ဦးသိန္းစိန္၏ ေျခရာကို “အေဖ့ေျခရာ” အျဖစ္ ေဆာင္ ခိုင္းလိုက္တဲ့ ဘုန္းဘုန္း
By ဧရာဝတီ 14 September 2022
ျမန္မာတို႔၏ ေႏြဦးေတာ္လွန္ေရးက စစ္အာဏာရွင္ကိုသာမက ဘာသာေရးဘက္တြင္လည္း တခ်ိန္က နတ္ေနကိုင္း သဖြယ္ ကိုးကြယ္ခံရသည့္ သံဃာတခ်ိဳ႕၏ မ်က္ႏွာဖုံးကိုပါ ခြာခ် ကြာက်ေစသည္ ဟု ဆိုရမည္။
၂၀၂၀ ဇူလိုင္လက ျမစ္ေရႀကီးမႈေၾကာင့္ မႏၲေလး အမရပူရရွိ ေ႐ႊဂဲ ေရဆိုးထုတ္စက္႐ုံအနီးရွိ တာေပါင္က်ိဳးသြားစဥ္ သံဃာတပါး ေရာက္လာၿပီး ျပည္သူ႔အတြက္ ဆိုကာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ အစိုးရ၏ မႏၲေလး ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ရဲလြင္ အား ႀကိမ္းေမာင္း ေျပာဆိုေနသည့္ ဗီဒီယိုဖိုင္တခုကို အမ်ား မွတ္မိၾကဦးမည္ ထင္၏။
ထိုသံဃာ မည္သူမည္ဝါျဖစ္သည္ကို အထူးေျပာရန္ လိုမည္မဟုတ္။ ထိုရဟန္းသည္ ယေန႔အခ်ိန္တြင္ အျပည္ျပည္ဆိုင္ရာ ေထရဝါဒဗုဒၶသာသနာျပဳ တကၠသိုလ္၏ အဓိပတိပင္ျဖစ္ေနသည့္ အရွင္ေဆကိႏၵပင္ျဖစ္ၿပီး၊ ယေန႔ သူသည္ မည္သည့္ ဘက္တြင္ ရပ္တည္ေနသည္ကို အမ်ားအသိပင္ ျဖစ္သည္။
တခါက “ငါ့ ျပည္သူေတြ အတြက္” ဟု ႀကိမ္းေမာင္းဖူးေသာ အရွင္ေဆကိႏၵသည္ စစ္ကိုင္းႏွင့္ မေကြးတိုင္းတြင္ စစ္ ေကာင္စီ၏ ရမ္းကားမႈေၾကာင့္ ျပည္သူတို႔၏ အသက္အိုးအိမ္ စည္းစိမ္ပ်က္သုဥ္းရသည္ကို မ်က္ကြယ္ျပဳေနႏိုင္သူတဦး ဆိုသည္မွာ ျမင္သာလွ၏။
ကေလးငယ္မ်ားအား ယဥ္ေက်းလိမၼာရန္ဆိုကာ သြန္သင္ ဆုံးမေနသည့္ ရဟန္းက ရက္စက္ၾကမ္းၾကဳတ္သူတို႔၏ အျပဳအမူ ကို တလုံးတပါဒ ေဝဖန္ေျပာဆိုမႈ မရွိ ႏႈတ္ဆိတ္ေနသည္မွာ ေမးခြန္းထုတ္စရာပင္ ျဖစ္ေနသည္။
သို႔ေသာ္ ဤသည္ကလည္း မဆန္းေပ၊ အဘယ္ေၾကာင့္ဆိုေသာ္ အဆိုပါ အရွင္ေဆကိႏၵသည္ စစ္တပ္အသိုင္းအဝိုင္း လြန္စြာ နီးစပ္သူျဖစ္ၿပီး၊ တခ်ိန္က သမၼတဦးသိန္းစိန္၏ ေျခရာကိုပင္ “အေဖ့ ေျခရာ” ဟု သတ္မွတ္ကာ စစ္တပ္ အရာရွိ မ်ားကို ေဆာင္ခိုင္းခဲ့သူ ျဖစ္သည္။
ထိုသို႔ စစ္တပ္အရာရွိမ်ားအား အေဖေျခရာဆိုကာ ေဆာင္ထားခိုင္းသည့္ အခ်ိန္က ၂၀၁၅ ခုႏွစ္ဇူလိုင္လ ၂၈ ရက္ စစ္ကိုင္း ၿမိဳ႕ တည္ခဲ့သည့္ အသခၤယာ ေစာယြန္းမင္း၏ ႐ုပ္တု ဖြင့္ပြဲတြင္ ျဖစ္သည္။
“အသခၤယာ ေစာယြန္း႐ုပ္တု ဖြင့္ပြဲမွာ အရွင္ေဆကိႏၵက ေနာက္လိုက္ ဗိုလ္ခ်ဳပ္ေတြကို ဒကာႀကီးတို႔ အေဖ့ေျခရာ ေဆာင္ ထားၾကတဲ့ ဒီလိုေျပာေတာ့တခ်ိဳ႕ ဗိုလ္ခ်ဳပ္၊ ဗိုလ္မႉးေတြက အေဖ့ေျခရာ ေဆာင္ထားဖို႔က အေဖလည္း မရွိေတာ့ဘူးလို႔ ေျပာ ေတာ့၊ ဒါကို ေျပာတာ မဟုတ္ဘူး၊ တပ္မွာ အႀကီးအကဲလုပ္ခဲ့တဲ့ သမၼတႀကီး ဦးသိန္းစိန္က ခင္ဗ်ားတို႔ အေဖ မဟုတ္ဘူး လား။ ဟုတ္ပါတယ္ ဘုရား ေျပာၾကေတာ့ ခင္ဗ်ားတို႔ သူ႔ ေျခရာကို တိုင္းၿပီး ယူထားၾကလို႔ မိန႔္တယ္” ဟု အဆိုပါ ႐ုပ္တု ဖြင့္ပြဲကို တက္ေရာက္ခြင့္ရသည့္ ဆရာေတာ္ တပါးက ျပန္ေျပာျပသည္။
ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးမ်ားၾကားတြင္ မိခင္ေမတၱာအား တန္ဖိုးထား ေလးစားသည့္အေနျဖင့္ အေမ့ေျခရာကိုသာ ေဆာင္ထားၾကသည့္ ဓေလ့တခု ရွိေသာ္လည္း အေဖ့ေျခရာ ေဆာင္ထားသည့္ ဓေလ့ မရွိခဲ့ေပ။ ထို႔ေၾကာင့္လည္း အရွင္ ေဆကိႏၵ က အာဏာရ သမၼတတဦး၏ ေျခရာကို ေဆာင္ထားရန္ ေျပာဆိုမႈသည္ ၾကားရသည့္ ရဟန္း သံဃာမ်ားႏွင့္ စစ္ဗိုလ္ခ်ဳပ္မ်ားၾကား အံ့ၾသစရာ ျဖစ္ခဲ့ရသည္။
ျမန္မာလူထုၾကား ထင္ရွားေသာ ဘုန္းႀကီးတပါး အေနျဖင့္ အၿငိမ္းစား စစ္ဗိုလ္ခ်ဳပ္ သမၼတ တဦး၏ ေျခရာကို ေဆာင္ထား ရန္ ေျပာဆိုရသည္မွာလည္း အေၾကာင္း ရွိသည္။ ဆရာေတာ္ အရွင္ေဆကိႏၵသည္ သမၼတ ဦးသိန္းစိန္ႏွင့္ အလြန္ရင္းႏွီး သူျဖစ္သည္။ ဦးသိန္းစိန္၏ ေျမးျဖစ္သူသည္ ဘုန္းႀကီး အရွင္ေဆကိႏၵ ေႏြရာသီ၌ ဖြင့္လွစ္သည့္ ယဥ္ေက်းလိမၼာေက်ာင္း တြင္ တက္ေရာက္ခဲ့သည္။
ထို႔ျပင္ သမၼတ ဦးသိန္းစိန္သည္ မဘသ (အမ်ိဳးဘာသာ သာသနာေစာင့္ေရွာက္ေရး အသင္းႀကီး) တည္ေထာင္ရန္ ဘုန္းႀကီး အရွင္ေဆကိႏၵ (ဓမၼဒူတ) ဆရာေတာ္ တပါးတည္းအား ေနျပည္ေတာ္သို႔ ပင့္ေဆာင္ကာ တံခါးပိတ္ ေဆြးေႏြးခဲ့ရာ မဘသ အစ အရွင္ေဆကိႏၵက ဟုပင္ ဆိုရမည္။
မဘသဖြဲ႕စည္းရန္ သမၼတ ဦးသိန္းစိန္ႏွင့္ ဆရာေတာ္ အရွင္ေဆကိႏၵတို႔ တံခါးပိတ္ ေဆြးေႏြးၿပီးေနာက္ ဆရာေတာ္ အရွင္ ေဆကိႏၵမွ ေ႐ႊဝါေရာင္ေတာ္လွန္ေရးတြင္ ပါဝင္ခဲ့ေသာ ဘုန္ႀကီးမ်ားႏွင့္ စာေပက်မ္းဂန္တတ္ ဆရာေတာ္အခ်ိဳ႕အား သူ သီတင္းသုံးသည့္ ေမွာ္ဘီၿမိဳ႕ ဝါးနက္ေခ်ာင္းေက်း႐ြာအနီးရွိ ဘုန္းႀကီးေက်ာင္းသို႔ ပင့္ဖိတ္ခဲ့သည္။
ထို႔ေနာက္ ဆရာေတာ္ အရွင္ေဆကိႏၵမွ သူႏွင့္ သမၼတ ဦးသိန္းစိန္တို႔သည္ မဘသ အသင္းႀကီး ထူေထာင္ရန္ တံခါးပိတ္ ေဆြးေႏြးခဲ့ေၾကာင္းႏွင့္ အဆိုပါ အသင္းႀကီးတြင္ ပါဝင္ေသာ ဘုန္းႀကီးေက်ာင္းမ်ားအတြက္ လိုအပ္သည္မ်ားကို ကူညီမည္ ဟု သမၼတႀကီးက ေျပာဆိုခဲ့ေၾကာင္း ျပန္ေျပာခဲ့သည္။
မဘသ ထူေထာင္ရန္ သမၼတ ဦးသိန္းစိန္က က်ပ္ေငြသိန္းေပါင္း ၆ ေသာင္း သုံးစြဲမည္ ျဖစ္ေၾကာင္းႏွင့္ ေက်ာင္းေဆာင္သစ္ ေဆာက္လိုသူမ်ား ေက်ာင္းေဟာင္း ျပဳျပင္ခ်င္သူမ်ားအတြက္ အဆိုပါ ေငြေၾကးမွ သုံးစြဲမည္ျဖစ္သည္ ဟု ေျပာဆိုခဲ့ေၾကာင္း အဆိုပါ အစည္းအေဝး တက္ခဲ့သည့္ ဆရာေတာ္ တပါးက မိန႔္သည္။
“သူနဲ႔သမၼတ ဦးသိန္းစိန္ ဘာေတြ ေဆြးေႏြးခဲ့လဲဆိုတာ အကုန္ မသိရဘူး။ ေနာက္ မဘသ အဖြဲ႕ႀကီးက ႏိုင္ငံေရး လုပ္မယ့္ အဖြဲ႕ႀကီးလို ျဖစ္ေနတယ္။ ႀကံ့ခိုင္ေရးအတြက္ မဲဆြယ္ေပးရမယ့္ အဖြဲ႕ႀကီးလို ျဖစ္ေနေတာ့ ဘုန္းဘုန္းတို႔က မပါေတာ့ဘူး” ဟု ယင္းအစည္းအေဝးကို တက္ခဲ့သည့္ ေ႐ႊဝါေရာင္ကြန္ရက္မွ ဆရာေတာ္ တပါးက မိန႔္သည္။
အရွင္ေဆကိႏၵ အေနျဖင့္ ေ႐ႊဝါေရာင္ သံဃကြန္ရက္မွ သံဃာ အမ်ားစုအား စည္း႐ုံး၍ မရသည့္အခါ တႏိုင္ငံလုံးမွ သံဃာ မ်ားအား ေမွာ္ဘီၿမိဳ႕နယ္ ဝါးနက္ေခ်ာင္းေက်း႐ြာရွိ သူ၏ ဘုန္းႀကီးေက်ာင္းတြင္ အစည္းအေဝး က်င္းပခဲ့သည္။
အဆိုပါ အစည္းအေဝးတြင္ အမ်ိဳးဘာသာ သာသနာ ေစာင့္ေရွာက္ေရး အသင္းႀကီး ရွိသင့္သည္ ဆိုသည့္ စာတမ္းအား ဖတ္ၾကားခဲ့ၿပီး သမၼတ ဦးသိန္းစိန္ ျဖစ္ေစခ်င္ေသာ မဘသ အသင္းႀကီး ျဖစ္လာေစရန္ ဘုန္ႀကီး အရွင္ေဆကိႏၵမွ အေကာင္အထည္ေဖာ္ ေပးခဲ့သည္။
ျမန္မာႏိုင္ငံတြင္ သာမက ကမာၻမွာပါ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားခဲ့ေသာ မဘသ အသင္းႀကီး၏ အဓိက ေခါင္းကိုင္ဆရာ ေတာ္မွာ အရွင္ ေဆကိႏၵ ျဖစ္ေသာ္လည္း သူသည္ ေရွ႕မထြက္ဘဲ ေနာက္ကြယ္ကသာ ေနခဲ့ျခင္း ျဖစ္သည္။
ဘုန္းႀကီး အရွင္ေဆကိႏၵသည္ သမၼတ ဦးသိန္းစိန္ႏွင့္ သာမက တျခားေသာ စစ္ဗိုလ္ခ်ဳပ္မ်ားႏွင့္ပါ ရင္းႏွီးသူ ျဖစ္သည္။ ေမွာ္ဘီၿမိဳ႕ ဝါးနက္ေခ်ာင္း ေက်း႐ြာအနီးရွိ သူ၏ ဘုန္းႀကီးေက်ာင္းအား စကခ ၄ မွ စစ္သားမ်ားသည္ စေန၊ တနဂၤေႏြေန႔ မ်ားတြင္ ေက်ာင္းသန႔္ရွင္းေရး သြားေရာက္ လုပ္ကိုင္ေပးရသည္။
အထက္ ဗိုလ္ခ်ဳပ္မ်ား၏ အမိန႔္အရ စစ္သားမ်ားအေနျဖင့္ ေက်ာင္းသန႔္ရွင္းေရး သြားေရာက္ လုပ္ကိုင္ရေသာ္လည္း စစ္သား အမ်ားစုကမူ ထိုကဲ့သို႔ လုပ္ေပးရသည္ကို မႀကိဳက္ေၾကာင္း CDM ဗိုလ္ႀကီး ထက္ျမတ္ႏွင့္ ျမဝတီမင္းႀကီး ေက်ာင္းတိုက္ ဆရာေတာ္တို႔ ေဆြးေႏြးသည္ ႐ုပ္သံ ဗီဒီယိုတြင္ ေျပာဆိုထားသည္။
ထို႔ျပင္ စစ္တပ္မွ အႀကီးအကဲမ်ားသည္ အရွင္ေဆကိႏၵေက်ာင္းတြင္ ဒုလႅဘ ရဟန္းခံေလ့ရွိၿပီး မၾကာခဏ အလႉအတန္း မ်ား လာေရာက္ လႉဒါန္းေလ့လည္း ရွိသည္။
ထိုအခါမ်ားတြင္ စီးပြားေရးလုပ္ငန္းရွင္မ်ားအား စစ္ဗိုလ္ခ်ဳပ္မ်ား ဆုံႏိုင္ရန္ အရွင္ေဆကိႏၵမွ ေဆာင္႐ြက္ေပးေလ့ရွိရာ သူ၏ ေက်ာင္းသည္ အာဏာရွိသူ စစ္ဗိုလ္ခ်ဳပ္မ်ားႏွင့္ ဆုံေတြ႕ခ်င္သည့္ စီးပြားေရးသမားမ်ားအတြက္ အခ်က္အခ်ာ မီတင္ ပြိဳင့္ တခုဟု ဆိုႏိုင္သည္။
ယင္းသို႔လာေရာက္ေသာ စစ္ဗိုလ္ခ်ဳပ္ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား ေတြ႕ဆုံႏိုင္ရန္ ဘုန္းႀကီး အရွင္ေဆကိႏၵမွ ေဆာင္ ႐ြက္ေပးေလ့ရွိသည့္အတြက္ စစ္ဗိုလ္ခ်ဳပ္မ်ားႏွင့္ ရင္းႏွီးကြၽမ္းဝင္ခ်င္ေသာ လုပ္ငန္းရွင္မ်ားက အရွင္ေဆကိႏၵ ေက်ာင္း အတြက္ ေမာ္ေတာ္ကား ေငြေၾကးအပါအဝင္ ဆြမ္းကြမ္း စသည္မ်ား လႉဒါန္းေပးၾကသည္။
တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕မွ လုပ္ငန္းရွင္တဦးကို လွ်ပ္စစ္ဓာတ္အားေပးလုပ္ငန္း ရရွိရန္ အစိုးရတာဝန္ရွိသူၾကားေတြ႕ဆုံညႇိ ႏႈိင္းေပးရာ ယင္းလုပ္ငန္းရွင္က အျပန္အလွန္အားျဖင့္ ဆရာေတာ္ ျပည္ပခရီးစဥ္ သြားသည့္အခါ ခရီးစရိတ္ ဒါနျပဳေၾကာင္း သိရသည္။
အရွင္ေဆကိႏၵသည္ စစ္ကိုင္း ဇာတိျဖစ္ၿပီး ငယ္ျဖဴဘုန္းႀကီးတပါးေတာ့ မဟုတ္။ မႏၲေလးစက္မႈ လက္မႈသိပၸံမွ ၿမိဳ႕ျပအင္ဂ်င္ နီယာ ဒီပလိုမာဘြဲ႕ရထားသူျဖစ္သည္။
စစ္ကိုင္းၿမိဳ႕ ၊ ေသာတပန္ရပ္ကြက္ရွိ ဧရာဝတီျမစ္နံေဘးတြင္ ဖြင့္လွစ္ထားသည့္ ေတာ္ဝင္နန္း အဆင့္ျမင့္ ဧည့္ရိပ္သာသည္ အရွင္ ေဆကိႏၵ ပိုင္ဆိုင္သလို ေဆြမ်ိဳးေတာ္စပ္သည့္ တူ၊ တူမမ်ားကို ေ႐ႊဆိုင္ႏွင့္ ယင္းဟိုတယ္လုပ္ငန္း ဦးစီးလုပ္ကိုင္ရန္ တာဝန္ေပးထားသည္ ဟု စစ္ကိုင္းသားတခ်ိဳ႕က ေျပာဆိုၾကသည္။
NLD ပါတီႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ မေကာင္းေၾကာင္း မၾကာခဏ ဆိုသလို ေဟာေျပာေလ့ရွိသည့္ အရွင္ေဆကိႏၵသည္ သမၼတႀကီး ဦးထင္ေက်ာ္၏ ဖခင္ ဆရာႀကီး မင္းသုဝဏ္ ေရးစပ္ခဲ့ေသာ “ဆြမ္းအုပ္နီနီ” ကဗ်ာမွ “ေက်ာင္းႀကီးေပၚမွာ ေမာင္ငယ္ေဆာ့ေတာ့ ဘုန္းႀကီး ေအာ္လို႔ ႐ိုက္လိမ့္မယ္” ဆိုေသာ စာသားကို ကိုးကား၍ ဘုန္းႀကီးေတြကို ကေလးလူငယ္ ေတြ မႀကိဳက္ေအာင္ စာဆို မင္းသုဝဏ္က ေရးစပ္ခဲ့သည္ ဟု ႀကံဖန္ကာ ေဝဖန္ေျပာဆိုေၾကာင္း ဂ်ာမနီႏိုင္ငံ၊ ဖရန္ဖြတ္ၿမိဳ႕ တြင္ ေဟာေျပာစဥ္က ကိုယ္တိုင္ တက္ေရာက္ နားေထာင္ခဲ့သည့္ လူငယ္တဦးက ေျပာျပသည္။
ထို႔ျပင္ အရွင္ေဆကိႏၵသည္ သူ႔ေက်ာင္းတြင္ ယဥ္ေက်းလိမၼာသင္တန္း တက္ေရာက္သူမ်ားႏွင့္ ဒုလႅဘရဟန္းမ်ားအား ဒီမိုကေရစီစနစ္သည္ သူတလူ ငါတမင္း စနစ္မ်ိဳးျဖစ္ေၾကာင္း၊ ပါလီမန္ဒီမိုကေရစီစနစ္တြင္ ျမန္မာႏိုင္ငံ၌ ျပည္တြင္း စစ္မီး ေတာက္ခဲ့သျဖင့္ စစ္တပ္က အာဏာသိမ္းခဲ့ရေၾကာင္း မၾကာခဏ ေျပာေလ့ရွိသည္ဟုလည္း သူ၏ ေက်ာင္းတြင္ ေနထိုင္ဖူး သူ အမ်ိဳးသားတဦးက ျပန္ေျပာျပသည္။
စစ္ေခါင္းေဆာင္မ်ားႏွင့္ ရင္းႏွီးေသာ အရွင္ေဆကိႏၵသည္ NLD အစိုးရ လက္ထက္တြင္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ NLD ေခါင္းေဆာင္မ်ားႏွင့္ ဆက္ဆံေရး မေကာင္းခဲ့ေပ။ မႏၲေလးၿမိဳ႕ ေရႀကီးသည့္ ျဖစ္စဥ္အနီးကပ္ ကြပ္ကဲေနေသာ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ရဲလြင္အား “ငါျပည္သူေတြအတြက္ စိုးရိမ္လို႔ လာတာ” ဟု ေဒါသတႀကီး မာမာထန္ထန္ ေျပာဆိုမႈ ေၾကာင့္ ေဝဖန္စရာ ျဖစ္ခဲ့သည္။
သို႔ေသာ္ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ ဘုန္းႀကီး အရွင္ ေဆကိႏၵ ေမြးဖြားရာ ဇာတိေျမျဖစ္ေသာ စစ္ကိုင္းတိုင္းအတြင္း စစ္ေကာင္စီတပ္က ေက်း႐ြာမ်ားအား မီးရႈိ႕ ျခင္း၊ လူသတ္ျခင္းမ်ား ျပဳလုပ္ေနၾကသည္။ အဆိုပါ ကိစၥႏွင့္ပတ္သက္၍မူ ေရငုံႏႈတ္ပိတ္ ခပ္မဆိတ္ေနခဲ့သည္။
အာဏာသိမ္းၿပီး ေနာက္ပိုင္း တရားပြဲမ်ား မက်င္းပေတာ့သလို၊ ရပ္တည္ခ်က္ ခံယူခ်က္ေၾကာင့္လည္း ေဝဖန္စရာ ျဖစ္ခဲ့၏။
သို႔ေသာ္ အာဏာသိမ္း စစ္ေခါင္းေဆာင္ က်င္းပသည့္ ဘာသာေရးဆိုင္ရာ အခမ္းအနားတြင္ အရွင္ေဆကိႏၵ တက္ေရာက္ ေလ့ ရွိသည္။ မၾကာေသးခင္က စစ္ေခါင္းေဆာင္ သြားေရာက္ခဲ့ေသာ ႐ုရွား ခရီးစဥ္တြင္လည္း အရွင္ ေဆကိႏၵ လိုက္ပါ သြားခဲ့သည္။
အာဏာသိမ္းၿပီး ေနာက္ပိုင္း လူေရွ႕ သိပ္မထြက္ေတာ့သည့္ အရွင္ေဆကိႏၵသည္ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ေနာက္ကြယ္တြင္ ရွိေသာ ဘုန္းႀကီးတပါး ျဖစ္ေနသည္။
ျပည္သူက လႉဒါန္းသည့္ ဆြမ္းကြမ္းကို စားကာ စစ္အာဏာရွင္ဘက္မွ ရပ္တည္၍ မရသကဲ့သို႔ ဓမၼႏွင့္ အဓမၼၾကား လြန္ဆြဲ ပြဲတြင္ အလယ္တြင္ ခြထိုင္ကာ အလိုက္သင့္ ေန၍လည္း ရမည္ မဟုတ္၊ တဖက္ဖက္ကေတာ့ ရပ္တည္ရစၿမဲ ျဖစ္သည္။
ဧရာဝတီ
ဦးသိန်းစိန်၏ ခြေရာကို “အဖေ့ခြေရာ” အဖြစ် ဆောင်ခိုင်းလိုက်တဲ့ ဘုန်းဘုန်း
By ဧရာဝတီ 14 September 2022
မြန်မာတို့၏ နွေဦးတော်လှန်ရေးက စစ်အာဏာရှင်ကိုသာမက ဘာသာရေးဘက်တွင်လည်း တချိန်က နတ်နေကိုင်း သဖွယ် ကိုးကွယ်ခံရသည့် သံဃာတချို့၏ မျက်နှာဖုံးကိုပါ ခွာချ ကွာကျစေသည် ဟု ဆိုရမည်။
၂၀၂၀ ဇူလိုင်လက မြစ်ရေကြီးမှုကြောင့် မန္တလေး အမရပူရရှိ ရွှေဂဲ ရေဆိုးထုတ်စက်ရုံအနီးရှိ တာပေါင်ကျိုးသွားစဉ် သံဃာတပါး ရောက်လာပြီး ပြည်သူ့အတွက် ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ၏ မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင် အား ကြိမ်းမောင်း ပြောဆိုနေသည့် ဗီဒီယိုဖိုင်တခုကို အများ မှတ်မိကြဦးမည် ထင်၏။
ထိုသံဃာ မည်သူမည်ဝါဖြစ်သည်ကို အထူးပြောရန် လိုမည်မဟုတ်။ ထိုရဟန်းသည် ယနေ့အချိန်တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ အဓိပတိပင်ဖြစ်နေသည့် အရှင်ဆေကိန္ဒပင်ဖြစ်ပြီး၊ ယနေ့ သူသည် မည်သည့် ဘက်တွင် ရပ်တည်နေသည်ကို အများအသိပင် ဖြစ်သည်။
တခါက “ငါ့ ပြည်သူတွေ အတွက်” ဟု ကြိမ်းမောင်းဖူးသော အရှင်ဆေကိန္ဒသည် စစ်ကိုင်းနှင့် မကွေးတိုင်းတွင် စစ် ကောင်စီ၏ ရမ်းကားမှုကြောင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ပျက်သုဉ်းရသည်ကို မျက်ကွယ်ပြုနေနိုင်သူတဦး ဆိုသည်မှာ မြင်သာလှ၏။
ကလေးငယ်များအား ယဉ်ကျေးလိမ္မာရန်ဆိုကာ သွန်သင် ဆုံးမနေသည့် ရဟန်းက ရက်စက်ကြမ်းကြုတ်သူတို့၏ အပြုအမူ ကို တလုံးတပါဒ ဝေဖန်ပြောဆိုမှု မရှိ နှုတ်ဆိတ်နေသည်မှာ မေးခွန်းထုတ်စရာပင် ဖြစ်နေသည်။
သို့သော် ဤသည်ကလည်း မဆန်းပေ၊ အဘယ်ကြောင့်ဆိုသော် အဆိုပါ အရှင်ဆေကိန္ဒသည် စစ်တပ်အသိုင်းအဝိုင်း လွန်စွာ နီးစပ်သူဖြစ်ပြီး၊ တချိန်က သမ္မတဦးသိန်းစိန်၏ ခြေရာကိုပင် “အဖေ့ ခြေရာ” ဟု သတ်မှတ်ကာ စစ်တပ် အရာရှိ များကို ဆောင်ခိုင်းခဲ့သူ ဖြစ်သည်။
ထိုသို့ စစ်တပ်အရာရှိများအား အဖေခြေရာဆိုကာ ဆောင်ထားခိုင်းသည့် အချိန်က ၂၀၁၅ ခုနှစ်ဇူလိုင်လ ၂၈ ရက် စစ်ကိုင်း မြို့ တည်ခဲ့သည့် အသင်္ခယာ စောယွန်းမင်း၏ ရုပ်တု ဖွင့်ပွဲတွင် ဖြစ်သည်။
“အသင်္ခယာ စောယွန်းရုပ်တု ဖွင့်ပွဲမှာ အရှင်ဆေကိန္ဒက နောက်လိုက် ဗိုလ်ချုပ်တွေကို ဒကာကြီးတို့ အဖေ့ခြေရာ ဆောင် ထားကြတဲ့ ဒီလိုပြောတော့တချို့ ဗိုလ်ချုပ်၊ ဗိုလ်မှူးတွေက အဖေ့ခြေရာ ဆောင်ထားဖို့က အဖေလည်း မရှိတော့ဘူးလို့ ပြော တော့၊ ဒါကို ပြောတာ မဟုတ်ဘူး၊ တပ်မှာ အကြီးအကဲလုပ်ခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်က ခင်ဗျားတို့ အဖေ မဟုတ်ဘူး လား။ ဟုတ်ပါတယ် ဘုရား ပြောကြတော့ ခင်ဗျားတို့ သူ့ ခြေရာကို တိုင်းပြီး ယူထားကြလို့ မိန့်တယ်” ဟု အဆိုပါ ရုပ်တု ဖွင့်ပွဲကို တက်ရောက်ခွင့်ရသည့် ဆရာတော် တပါးက ပြန်ပြောပြသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများကြားတွင် မိခင်မေတ္တာအား တန်ဖိုးထား လေးစားသည့်အနေဖြင့် အမေ့ခြေရာကိုသာ ဆောင်ထားကြသည့် ဓလေ့တခု ရှိသော်လည်း အဖေ့ခြေရာ ဆောင်ထားသည့် ဓလေ့ မရှိခဲ့ပေ။ ထို့ကြောင့်လည်း အရှင် ဆေကိန္ဒ က အာဏာရ သမ္မတတဦး၏ ခြေရာကို ဆောင်ထားရန် ပြောဆိုမှုသည် ကြားရသည့် ရဟန်း သံဃာများနှင့် စစ်ဗိုလ်ချုပ်များကြား အံ့သြစရာ ဖြစ်ခဲ့ရသည်။
မြန်မာလူထုကြား ထင်ရှားသော ဘုန်းကြီးတပါး အနေဖြင့် အငြိမ်းစား စစ်ဗိုလ်ချုပ် သမ္မတ တဦး၏ ခြေရာကို ဆောင်ထား ရန် ပြောဆိုရသည်မှာလည်း အကြောင်း ရှိသည်။ ဆရာတော် အရှင်ဆေကိန္ဒသည် သမ္မတ ဦးသိန်းစိန်နှင့် အလွန်ရင်းနှီး သူဖြစ်သည်။ ဦးသိန်းစိန်၏ မြေးဖြစ်သူသည် ဘုန်းကြီး အရှင်ဆေကိန္ဒ နွေရာသီ၌ ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာကျောင်း တွင် တက်ရောက်ခဲ့သည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန်သည် မဘသ (အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အသင်းကြီး) တည်ထောင်ရန် ဘုန်းကြီး အရှင်ဆေကိန္ဒ (ဓမ္မဒူတ) ဆရာတော် တပါးတည်းအား နေပြည်တော်သို့ ပင့်ဆောင်ကာ တံခါးပိတ် ဆွေးနွေးခဲ့ရာ မဘသ အစ အရှင်ဆေကိန္ဒက ဟုပင် ဆိုရမည်။
မဘသဖွဲ့စည်းရန် သမ္မတ ဦးသိန်းစိန်နှင့် ဆရာတော် အရှင်ဆေကိန္ဒတို့ တံခါးပိတ် ဆွေးနွေးပြီးနောက် ဆရာတော် အရှင် ဆေကိန္ဒမှ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော ဘုန်ကြီးများနှင့် စာပေကျမ်းဂန်တတ် ဆရာတော်အချို့အား သူ သီတင်းသုံးသည့် မှော်ဘီမြို့ ဝါးနက်ချောင်းကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းသို့ ပင့်ဖိတ်ခဲ့သည်။
ထို့နောက် ဆရာတော် အရှင်ဆေကိန္ဒမှ သူနှင့် သမ္မတ ဦးသိန်းစိန်တို့သည် မဘသ အသင်းကြီး ထူထောင်ရန် တံခါးပိတ် ဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါ အသင်းကြီးတွင် ပါဝင်သော ဘုန်းကြီးကျောင်းများအတွက် လိုအပ်သည်များကို ကူညီမည် ဟု သမ္မတကြီးက ပြောဆိုခဲ့ကြောင်း ပြန်ပြောခဲ့သည်။
မဘသ ထူထောင်ရန် သမ္မတ ဦးသိန်းစိန်က ကျပ်ငွေသိန်းပေါင်း ၆ သောင်း သုံးစွဲမည် ဖြစ်ကြောင်းနှင့် ကျောင်းဆောင်သစ် ဆောက်လိုသူများ ကျောင်းဟောင်း ပြုပြင်ချင်သူများအတွက် အဆိုပါ ငွေကြေးမှ သုံးစွဲမည်ဖြစ်သည် ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ အစည်းအဝေး တက်ခဲ့သည့် ဆရာတော် တပါးက မိန့်သည်။
“သူနဲ့သမ္မတ ဦးသိန်းစိန် ဘာတွေ ဆွေးနွေးခဲ့လဲဆိုတာ အကုန် မသိရဘူး။ နောက် မဘသ အဖွဲ့ကြီးက နိုင်ငံရေး လုပ်မယ့် အဖွဲ့ကြီးလို ဖြစ်နေတယ်။ ကြံ့ခိုင်ရေးအတွက် မဲဆွယ်ပေးရမယ့် အဖွဲ့ကြီးလို ဖြစ်နေတော့ ဘုန်းဘုန်းတို့က မပါတော့ဘူး” ဟု ယင်းအစည်းအဝေးကို တက်ခဲ့သည့် ရွှေဝါရောင်ကွန်ရက်မှ ဆရာတော် တပါးက မိန့်သည်။
အရှင်ဆေကိန္ဒ အနေဖြင့် ရွှေဝါရောင် သံဃကွန်ရက်မှ သံဃာ အများစုအား စည်းရုံး၍ မရသည့်အခါ တနိုင်ငံလုံးမှ သံဃာ များအား မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာရှိ သူ၏ ဘုန်းကြီးကျောင်းတွင် အစည်းအဝေး ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းကြီး ရှိသင့်သည် ဆိုသည့် စာတမ်းအား ဖတ်ကြားခဲ့ပြီး သမ္မတ ဦးသိန်းစိန် ဖြစ်စေချင်သော မဘသ အသင်းကြီး ဖြစ်လာစေရန် ဘုန်ကြီး အရှင်ဆေကိန္ဒမှ အကောင်အထည်ဖော် ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် သာမက ကမ္ဘာမှာပါ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မဘသ အသင်းကြီး၏ အဓိက ခေါင်းကိုင်ဆရာ တော်မှာ အရှင် ဆေကိန္ဒ ဖြစ်သော်လည်း သူသည် ရှေ့မထွက်ဘဲ နောက်ကွယ်ကသာ နေခဲ့ခြင်း ဖြစ်သည်။
ဘုန်းကြီး အရှင်ဆေကိန္ဒသည် သမ္မတ ဦးသိန်းစိန်နှင့် သာမက တခြားသော စစ်ဗိုလ်ချုပ်များနှင့်ပါ ရင်းနှီးသူ ဖြစ်သည်။ မှော်ဘီမြို့ ဝါးနက်ချောင်း ကျေးရွာအနီးရှိ သူ၏ ဘုန်းကြီးကျောင်းအား စကခ ၄ မှ စစ်သားများသည် စနေ၊ တနင်္ဂနွေနေ့ များတွင် ကျောင်းသန့်ရှင်းရေး သွားရောက် လုပ်ကိုင်ပေးရသည်။
အထက် ဗိုလ်ချုပ်များ၏ အမိန့်အရ စစ်သားများအနေဖြင့် ကျောင်းသန့်ရှင်းရေး သွားရောက် လုပ်ကိုင်ရသော်လည်း စစ်သား အများစုကမူ ထိုကဲ့သို့ လုပ်ပေးရသည်ကို မကြိုက်ကြောင်း CDM ဗိုလ်ကြီး ထက်မြတ်နှင့် မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော်တို့ ဆွေးနွေးသည် ရုပ်သံ ဗီဒီယိုတွင် ပြောဆိုထားသည်။
ထို့ပြင် စစ်တပ်မှ အကြီးအကဲများသည် အရှင်ဆေကိန္ဒကျောင်းတွင် ဒုလ္လဘ ရဟန်းခံလေ့ရှိပြီး မကြာခဏ အလှူအတန်း များ လာရောက် လှူဒါန်းလေ့လည်း ရှိသည်။
ထိုအခါများတွင် စီးပွားရေးလုပ်ငန်းရှင်များအား စစ်ဗိုလ်ချုပ်များ ဆုံနိုင်ရန် အရှင်ဆေကိန္ဒမှ ဆောင်ရွက်ပေးလေ့ရှိရာ သူ၏ ကျောင်းသည် အာဏာရှိသူ စစ်ဗိုလ်ချုပ်များနှင့် ဆုံတွေ့ချင်သည့် စီးပွားရေးသမားများအတွက် အချက်အချာ မီတင် ပွိုင့် တခုဟု ဆိုနိုင်သည်။
ယင်းသို့လာရောက်သော စစ်ဗိုလ်ချုပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံနိုင်ရန် ဘုန်းကြီး အရှင်ဆေကိန္ဒမှ ဆောင် ရွက်ပေးလေ့ရှိသည့်အတွက် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်ချင်သော လုပ်ငန်းရှင်များက အရှင်ဆေကိန္ဒ ကျောင်း အတွက် မော်တော်ကား ငွေကြေးအပါအဝင် ဆွမ်းကွမ်း စသည်များ လှူဒါန်းပေးကြသည်။
တနင်္သာရီတိုင်း၊ မြိတ်မြို့မှ လုပ်ငန်းရှင်တဦးကို လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ရရှိရန် အစိုးရတာဝန်ရှိသူကြားတွေ့ဆုံညှိ နှိုင်းပေးရာ ယင်းလုပ်ငန်းရှင်က အပြန်အလှန်အားဖြင့် ဆရာတော် ပြည်ပခရီးစဉ် သွားသည့်အခါ ခရီးစရိတ် ဒါနပြုကြောင်း သိရသည်။
အရှင်ဆေကိန္ဒသည် စစ်ကိုင်း ဇာတိဖြစ်ပြီး ငယ်ဖြူဘုန်းကြီးတပါးတော့ မဟုတ်။ မန္တလေးစက်မှု လက်မှုသိပ္ပံမှ မြို့ပြအင်ဂျင် နီယာ ဒီပလိုမာဘွဲ့ရထားသူဖြစ်သည်။
စစ်ကိုင်းမြို့ ၊ သောတပန်ရပ်ကွက်ရှိ ဧရာဝတီမြစ်နံဘေးတွင် ဖွင့်လှစ်ထားသည့် တော်ဝင်နန်း အဆင့်မြင့် ဧည့်ရိပ်သာသည် အရှင် ဆေကိန္ဒ ပိုင်ဆိုင်သလို ဆွေမျိုးတော်စပ်သည့် တူ၊ တူမများကို ရွှေဆိုင်နှင့် ယင်းဟိုတယ်လုပ်ငန်း ဦးစီးလုပ်ကိုင်ရန် တာဝန်ပေးထားသည် ဟု စစ်ကိုင်းသားတချို့က ပြောဆိုကြသည်။
NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း မကြာခဏ ဆိုသလို ဟောပြောလေ့ရှိသည့် အရှင်ဆေကိန္ဒသည် သမ္မတကြီး ဦးထင်ကျော်၏ ဖခင် ဆရာကြီး မင်းသုဝဏ် ရေးစပ်ခဲ့သော “ဆွမ်းအုပ်နီနီ” ကဗျာမှ “ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့ ဘုန်းကြီး အော်လို့ ရိုက်လိမ့်မယ်” ဆိုသော စာသားကို ကိုးကား၍ ဘုန်းကြီးတွေကို ကလေးလူငယ် တွေ မကြိုက်အောင် စာဆို မင်းသုဝဏ်က ရေးစပ်ခဲ့သည် ဟု ကြံဖန်ကာ ဝေဖန်ပြောဆိုကြောင်း ဂျာမနီနိုင်ငံ၊ ဖရန်ဖွတ်မြို့ တွင် ဟောပြောစဉ်က ကိုယ်တိုင် တက်ရောက် နားထောင်ခဲ့သည့် လူငယ်တဦးက ပြောပြသည်။
ထို့ပြင် အရှင်ဆေကိန္ဒသည် သူ့ကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်သူများနှင့် ဒုလ္လဘရဟန်းများအား ဒီမိုကရေစီစနစ်သည် သူတလူ ငါတမင်း စနစ်မျိုးဖြစ်ကြောင်း၊ ပါလီမန်ဒီမိုကရေစီစနစ်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်း စစ်မီး တောက်ခဲ့သဖြင့် စစ်တပ်က အာဏာသိမ်းခဲ့ရကြောင်း မကြာခဏ ပြောလေ့ရှိသည်ဟုလည်း သူ၏ ကျောင်းတွင် နေထိုင်ဖူး သူ အမျိုးသားတဦးက ပြန်ပြောပြသည်။
စစ်ခေါင်းဆောင်များနှင့် ရင်းနှီးသော အရှင်ဆေကိန္ဒသည် NLD အစိုးရ လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်များနှင့် ဆက်ဆံရေး မကောင်းခဲ့ပေ။ မန္တလေးမြို့ ရေကြီးသည့် ဖြစ်စဉ်အနီးကပ် ကွပ်ကဲနေသော မြို့တော်ဝန် ဒေါက်တာ ရဲလွင်အား “ငါပြည်သူတွေအတွက် စိုးရိမ်လို့ လာတာ” ဟု ဒေါသတကြီး မာမာထန်ထန် ပြောဆိုမှု ကြောင့် ဝေဖန်စရာ ဖြစ်ခဲ့သည်။
သို့သော် စစ်တပ် အာဏာသိမ်းပြီးနောက် ဘုန်းကြီး အရှင် ဆေကိန္ဒ မွေးဖွားရာ ဇာတိမြေဖြစ်သော စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က ကျေးရွာများအား မီးရှို့ ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်နေကြသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍မူ ရေငုံနှုတ်ပိတ် ခပ်မဆိတ်နေခဲ့သည်။
အာဏာသိမ်းပြီး နောက်ပိုင်း တရားပွဲများ မကျင်းပတော့သလို၊ ရပ်တည်ချက် ခံယူချက်ကြောင့်လည်း ဝေဖန်စရာ ဖြစ်ခဲ့၏။
သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင် ကျင်းပသည့် ဘာသာရေးဆိုင်ရာ အခမ်းအနားတွင် အရှင်ဆေကိန္ဒ တက်ရောက် လေ့ ရှိသည်။ မကြာသေးခင်က စစ်ခေါင်းဆောင် သွားရောက်ခဲ့သော ရုရှား ခရီးစဉ်တွင်လည်း အရှင် ဆေကိန္ဒ လိုက်ပါ သွားခဲ့သည်။
အာဏာသိမ်းပြီး နောက်ပိုင်း လူရှေ့ သိပ်မထွက်တော့သည့် အရှင်ဆေကိန္ဒသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နောက်ကွယ်တွင် ရှိသော ဘုန်းကြီးတပါး ဖြစ်နေသည်။
ပြည်သူက လှူဒါန်းသည့် ဆွမ်းကွမ်းကို စားကာ စစ်အာဏာရှင်ဘက်မှ ရပ်တည်၍ မရသကဲ့သို့ ဓမ္မနှင့် အဓမ္မကြား လွန်ဆွဲ ပွဲတွင် အလယ်တွင် ခွထိုင်ကာ အလိုက်သင့် နေ၍လည်း ရမည် မဟုတ်၊ တဖက်ဖက်ကတော့ ရပ်တည်ရစမြဲ ဖြစ်သည်။
ဧရာဝတီ