႐ုရွားဆီေရာက္ရွိၿပီးေနာက္ ျပည္တြင္းစက္သုံးဆီေစ်း ဆက္လက္ျမင့္တက္
ရန္ကုန္၊စက္တင္ဘာ ၁၄
႐ုရွားႏိူင္ငံထံမွ ဝယ္ယူထားေသာ စက္သုံးဆီေရာက္ရွိလာၿပီးေနာက္ ျပည္တြင္းစက္သုံးဆီေစ်းမွာ ထပ္မံျမင့္တက္ လာေၾကာင္း ေစ်းကြက္အတြင္းမွ သိရသည္။
ယေန႔ ျပည္တြင္းစက္သုံးဆီေစ်းမွာ ရန္ကုန္ၿမိဳ႕ရွိ အေရာင္းဆိုင္မ်ားတြင္ ေအာက္တိန္း-92 တစ္လီတာလွ်င္ ၂၄၈၅ က်ပ္၊ ေအာက္တိန္း-95 တစ္လီတာလွ်င္ ၂၅၇၅ က်ပ္၊ ဒီဇယ္ တစ္လီတာလွ်င္ ၃၀၆၅ က်ပ္ႏွင့္ ပရီမံဒီဇယ္ တစ္လီတာလွ်င္ ၃၁၅၀ က်ပ္ႏႈန္းျဖင့္ ေရာင္းခ်ေနေၾကာင္း ေစ်းကြက္မွ သိရသည္။
အဆိုပါေစ်းႏႈန္းမွာ စက္တင္ဘာ ၁၂ ရက္ကထက္ ေအာက္တိန္း-92 တစ္လီတာလွ်င္ ၁၂၀ က်ပ္၊ ေအာက္တိန္း-95 တစ္လီတာလွ်င္ ၁၀၅ က်ပ္ႏွင့္ ဒီဇယ္ဆီ ၂ မ်ိဳးမွာ တစ္လီတာ ၇၅ က်ပ္စီ ျမင့္တက္သြားသည္။
႐ုရွားႏိုင္ငံမွ ဝယ္ယူထားေသာ စက္သုံးဆီေရာက္ရွိပါက ျပည္တြင္းစက္သုံးဆီေစ်း က်ဆင္းမည္ဟု စစ္ေကာင္စီက ဝါဒျဖန္႔ခဲ့ေသာ္လည္း လက္ေတြ႕တြင္ ဆီေစ်းမွာ ဆက္လက္ျမင့္တက္မႈ ရွိေနျခင္းျဖစ္သည္။
ထိုသို႔႐ုရွားႏိူင္ငံထံမွ ဝယ္ယူထားသည့္ စက္သုံးဆီတန္ ၃၀၀၀၀ မွာ စက္တင္ဘာ ၄ ရက္ေန႔ ကတည္းက ရွိေနခဲ့ၿပီး ထိုသို႔ေရာက္ရွိသည့္အေၾကာင္းကို စစ္ေကာင္စီက ဖုံးကြယ္ထားကာ စက္တင္ဘာ ၁၂ ရက္မွ အၾကမ္းဖက္စစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အတည္ျပဳခဲ့သည္။
ထိုသို႔ ႐ုရွားဆီေရာက္ရွိေနၿပီး ေစ်းကြက္အတြင္း ျဖန္႔ေဝမႈ မရွိခဲ့ဟုဆိုသည့္ ၎၏ေျပာၾကားခ်က္ေၾကာင့္ ရက္အတန္ၾကာ ၿငိမ္ေနသည့္ ျပည္တြင္းစက္သုံးဆီေစ်းမွာ ျပန္လည္ျမင့္တက္သြားခဲ့ျခင္းျဖစ္သည္။
“ဆိုင္ေတြကလည္း ႐ုရွားဆီေရာက္ရင္ ေစ်းက်မယ္ဆိုလို႔ ေစာင့္ေနၾကတာ။ ေနာက္ေတာ့ေရာက္လို႔ေရာက္မွန္းေတာင္ မသိလိုက္ၾကဘူး။ အခု ထင္သလိုျဖစ္မလာဘဲ ေစ်းေတာင္ ျပန္တက္ကုန္တယ္” ဟု အလတ္စားစက္သုံးဆီ အေရာင္းဆိုင္ရွင္တစ္ဦးကေျပာသည္။
ထိုသို႔ ျပည္တြင္းစက္သုံးဆီေစ်း ျပန္တက္ေသာ္လည္း ကမာၻ႔ေရနံစိမ္းေစ်းမွာ တစ္စည္လွ်င္ ၈၇ ေဒၚလာခန္႔ျဖင့္ ရက္အေတာ္ၾကာတည္ၿငိမ္ေနသည္။
Lungekhit
ရုရှားဆီရောက်ရှိပြီးနောက် ပြည်တွင်းစက်သုံးဆီဈေး ဆက်လက်မြင့်တက်
ရန်ကုန်၊စက်တင်ဘာ ၁၄
ရုရှားနိူင်ငံထံမှ ဝယ်ယူထားသော စက်သုံးဆီရောက်ရှိလာပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးမှာ ထပ်မံမြင့်တက် လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယနေ့ ပြည်တွင်းစက်သုံးဆီဈေးမှာ ရန်ကုန်မြို့ရှိ အရောင်းဆိုင်များတွင် အောက်တိန်း-92 တစ်လီတာလျှင် ၂၄၈၅ ကျပ်၊ အောက်တိန်း-95 တစ်လီတာလျှင် ၂၅၇၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၃၀၆၅ ကျပ်နှင့် ပရီမံဒီဇယ် တစ်လီတာလျှင် ၃၁၅၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း ဈေးကွက်မှ သိရသည်။
အဆိုပါဈေးနှုန်းမှာ စက်တင်ဘာ ၁၂ ရက်ကထက် အောက်တိန်း-92 တစ်လီတာလျှင် ၁၂၀ ကျပ်၊ အောက်တိန်း-95 တစ်လီတာလျှင် ၁၀၅ ကျပ်နှင့် ဒီဇယ်ဆီ ၂ မျိုးမှာ တစ်လီတာ ၇၅ ကျပ်စီ မြင့်တက်သွားသည်။
ရုရှားနိုင်ငံမှ ဝယ်ယူထားသော စက်သုံးဆီရောက်ရှိပါက ပြည်တွင်းစက်သုံးဆီဈေး ကျဆင်းမည်ဟု စစ်ကောင်စီက ဝါဒဖြန့်ခဲ့သော်လည်း လက်တွေ့တွင် ဆီဈေးမှာ ဆက်လက်မြင့်တက်မှု ရှိနေခြင်းဖြစ်သည်။
ထိုသို့ရုရှားနိူင်ငံထံမှ ဝယ်ယူထားသည့် စက်သုံးဆီတန် ၃၀၀၀၀ မှာ စက်တင်ဘာ ၄ ရက်နေ့ ကတည်းက ရှိနေခဲ့ပြီး ထိုသို့ရောက်ရှိသည့်အကြောင်းကို စစ်ကောင်စီက ဖုံးကွယ်ထားကာ စက်တင်ဘာ ၁၂ ရက်မှ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုခဲ့သည်။
ထိုသို့ ရုရှားဆီရောက်ရှိနေပြီး ဈေးကွက်အတွင်း ဖြန့်ဝေမှု မရှိခဲ့ဟုဆိုသည့် ၎င်း၏ပြောကြားချက်ကြောင့် ရက်အတန်ကြာ ငြိမ်နေသည့် ပြည်တွင်းစက်သုံးဆီဈေးမှာ ပြန်လည်မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။
“ဆိုင်တွေကလည်း ရုရှားဆီရောက်ရင် ဈေးကျမယ်ဆိုလို့ စောင့်နေကြတာ။ နောက်တော့ရောက်လို့ရောက်မှန်းတောင် မသိလိုက်ကြဘူး။ အခု ထင်သလိုဖြစ်မလာဘဲ ဈေးတောင် ပြန်တက်ကုန်တယ်” ဟု အလတ်စားစက်သုံးဆီ အရောင်းဆိုင်ရှင်တစ်ဦးကပြောသည်။
ထိုသို့ ပြည်တွင်းစက်သုံးဆီဈေး ပြန်တက်သော်လည်း ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၈၇ ဒေါ်လာခန့်ဖြင့် ရက်အတော်ကြာတည်ငြိမ်နေသည်။
Lungekhit