Local News

လူအင္အား၊ လက္နက္အင္အားမမွ်လို႔

ထိေတြ႕တိုက္ပြဲျဖစ္ကာ လူအင္အား၊ လက္နက္အင္အားမမွ်လို႔ PDF ရဲေဘာ္ ၈ ဦးက်ဆုံး

ေကာလင္း၊ စက္တင္ဘာ ၁၄၊ ၂၀၂၂။

စစ္ကိုင္းတိုင္း၊ ေကာလင္းၿမိဳ႕နယ္၊ အင္ပင္သာ႐ြာေတာင္ဘက္ အ႐ိုးေတာင္အနီးမွာ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ထိေတြ႕တိုက္ပြဲျပင္းထန္ခဲ့ၿပီး ၂ ဖက္အထိခိုက္အက်ဆုံးရွိတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

ကိုးေတာင္ဘို႔ဘက္ကေန အင္အား ၁၀၀ ေလာက္နဲ႔ထြက္လာတဲ့စစ္ေၾကာင္းကို စက္တင္ဘာ ၁၂ ရက္ေန႔ ေန႔လည္ ၂ နာရီက နယ္ေျမခံပကဖအဖြဲ႕နဲ႔ PDF အဖြဲ႕ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲက ၃ နာရီေလာက္ၾကာခဲ့ကာ အင္အားမမွ်တဲ့အတြက္ အက်ဆုံးမ်ားခဲ့တယ္လို႔ ဆိုပါတယ္။

“လက္နက္ႀကီးလက္နက္ငယ္အစုံနဲ႔ပစ္တာ၊ တခ်ိဳ႕ဆို ႐ြာထဲေတြေတာင္က်တယ္။ အင္အားကမမွ်ဘူး။ ဘယ္လိုမွကိုမမွ်တာ၊ အဲ့တာေၾကာင့္ ၈ ေယာက္ေပးလိုက္ရတာ၊ အေလာင္းေတြကိုေတာ့ သက္ဆိုင္ရာ႐ြာေတြကို သယ္သြားၾကတယ္။ အကုန္လုံးစ်ာပနလုပ္ၿပီးပါၿပီ၊ ေကာင္းမြန္စြာသၿဂိဳလ္ၿပီးၿပီ”လို႔ ေဒသခံတဦးက ေျပာပါတယ္။

ထိေတြ႕တိုက္ပြဲမွာ KLPDF တပ္ရင္း ၁ မ်ိဳးႀကီးတပ္စိပ္က ရဲေဘာ္ ၃ ေယာက္နဲ႔ ပကဖအဖြဲ႕က စိုးေပ၊ R7၊ ပုဇင္းထိုး၊ Auto၊ 9 one ရဲေဘာ္ ၅ ေယာက္က်ဆုံးၿပီး စုစုေပါင္း PDF ရဲေဘာ္ ၈ ဦးက်ဆုံးကာ ၂ ေယာက္ဒဏ္ရာရခဲ့တယ္လို႔ ဆိုပါတယ္။

စက္တင္ဘာ ၁‌၃ ရက္ေန႔ မေန႔ကေန႔လည္ပိုင္းမွာ လာလမ္းအတိုင္း စစ္ေၾကာင္းျပန္ထြက္သြားၿပီး ႐ြာသား ၂ ဦးကိုလည္း ဓားစာခံဖမ္းေခၚသြားကာ ထြက္ခြာခ်ိန္ အထမ္းေတြနဲ႔လူေတြထမ္းသြားတာေတြရွိၿပီး ေသဆုံးအေလာင္းေတြလား ဒဏ္ရာရစစ္သားေတြလားဆိုတာကိုေတာ့ စုံစမ္းဆဲျဖစ္တယ္လို႔ သိရပါတယ္။

ထိတွေ့တိုက်ပွဲဖြစ်ကာ လူအင်အား၊ လက်နက်အင်အားမမျှလို့ PDF ရဲဘော် ၈ ဦးကျဆုံး

ကောလင်း၊ စက်တင်ဘာ ၁၄၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အင်ပင်သာရွာတောင်ဘက် အရိုးတောင်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ၂ ဖက်အထိခိုက်အကျဆုံးရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကိုးတောင်ဘို့ဘက်ကနေ အင်အား ၁၀၀ လောက်နဲ့ထွက်လာတဲ့စစ်ကြောင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နေ့လည် ၂ နာရီက နယ်မြေခံပကဖအဖွဲ့နဲ့ PDF အဖွဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲက ၃ နာရီလောက်ကြာခဲ့ကာ အင်အားမမျှတဲ့အတွက် အကျဆုံးများခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးလက်နက်ငယ်အစုံနဲ့ပစ်တာ၊ တချို့ဆို ရွာထဲတွေတောင်ကျတယ်။ အင်အားကမမျှဘူး။ ဘယ်လိုမှကိုမမျှတာ၊ အဲ့တာကြောင့် ၈ ယောက်ပေးလိုက်ရတာ၊ အလောင်းတွေကိုတော့ သက်ဆိုင်ရာရွာတွေကို သယ်သွားကြတယ်။ အကုန်လုံးဈာပနလုပ်ပြီးပါပြီ၊ ကောင်းမွန်စွာသဂြိုလ်ပြီးပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။

ထိတွေ့တိုက်ပွဲမှာ KLPDF တပ်ရင်း ၁ မျိုးကြီးတပ်စိပ်က ရဲဘော် ၃ ယောက်နဲ့ ပကဖအဖွဲ့က စိုးပေ၊ R7၊ ပုဇင်းထိုး၊ Auto၊ 9 one ရဲဘော် ၅ ယောက်ကျဆုံးပြီး စုစုပေါင်း PDF ရဲဘော် ၈ ဦးကျဆုံးကာ ၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁‌၃ ရက်နေ့ မနေ့ကနေ့လည်ပိုင်းမှာ လာလမ်းအတိုင်း စစ်ကြောင်းပြန်ထွက်သွားပြီး ရွာသား ၂ ဦးကိုလည်း ဓားစာခံဖမ်းခေါ်သွားကာ ထွက်ခွာချိန် အထမ်းတွေနဲ့လူတွေထမ်းသွားတာတွေရှိပြီး သေဆုံးအလောင်းတွေလား ဒဏ်ရာရစစ်သားတွေလားဆိုတာကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။