Local News

ဧရာဝတီျမစ္အတြင္း စစ္တပ္ ဆီတင္ ေရယာဥ္အုပ္စု

ဧရာဝတီျမစ္အတြင္း စစ္တပ္ ဆီတင္ ေရယာဥ္အုပ္စု ဒ႐ုန္းျဖင့္ ဗုံးသီးခ် တိုက္ခိုက္ခံရၿပီး ၂ ဦးေသဆုံး(႐ုပ္/သံ)

ရန္ကုန္၊ စက္တင္ဘာ ၁၄

ဧရာဝတီျမစ္အတြင္း ျဖတ္သန္းသြားလာေနသည့္ အၾကမ္းဖက္ စစ္တပ္ ဆီတင္ ေရယာဥ္ အုပ္စုကို ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားက ယေန႔ စက္တင္ဘာလ ၁၄ ရက္ေန႔တြင္ ဒ႐ုန္းျဖင့္ ဗုံးသီးခ် တိုက္ခိုက္ခဲ့​ၿပီး စစ္သား ၂ ဦးေသဆုံးေၾကာင္း ေျမာင္ၿမိဳ႕နယ္ CDSOM အဖြဲ႕ထံမွ သိရသည္။

အၾကမ္းဖက္ စစ္တပ္ ဆီတင္ ယာဥ္အုပ္စုသည္ ဧရာဝတီျမစ္ အတြင္း ျမင္းၿခံမွ မႏၲေလးဘက္သို႔ လုံၿခဳံေရးအျပည့္ျဖင့္ ထြက္ခြာလာစဥ္ ကာကြယ္ေရး တပ္ဖြဲ႕မ်ားက တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

နံနက္ ၁၀ နာရီ ၃၀ မိနစ္ခန္႔တြင္ ေျမာင္ၿမိဳ႕နယ္ နဂါးေပါက္ေက်း႐ြာအနီးတြင္ အၾကမ္းဖက္ စစ္တပ္ ဆီသေဘၤာမ်ားအား ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ားမွ အီနာဂါ ဗုံးသီးခ်၍ တိုက္ခိုက္ခဲ့ေသာ္လည္း စခန္းထဲသို႔ ေပါက္ကြဲျခင္း မရွိေၾကာင္း သိရသည္။

နံနက္ ၁၀ နာရီ ၄၅ မိနစ္ခန္႔တြင္ ေျမာင္ၿမိဳ႕နယ္ နဂါးေပါက္ေက်း႐ြာႏွင့္ ေနပူကုန္းေက်း႐ြာအၾကားတြင္ ဆီသေဘၤာမ်ားအား ဒုတိယအႀကိမ္ အီနာဂါဗုံးသီးခ် တိုက္ခိုက္ခဲ့ၿပီး အၾကမ္းဖက္ စစ္တပ္ ကင္းတဲကို ထိမွန္ခဲ့ၿပီး စစ္သား ၂ ဦးေသဆုံး ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါ တိုက္ခိုက္မႈကို Wings of the irrawaddy၊ ေျမာင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးႏွင့္ လုံၿခဳံေရးအဖြဲ႕ CDSOMႏွင့္ YF Drone Team တို႔က ပူးေပါင္း တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဧရာဝတီမြစ်အတွင်း စစ်တပ် ဆီတင် ရေယာဉ်အုပ်စု ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး(ရုပ်/သံ)

ရန်ကုန်၊ စက်တင်ဘာ ၁၄

ဧရာဝတီမြစ်အတွင်း ဖြတ်သန်းသွားလာနေသည့် အကြမ်းဖက် စစ်တပ် ဆီတင် ရေယာဉ် အုပ်စုကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကြောင်း မြောင်မြို့နယ် CDSOM အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ဆီတင် ယာဉ်အုပ်စုသည် ဧရာဝတီမြစ် အတွင်း မြင်းခြံမှ မန္တလေးဘက်သို့ လုံခြုံရေးအပြည့်ဖြင့် ထွက်ခွာလာစဉ် ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြောင်မြို့နယ် နဂါးပေါက်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် ဆီသင်္ဘောများအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ အီနာဂါ ဗုံးသီးချ၍ တိုက်ခိုက်ခဲ့သော်လည်း စခန်းထဲသို့ ပေါက်ကွဲခြင်း မရှိကြောင်း သိရသည်။

နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မြောင်မြို့နယ် နဂါးပေါက်ကျေးရွာနှင့် နေပူကုန်းကျေးရွာအကြားတွင် ဆီသင်္ဘောများအား ဒုတိယအကြိမ် အီနာဂါဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ကင်းတဲကို ထိမှန်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Wings of the irrawaddy၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOMနှင့် YF Drone Team တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။