Local News

PDF မ်ား ဆိုရွယ္မီဒီယာ အသုံးျပဳမႈ NUG ကာကြယ္ေရး ဝန္ႀကီး သတိေပး

PDF မ်ား ဆိုရွယ္မီဒီယာ အသုံးျပဳမႈ NUG ကာကြယ္ေရး ဝန္ႀကီး သတိေပး

ဧရာဝတီ၊ စက္တင္ဘာ ၁၄၊ ၂၀၂၂

ဆိုရွယ္မီဒီယာတြင္ စစ္ေရးအရ လွ်ိဳ႕ဝွက္ရမည့္ သတင္း လုံၿခဳံမႈမ်ား မၾကာ ခဏ က်ိဳးေပါက္ေနသည့္အတြက္ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား အေနျဖင့္ ဆိုရွယ္မီဒီယာ အသုံးျပဳမႈကို သတိျပဳၾကရန္ အမ်ိဳးသားညီၫြတ္ ေရး အစိုးရ (NUG)၊ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ေျပာသည္။ယေန႔တြင္ NUG ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ားကို ေျပာသည့္ မိန႔္ခြန္း၌ ထည့္သြင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

မိမိတို႔၏ အင္အား၊ လက္နက္၊ တည္ေနရာႏွင့္ စီမံခ်က္မ်ားသည္ စစ္ေရးတြင္ လွ်ိဳ႕ဝွက္လုပ္ေဆာင္ရမည့္အရာမ်ားျဖစ္ၿပီး ဆိုရွယ္မီဒီယာတြင္ သတင္းလုံၿခဳံ ေရးစည္းမ်ား က်ိဳးေပါက္မႈကို မၾကာခဏ ေတြ႕ေနရေၾကာင္း ဦးရည္မြန္က ဆို သည္။

ထို႔ေၾကာင့္ PDF မ်ားအေနျဖင့္ အရပ္သား တေယာက္ကဲ့သို႔ ဆိုရွယ္မီဒီယာကို လြတ္လြတ္လပ္လပ္သုံးရန္ မသင့္ေတာ္ေၾကာင္းကို ဝန္ႀကီးက သတိေပးေျပာ ဆိုလိုက္ျခင္း ျဖစ္သည္။”ဆိုရွယ္မီဒီယာေခတ္မွာ သတင္း လုံၿခဳံေရးစည္းက်ိဳးေပါက္မႈကို မၾကာခဏ ေတြ႕ေနရတယ္။ အရပ္သား တေယာက္လို ဆိုရွယ္မီဒီယာကို လြတ္လြတ္လပ္လပ္ သုံးဖို႔ မသင့္ေတာ္ဘူး ဆိုတာ ရဲေဘာ္တို႔ သတိျပဳေစလိုတယ္။

စစ္ေျမျပင္ဆိုတာ အသက္နဲ႔ရင္းရတဲ့ နယ္ေျမ ျဖစ္တယ္။ စစ္သားတေယာက္အတြက္ သတိ၊ ဝီရိယ ဆိုတာ ပိုတယ္မရွိ။ တဦးခ်င္း လုံၿခဳံမႈ၊ တပ္ဖြဲ႕ လုံၿခဳံမႈ၊ စခန္း လုံၿခဳံမႈအတြက္၂၄ နာရီ သတိမျပတ္ ရွိေနၾကရမွာ ျဖစ္တယ္” ဟု ဦးရည္မြန္က ေျပာသည္။

ႏိုင္ငံႏွင့္ ျပည္သူမ်ား၏ လုံၿခဳံေရးကို အာမခံႏိုင္သည့္ Professional တပ္မေတာ္ တရပ္ျဖစ္ရန္ ရည္မွန္းထားသည့္အတြက္ ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ား အေနျဖင့္ စစ္ဘက္ဆိုင္ရာ က်င့္ဝတ္မ်ားကို ေလးစားလိုက္နာၾကရန္ႏွင့္ အမိန႔္ေပးကြပ္ကဲမႈစနစ္တြင္ ပါဝင္ၾကရန္လည္း ဦးရည္မြန္က တိုက္တြန္း ေျပာဆိုသည္။

ထို႔ျပင္ ပုံစံက်သည့္ တပ္မေတာ္တခု ျဖစ္ေရးအတြက္ လိုအပ္သည့္ မြမ္းမံသင္တန္းႏွင့္ ေလ့က်င့္မႈမ်ား တၿပိဳင္နက္တည္း ေဆာင္႐ြက္ေနမႈမ်ားတြင္ PDF အရာရွိသင္တန္းျဖစ္သည့္ တပ္ခြဲမႉး သင္တန္းကို အပတ္စဥ္ ၁ စတင္ႏိုင္ၿပီ ျဖစ္ေၾကာင္း ကာကြယ္ေရး ဝန္ႀကီးဌာနထံက သိရသည္။

ၿပီးခဲ့သည့္ ၁ ႏွစ္အတြင္း ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္၊ တပ္ရင္း ၃၀၀ ေက်ာ္ ဖြဲ႕စည္းထားၿပီး ႏိုင္ငံတြင္း ၿမိဳ႕နယ္ ၃၃၀ အနက္မွ ၂၅၀ ေက်ာ္တြင္ ၿမိဳ႕ နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (ပ.က.ဖ) မ်ား ဖြဲ႕စည္းထားၿပီး ျဖစ္ေၾကာင္းလည္း NUG ထုတ္ျပန္သည့္ အခ်က္လက္မ်ားအရ သိရသည္။ျပည္သူ႔ ခုခံေတာ္လွန္စစ္ ေၾကညာၿပီး ၁ ႏွစ္အၾကာတြင္ ေတာ္လွန္ေရး အင္ အားစုမ်ား နယ္ေျမစိုးမိုးထားသည့္ ၿမိဳ႕နယ္ ၂၄ ခု တြင္ တရားစီရင္ေရး ယႏၲရားမ်ား ေဖာ္ေဆာင္ႏိုင္ၿပီ ျဖစ္ေၾကာင္း သိရသည္။

PDF များ ဆိုရှယ်မီဒီယာ အသုံးပြုမှု NUG ကာကွယ်ရေး ဝန်ကြီး သတိပေး

ဧရာဝတီ၊ စက်တင်ဘာ ၁၄၊ ၂၀၂၂

ဆိုရှယ်မီဒီယာတွင် စစ်ရေးအရ လျှို့ဝှက်ရမည့် သတင်း လုံခြုံမှုများ မကြာ ခဏ ကျိုးပေါက်နေသည့်အတွက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဆိုရှယ်မီဒီယာ အသုံးပြုမှုကို သတိပြုကြရန် အမျိုးသားညီညွတ် ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။ယနေ့တွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ပြောသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့၏ အင်အား၊ လက်နက်၊ တည်နေရာနှင့် စီမံချက်များသည် စစ်ရေးတွင် လျှို့ဝှက်လုပ်ဆောင်ရမည့်အရာများဖြစ်ပြီး ဆိုရှယ်မီဒီယာတွင် သတင်းလုံခြုံ ရေးစည်းများ ကျိုးပေါက်မှုကို မကြာခဏ တွေ့နေရကြောင်း ဦးရည်မွန်က ဆို သည်။ထို့ကြောင့် PDF များအနေဖြင့် အရပ်သား တယောက်ကဲ့သို့ ဆိုရှယ်မီဒီယာကို လွတ်လွတ်လပ်လပ်သုံးရန် မသင့်တော်ကြောင်းကို ဝန်ကြီးက သတိပေးပြော ဆိုလိုက်ခြင်း ဖြစ်သည်။

“ဆိုရှယ်မီဒီယာခေတ်မှာ သတင်း လုံခြုံရေးစည်းကျိုးပေါက်မှုကို မကြာခဏ တွေ့နေရတယ်။ အရပ်သား တယောက်လို ဆိုရှယ်မီဒီယာကို လွတ်လွတ်လပ်လပ် သုံးဖို့ မသင့်တော်ဘူး ဆိုတာ ရဲဘော်တို့ သတိပြုစေလိုတယ်။စစ်မြေပြင်ဆိုတာ အသက်နဲ့ရင်းရတဲ့ နယ်မြေ ဖြစ်တယ်။ စစ်သားတယောက်အတွက် သတိ၊ ဝီရိယ ဆိုတာ ပိုတယ်မရှိ။ တဦးချင်း လုံခြုံမှု၊ တပ်ဖွဲ့ လုံခြုံမှု၊ စခန်း လုံခြုံမှုအတွက်၂၄ နာရီ သတိမပြတ် ရှိနေကြရမှာ ဖြစ်တယ်” ဟု ဦးရည်မွန်က ပြောသည်။

နိုင်ငံနှင့် ပြည်သူများ၏ လုံခြုံရေးကို အာမခံနိုင်သည့် Professional တပ်မတော် တရပ်ဖြစ်ရန် ရည်မှန်းထားသည့်အတွက် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို လေးစားလိုက်နာကြရန်နှင့် အမိန့်ပေးကွပ်ကဲမှုစနစ်တွင် ပါဝင်ကြရန်လည်း ဦးရည်မွန်က တိုက်တွန်း ပြောဆိုသည်။

ထို့ပြင် ပုံစံကျသည့် တပ်မတော်တခု ဖြစ်ရေးအတွက် လိုအပ်သည့် မွမ်းမံသင်တန်းနှင့် လေ့ကျင့်မှုများ တပြိုင်နက်တည်း ဆောင်ရွက်နေမှုများတွင် PDF အရာရှိသင်တန်းဖြစ်သည့် တပ်ခွဲမှူး သင်တန်းကို အပတ်စဉ် ၁ စတင်နိုင်ပြီ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနထံက သိရသည်။

ပြီးခဲ့သည့် ၁ နှစ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း ၃၀၀ ကျော် ဖွဲ့စည်းထားပြီး နိုင်ငံတွင်း မြို့နယ် ၃၃၀ အနက်မှ ၂၅၀ ကျော်တွင် မြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) များ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်းလည်း NUG ထုတ်ပြန်သည့် အချက်လက်များအရ သိရသည်။

ပြည်သူ့ ခုခံတော်လှန်စစ် ကြေညာပြီး ၁ နှစ်အကြာတွင် တော်လှန်ရေး အင် အားစုများ နယ်မြေစိုးမိုးထားသည့် မြို့နယ် ၂၄ ခု တွင် တရားစီရင်ရေး ယန္တရားများ ဖော်ဆောင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။