ အရှည်နှစ်လက် ရရှိ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရဲကင်းစခန်းကနေ ဈေးဝယ်ထွက်လာတဲ့ စကစ ရဲနှစ်ယောက်ကို ဒွမ်ခဲ့ပြီး အရှည်နှစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း(၇)- Lightning People Defence Force က သတင်း ထုတ်ပြန်ပါတယ်
စက်တင်ဘာ(၁၂)ရက် မနက်(၇)နာရီခွဲက စကစ ရဲနှစ်ယောက်ကို မုံရွာခရိုင်တပ်ရင်း(၇)- Lightning People Defence Force က တပ်ခွဲ(၂)၊ တပ်ခွဲ(၃)နှင့် တပ်ခွဲ(၅)တို့ ပူးပေါင်းပြီး ဒွမ်ခဲ့တာဖြစ်ပြီး အချိန် စက္ကန့်(၂၀)ကျော်သာ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်
“မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာ ရဲကင်းစခန်းမှ စစ်ကောင်စီ လက်အောက်ခံ ရခနှစ်ကောင် ဈေးဝယ် ထွက်လာချိန် ဝင်ကျုံးခဲ့ပါသည်
တိုက်ပွဲကြာချိန်သည် စက္ကန့်(၂၀)မျှသာ ကြာမြင့်ပြီး ရခ နှစ်ကောင်၊ (G-3) တစ်လက်၊ အူဇီ တစ်လက် ရရှိကာ ကျွနု်ပ်တို့ တပ်ခွဲများမှ အထိအခိုက် မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ မုံရွာခရိုင်တပ်ရင်း (၇) _ Lightning People Defence Force က ဖော်ပြပါတယ်
ညောင်ဖြူပင် ရဲကင်းစခန်းက ရဲတပ်ကြပ်ကြီး သန်းလှိုင်နဲ့ ရဲတပ်သား ကယား ဆိုသူတို့ ဒွမ်ခံရတာလို့ စစ်လော်ဘီတွေက ဆိုပါတယ်
စကစရဲနှစ်ယောက် ရှင်းခံရပြီးနောက် စစ်အုပ်စုက မုံရွာ – အမြင့်လမ်း အပါအဝင် အနီးအနားက ရွာတွေထဲ ဝင်မွှေ သောင်းကျန်းနေတယ်လို့ ဆိုပါတယ် Source- MFP