မုံ႐ြာၿမိဳ႕အဝိုင္းပတ္၌ ကင္းပုန္းဝပ္ေနေသာ စစ္ေကာင္စီတပ္သားသုံးဦးတိုက္ခိုက္ခံရၿပီး သုံးဦးလုံးေသ
ေအာင္ေဇယ်/People’s Spring
မုံ႐ြာၿမိဳ႕ စီးပြားေရးကတကၠသိုလ္အနီးရွိ ဇလုပ္အဝိုင္းပတ္၌ ကင္းပုန္းဝပ္ေနေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ သုံးဦးအား ယမန္ေန႔ညက ပစ္ခတ္တိုက္ခိုက္ခဲ့ရာ သုံးဦးလုံးေသဆုံးသြားေၾကာင္း Black Dragon Special Task Forceအဖြဲ႕က သတင္းထုတ္ျပန္သည္။
ယမန္ေန႔(စက္တင္ဘာလ ၁၃ ရက္) ည၁၀ နာရီခန္႔က မုံ႐ြာစီးပြားေရးတကၠသိုလ္အနီးရွိ ဇလုပ္အဝိုင္းပတ္နားတြင္ ကင္းပုန္းဝပ္ေနေသာ စစ္ေကာင္စီတပ္သား သုံးဦးအား ညီေနာင္မဟာမိတ္ (၂)ဖြဲ႕ မွ လက္နက္ငယ္မ်ားျဖင့္ ေရွာင္တခင္ဝင္ေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ သုံးဦးလုံး ေသဆုံးခဲ့ေၾကာင္း Black Dragon Special Task Force အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။
အနီးရွိ စစ္ေကာင္စီတပ္သားမ်ားက တပ္ကူေရာက္လာကာ လက္နက္ငယ္မ်ား၊ (၄၀)မမ ၊(၆၀)မမမ်ားျဖင့္ ျပန္လည္ပစ္ခတ္ခဲ့ေသာေၾကာင့္ လက္နက္ရရွိမည့္အခြင့္အေရးဆုံးရႈံးခဲ့ရေၾကာင္း၊ ျပည္သူ႔ ရဲေဘာ္မ်ား အထိအခိုက္မရွိျပန္လည္ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း Black Dragon Special Task Force အဖြဲ႕က ဆိုသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ Black Dragon အဖြဲ႕ တာဝန္ရွိသူက “ဒီေကာင္ေတြ ကင္းပုန္းဝပ္တယ္လို႔ သတင္းရလို႔ ဝင္ေရာက္ပစ္ခတ္တာပါဗ်။ကြၽန္ေတာ္တို႔ပစ္ၿပီးတာနဲ႔ ေတာက္ေလွ်ာက္တန္းပစ္ေတာ့တာပါပဲ။ သူတို႔ျပန္ပစ္တာ ၁၅မိနစ္ေလာက္ရွိတယ္။ (၄၀)မမေရာ (၆၀)မမ ေရာ လက္နက္ငယ္ေတြေရာ ျပန္ပစ္တာပါ။”ဟု ေျပာၾကားသည္။
စစ္ေကာင္စီတပ္ဘက္က ထိခိုက္ေသဆုံးမႈမ်ားႏွင့္ပတ္သက္၍ ထပ္မံအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။အဆိုပါ စစ္ဆင္ေရးအား Black Dragon Special Task Forceအဖြဲ႕ႏွင့္ God Of Monywa People Defense Forceတို႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း ၎တို႔က အသိေပးသည္။
ၿပီးခဲ့သည္ စက္တင္ဘာ ၇ ရက္ မြန္းလြဲပိုင္းကလည္း ထိုဇလုပ္အဝိုင္းပတ္ႏွင့္ မုံ႐ြာစီးပြားေရးတကၠသိုလ္အတြင္း တပ္ဆြဲထားေသာ စစ္ေကာင္စီတပ္မ်ားအား ဒ႐ုန္းျဖင့္ လက္လုပ္အီနာဂါႏွစ္လုံးခ်ကာ တိုက္ခိုက္ခဲ့ေသးသည္။
မုံရွာမြို့အဝိုင်းပတ်၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားသုံးဦးတိုက်ခိုက်ခံရပြီး သုံးဦးလုံးသေ
အောင်ဇေယျ/People’s Spring
မုံရွာမြို့ စီးပွားရေးကတက္ကသိုလ်အနီးရှိ ဇလုပ်အဝိုင်းပတ်၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအား ယမန်နေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးလုံးသေဆုံးသွားကြောင်း Black Dragon Special Task Forceအဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်) ည၁၀ နာရီခန့်က မုံရွာစီးပွားရေးတက္ကသိုလ်အနီးရှိ ဇလုပ်အဝိုင်းပတ်နားတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သား သုံးဦးအား ညီနောင်မဟာမိတ် (၂)ဖွဲ့ မှ လက်နက်ငယ်များဖြင့် ရှောင်တခင်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးလုံး သေဆုံးခဲ့ကြောင်း Black Dragon Special Task Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အနီးရှိ စစ်ကောင်စီတပ်သားများက တပ်ကူရောက်လာကာ လက်နက်ငယ်များ၊ (၄၀)မမ ၊(၆၀)မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် လက်နက်ရရှိမည့်အခွင့်အရေးဆုံးရှုံးခဲ့ရကြောင်း၊ ပြည်သူ့ ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Black Dragon Special Task Force အဖွဲ့က ဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ Black Dragon အဖွဲ့ တာဝန်ရှိသူက “ဒီကောင်တွေ ကင်းပုန်းဝပ်တယ်လို့ သတင်းရလို့ ဝင်ရောက်ပစ်ခတ်တာပါဗျ။ကျွန်တော်တို့ပစ်ပြီးတာနဲ့ တောက်လျှောက်တန်းပစ်တော့တာပါပဲ။ သူတို့ပြန်ပစ်တာ ၁၅မိနစ်လောက်ရှိတယ်။ (၄၀)မမရော (၆၀)မမ ရော လက်နက်ငယ်တွေရော ပြန်ပစ်တာပါ။”ဟု ပြောကြားသည်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။အဆိုပါ စစ်ဆင်ရေးအား Black Dragon Special Task Forceအဖွဲ့နှင့် God Of Monywa People Defense Forceတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။
ပြီးခဲ့သည် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းကလည်း ထိုဇလုပ်အဝိုင်းပတ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်အတွင်း တပ်ဆွဲထားသော စစ်ကောင်စီတပ်များအား ဒရုန်းဖြင့် လက်လုပ်အီနာဂါနှစ်လုံးချကာ တိုက်ခိုက်ခဲ့သေးသည်။