Local News

ကင္းေစာင့္ေနတဲ့ စကစ ေလးေယာက္ကို အနီးကပ္

တိုင္းရင္းေဆး႐ုံထဲ ခိုေအာင္းေနတဲ့ စစ္အုပ္စုကို PDF အထူးကြန္မန္ဒိုအဖြဲ႕က တိုက္ခိုက္၊

ကင္းေစာင့္ေနတဲ့ စကစ ေလးေယာက္ကို အနီးကပ္ အေသပစ္ခတ္ႏိုင္ခဲ့ဟုဆို၊

MFP ၊ စက္တင္ဘာ – ၁၄

စစ္ကိုင္းတိုင္း ေရဦးၿမိဳ႕ တိုင္းရင္းေဆး႐ုံထဲ စီးနင္း အထိုင္ခ် ခိုေအာင္းေနတဲ့ စစ္အုပ္စုကို မေန႔ညပိုင္း ေဒသကာကြယ္ေရးတပ္ဖြဲ႕၊ အထူးကြန္မန္ဒိုတပ္က ေျပာက္က်ားနည္းနဲ႔ သြားေရာက္ တိုက္ခိုက္ခဲ့ၿပီး ကင္းေစာင့္ေနတဲ့ စကစ ေလးေယာက္ကို အနီးကပ္ အေသပစ္ခတ္ ႏိုင္ခဲ့တယ္လို႔ ေ႐ႊဘိုခ႐ိုင္ ျပည္သူ႔ကာကြယ္ေရး တပ္ရင္းအမွတ္(၁၄) – YEU PDF က သတင္း ထုတ္ျပန္ပါတယ္။

စက္တင္ဘာ(၁၃)ရက္ မေန႔က ည(၉)နာရီေလာက္က ေရဦး တိုင္းရင္းေဆး႐ုံထဲ ခိုေအာင္းေနတဲ့ စစ္အုပ္စုကို YEU – PDF တပ္ခြဲ(၂) တပ္ခြဲမႉး ဗိုလ္ရာမ ဦးေဆာင္တဲ့ အထူးကြန္မန္ဒို တပ္ဖြဲက ေျပာက္က်ား တိုက္ခိုက္ခဲ့တာလို ဆိုပါတယ္။

“ယင္းေျပာက္က်ား တိုက္ခိုက္သည့္ ပြဲတြင္ ကင္းေစာင့္ေနေသာ စစ္ေခြး ေလးေကာင္အား အနီးကပ္ အေသ ပစ္ခတ္ႏိုင္ခဲ့ၿပီး ျပည္သူ႔ကာကြယ္ေရး ရဲေဘာ္မ်ား အထိအခိုက္ မရွိ ျပန္လည္ ဆုတ္ခြါႏိုင္ခဲ့ေၾကာင္း သတင္းေကာင္း ထုတ္ျပန္အပ္ပါသည္”လို႔ YeU PDF က ေဖာ္ျပပါတယ္။

ေရဦးၿမိဳ႕ တိုင္းရင္းေဆး႐ုံထဲ ခိုးေအာင္းေနတဲ့ စစ္အုပ္စုဟာ ျပည္သူကို ဖမ္းဆီးေငြညႇစ္တာ၊ လက္နက္ျပ ရန္ျပဳေသာင္းက်န္းတာ၊ ဖမ္းဆီး ညႇဉိးပန္း သ-တ္-ျဖတ္တာေတြ ထင္တိုင္းက်ဲ က်ဴးလြန္ေနၿပီး ေရဦးၿမိဳ႕ေပၚ မွာသာမက ၾကာပန္းအဝိုင္းႏွင့္ မူးတံတားအေရွ႕ဘက္ အင္းပတ္ေကြ႕အနီး ရထားလမ္းကူး ေနရာေတြမွာလည္း စစ္ေဆးေရးဂိတ္ေတြ ဖြင့္ၿပီး ျပည္သူေတြကို ဖမ္းဆီးေငြညႇစ္ ေသာင္းက်န္းကာ မွတ္ပုံတင္နဲ႔ စကစ အုပ္ခ်ဳပ္ေရးမႉး ေထာက္ခံစာပါမွ ျဖတ္သန္းသြားလာခြင့္ ျပဳတာမ်ိဳးေတြ လုပ္ေနတယ္လို ေဒသခံေတြက ေျပာပါတယ္။

ဒါ့အျပင္ ေရးဦးၿမိဳ႕ တိုင္းရင္းေဆ႐ုံထဲ ခိုးေအာင္ေနတဲ့ စစ္အုပ္စုဟာ ေရဦးနယ္ အပါအဝင္ ခင္ဦးႏွင့္ ေ႐ႊဘိုနယ္တေၾကာ ႐ြာစဥ္ပတ္ေမႊ လုယက္ဓားျပတိုက္တာ၊ အိမ္မီးရႈိ႕တာ၊ ဖမ္းဆီး ေငြညႇစ္ သ-တ္ျဖတ္တာေတြလည္း က်ဴးလြန္ေနတယ္လို႔ ဆိုပါတယ္။

ေ႐ႊဘိုနယ္ထဲ ျပည္သူအေပၚ ထင္တိုင္းက်ဲ အၾကမ္းဖက္ ေသာင္းက်န္းေနၿပီး ေရဦးၿမိဳ႕ တိုင္းရင္းေဆး႐ုံထဲ ခိုေအာင္းေနတဲ့ စစ္အုပ္စုကို သြားေရာက္ တိုက္ခိုက္ခဲ့တဲ့ ေ႐ႊဘိုခ႐ိုင္ ျပည္သူ႔ကာကြယ္ေရး တပ္ရင္းအမွတ္ (၁၄) – YEU PDF မွ တပ္ခြဲ(၂)တပ္ခြဲမႉး ဗိုလ္ရာမ ဦးေဆာင္တဲ့ အထူးကြန္မန္ဒိုတပ္ဖြဲ႕ဝင္မ်ား/Photo – YeU PDF

တိုင်းရင်းဆေးရုံထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို PDF အထူးကွန်မန်ဒိုအဖွဲ့က တိုက်ခိုက်၊

ကင်းစောင့်နေတဲ့ စကစ လေးယောက်ကို အနီးကပ် အသေပစ်ခတ်နိုင်ခဲ့ဟုဆို၊

MFP ၊ စက်တင်ဘာ – ၁၄

စစ်ကိုင်းတိုင်း ရေဦးမြို့ တိုင်းရင်းဆေးရုံထဲ စီးနင်း အထိုင်ချ ခိုအောင်းနေတဲ့ စစ်အုပ်စုကို မနေ့ညပိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့၊ အထူးကွန်မန်ဒိုတပ်က ပြောက်ကျားနည်းနဲ့ သွားရောက် တိုက်ခိုက်ခဲ့ပြီး ကင်းစောင့်နေတဲ့ စကစ လေးယောက်ကို အနီးကပ် အသေပစ်ခတ် နိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ်(၁၄) – YEU PDF က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၃)ရက် မနေ့က ည(၉)နာရီလောက်က ရေဦး တိုင်းရင်းဆေးရုံထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို YEU – PDF တပ်ခွဲ(၂) တပ်ခွဲမှူး ဗိုလ်ရာမ ဦးဆောင်တဲ့ အထူးကွန်မန်ဒို တပ်ဖွဲက ပြောက်ကျား တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။

“ယင်းပြောက်ကျား တိုက်ခိုက်သည့် ပွဲတွင် ကင်းစောင့်နေသော စစ်ခွေး လေးကောင်အား အနီးကပ် အသေ ပစ်ခတ်နိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ကြောင်း သတင်းကောင်း ထုတ်ပြန်အပ်ပါသည်”လို့ YeU PDF က ဖော်ပြပါတယ်။

ရေဦးမြို့ တိုင်းရင်းဆေးရုံထဲ ခိုးအောင်းနေတဲ့ စစ်အုပ်စုဟာ ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ ရန်ပြုသောင်းကျန်းတာ၊ ဖမ်းဆီး ညှဉိးပန်း သ-တ်-ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပြီး ရေဦးမြို့ပေါ် မှာသာမက ကြာပန်းအဝိုင်းနှင့် မူးတံတားအရှေ့ဘက် အင်းပတ်ကွေ့အနီး ရထားလမ်းကူး နေရာတွေမှာလည်း စစ်ဆေးရေးဂိတ်တွေ ဖွင့်ပြီး ပြည်သူတွေကို ဖမ်းဆီးငွေညှစ် သောင်းကျန်းကာ မှတ်ပုံတင်နဲ့ စကစ အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ဖြတ်သန်းသွားလာခွင့် ပြုတာမျိုးတွေ လုပ်နေတယ်လို ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရေးဦးမြို့ တိုင်းရင်းဆေရုံထဲ ခိုးအောင်နေတဲ့ စစ်အုပ်စုဟာ ရေဦးနယ် အပါအဝင် ခင်ဦးနှင့် ရွှေဘိုနယ်တကြော ရွာစဉ်ပတ်မွှေ လုယက်ဓားပြတိုက်တာ၊ အိမ်မီးရှို့တာ၊ ဖမ်းဆီး ငွေညှစ် သ-တ်ဖြတ်တာတွေလည်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ရွှေဘိုနယ်ထဲ ပြည်သူအပေါ် ထင်တိုင်းကျဲ အကြမ်းဖက် သောင်းကျန်းနေပြီး ရေဦးမြို့ တိုင်းရင်းဆေးရုံထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို သွားရောက် တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ် (၁၄) – YEU PDF မှ တပ်ခွဲ(၂)တပ်ခွဲမှူး ဗိုလ်ရာမ ဦးဆောင်တဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များ/Photo – YeU PDF