Local News

ဒဏ္ရာရ PDF ရဲေဘာ္အား အေရးေပၚကယ္ဆယ္ ေရးျပဳလုပ္သည့္ ႐ုပ္သံ

ဒဏ္ရာရ PDF ရဲေဘာ္အား အေရးေပၚကယ္ဆယ္ ေရးျပဳလုပ္သည့္ ႐ုပ္သံ

စက္တင္ဘာ ၁၄ ၊ ၂၀၂၂ ။

မိုးၿဗဲတိုက္ပြဲတြင္း၌ ေဒသခံမဟာမိတ္တပ္မ်ားဘက္မွ ျပည္သူ႔ကာကြယ္ေရးရဲေဘာ္ ၄၀ ဦးေက်ာ္အထိ ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု မိုးၿဗဲျပည္သူ႔ကာကြယ္ေရးတပ္တာဝန္ရွိသူက သံလြင္ခက္ကိုေျပာသည္။

တိုက္ပြဲတြင္း၌ထိခိုက္ဒဏ္ရာရရွိသည့္ရဲေဘာ္မ်ားကို အခ်ိန္မီေဆးဝါးကုသမႈမ်ားအျမန္ဆုံးျပဳလုပ္ႏိုင္ရန္ ကူညီကယ္ဆယ္ေရးတပ္ဖြဲ႕မ်ားကပစ္ခတ္ေန သည့္ၾကားမွ အေရးေပၚကူညီကယ္ဆယ္မႈမ်ားျပဳလုပ္ေပးသည္ကို ေဒသခံတပ္ဖြဲ႕မ်ားထံမွသိရသည္။

ရွမ္း-ကယားနယ္စပ္မိုးၿဗဲၿမိဳ႕တြင္းသို႔စစ္ေၾကာင္းထိုးဝင္ေရာက္တပ္စြဲခဲ့သည့္စစ္ေကာင္စီတပ္အင္ အား ၁၅၀ ခန္႔ႏွင့္ ေဒသခံမဟာမိတ္တပ္တို႔သည္ ၄ရက္ဆက္တိုက္တစ္ေနကုန္နီးပါးတိုက္ပြဲျပင္းထန္ ျဖစ္ပြားခဲ့သည္။

အဆိုပါတိုက္ပြဲမ်ားအတြင္းစစ္ေကာင္စီတပ္ကလက္နက္ႀကီး အခ်က္ေရ၃၀၀ ေက်ာ္ ၄၀၀ နီးပါးအထိပစ္ခတ္တိုက္ခဲ့သည္ဟု မိုးၿဗဲPDF တာဝန္ရွိသူက ေျပာသည္။

ထို႔ျပင္တိုက္ေလယာဥ္မ်ားျဖင့္ေနာက္ဆုံးေန႔ ၃ရက္ ဆက္လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု သိရသည္။ စစ္ေကာင္စီတပ္၏ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္မႈ၊ ေလေၾကာင္းမွ ဗုံးႀကဲပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ ထိခိုက္ခိုက္ဒဏ္ရာရရွိသည့္ ရဲေဘာ္မ်ားအနက္ စိုးရိမ္ရသည့္ရဲေဘာ္တခ်ိဳ႕လည္းပါဝင္သည္ ဟု သိရသည္။

ဒဏ္ရာျပင္းထန္ရဲေဘာ္မ်ားကို လခ်ီေဆးကုသမႈမ်ားေပးရမည္ျဖစ္ေသာေၾကာင့္ ေဆးဝါးႏွင့္ရဲေဘာ္မ်ားကို ျပဳစုေရွာက္ေစာင့္မႈမ်ားအတြက္ စရိတ္မ်ားလိုအပ္သည္ဟု ဗိုးၿဗဲျပည္သူ႔ကာကြယ္ေရးတပ္တာဝန္ရွိသူက ေျပာသည္။

စက္တင္ဘာလ ၈ရက္မွ ၁၁ ရက္အထိျပင္းထန္ခဲ့သည့္မိုးၿဗဲတိုက္ပြဲတြင္း၌ စစ္ေကာင္စီတပ္ဘက္မွ ၇၀ ဦးေက်ာ္အထိေသဆုံးခဲ့သည္။

ဒဏ်ရာရ PDF ရဲဘော်အား အရေးပေါ်ကယ်ဆယ် ရေးပြုလုပ်သည့် ရုပ်သံ

စက်တင်ဘာ ၁၄ ၊ ၂၀၂၂ ။

မိုးဗြဲတိုက်ပွဲတွင်း၌ ဒေသခံမဟာမိတ်တပ်များဘက်မှ ပြည်သူ့ကာကွယ်ရေးရဲဘော် ၄၀ ဦးကျော်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။

တိုက်ပွဲတွင်း၌ထိခိုက်ဒဏ်ရာရရှိသည့်ရဲဘော်များကို အချိန်မီဆေးဝါးကုသမှုများအမြန်ဆုံးပြုလုပ်နိုင်ရန် ကူညီကယ်ဆယ်ရေးတပ်ဖွဲ့များကပစ်ခတ်နေ သည့်ကြားမှ အရေးပေါ်ကူညီကယ်ဆယ်မှုများပြုလုပ်ပေးသည်ကို ဒေသခံတပ်ဖွဲ့များထံမှသိရသည်။

ရှမ်း-ကယားနယ်စပ်မိုးဗြဲမြို့တွင်းသို့စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခဲ့သည့်စစ်ကောင်စီတပ်အင် အား ၁၅၀ ခန့်နှင့် ဒေသခံမဟာမိတ်တပ်တို့သည် ၄ရက်ဆက်တိုက်တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး အချက်ရေ၃၀၀ ကျော် ၄၀၀ နီးပါးအထိပစ်ခတ်တိုက်ခဲ့သည်ဟု မိုးဗြဲPDF တာဝန်ရှိသူက ပြောသည်။

ထို့ပြင်တိုက်လေယာဉ်များဖြင့်နောက်ဆုံးနေ့ ၃ရက် ဆက်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့်ပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်ခိုက်ဒဏ်ရာရရှိသည့် ရဲဘော်များအနက် စိုးရိမ်ရသည့်ရဲဘော်တချို့လည်းပါဝင်သည် ဟု သိရသည်။

ဒဏ်ရာပြင်းထန်ရဲဘော်များကို လချီဆေးကုသမှုများပေးရမည်ဖြစ်သောကြောင့် ဆေးဝါးနှင့်ရဲဘော်များကို ပြုစုရှောက်စောင့်မှုများအတွက် စရိတ်များလိုအပ်သည်ဟု ဗိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာလ ၈ရက်မှ ၁၁ ရက်အထိပြင်းထန်ခဲ့သည့်မိုးဗြဲတိုက်ပွဲတွင်း၌ စစ်ကောင်စီတပ်ဘက်မှ ၇၀ ဦးကျော်အထိသေဆုံးခဲ့သည်။