Local News

အေရးေပၚသတိေပးခ်က္ ထုတ္ျပန္

ရခိုင္တြင္ တိုက္ပြဲမ်ားျပင္းထန္လာႏိုင္သည္ဟု AA အေရးေပၚသတိေပးခ်က္ ထုတ္ျပန္

ေျမလတ္အသံ၊ စက္တင္ဘာ ၁၄၊ ၂၀၂၂။

စစ္ေကာင္စီသည္ ရခိုင္ျပည္အႏွံ႔ရွိ ၎တို႔၏တပ္စခန္းမ်ားသို႔ စစ္အင္အားလက္နက္ခဲယမ္းမ်ားကို စစ္သေဘၤာစစ္ကား၊ စစ္ရဟတ္ယာဥ္ အပါ အဝင္ အရပ္ဖက္သုံး ခရီးသည္တင္ ေလယာဥ္၊ ကား၊ ေမာ္ေတာ္ဘုတ္အျမန္ေရယာဥ္မ်ားျဖင့္ ကုန္းလမ္း၊ ေရလမ္း၊ ေလေၾကာင္းလမ္းမ်ားကိုအသုံးျပဳၿပီး အင္အားျဖည့္တင္းေန၍ ျပင္းထန္တိုက္ပြဲမ်ား ျဖစ္ေပၚလာႏိုင္သည္ဟု ယေန႔စက္တင္ဘာ ၁၄ ရက္ေန႔ ညေနပိုင္းတြင္ ရကၡိဳင့္တပ္ေတာ္ (AA)က သတိေပးထုတ္ျပန္လိုက္သည္။

စစ္ေကာင္စီကယခုလိုျပဳလုပ္‌ေန၍ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ ၎တို႔သြားလာေနၾကသည့္လမ္းေၾကာင္းမ်ားတြင္ ေျပးဆြဲေနၾကေသာ ကုန္းလမ္း၊ ေရလမ္း ယာဥ္မ်ားအားလုံးကို စစ္ေရးအေျခအ ေနလိုအပ္ခ်က္အရ ရပ္တန႔္ခိုင္း၍ စစ္ေဆးမႈမ်ားျပဳလုပ္သြားမည္ ဟု AA ကဆိုသည္။

အလားတူ ရကၡိဳင္ႏွင့္ ပလက္ဝေဒသ အတြင္း စစ္ေရးတင္းမာမႈတိုက္ပြဲျဖစ္ပြားမႈမ်ား ျပင္းထန္လာျခင္းႏွင့္အတူ ေနာက္ထပ္တိုက္ပြဲမ်ား ေနရာအႏွံ႔ႀကီးႀကီးမားမား ျဖစ္ေပၚလာႏိုင္ေသာေၾကာင့္ AA အေနျဖင့္ ယခုကဲ့သို႔ ကုန္းလမ္း၊ ေရလမ္း ခရီးသြားလာမႈမ်ားကို ကန႔္သတ္စစ္ေဆးရျခင္းျဖစ္ပါသည္ဟု ဆိုသည္။

စစ္ေကာင္စီသည္ ယခင္ရက္သတၱပတ္မ်ားအတြင္း ၎တို႔ဆုံးရႈံးခဲ့ရၿပီး မိမိတို႔တပ္စြဲစခန္းခ်ထားေသာ ေနရာမ်ားျဖစ္သည့္ ရကၡိဳင္-ဘဂၤလား နယ္စပ္အနီး မိုင္တိုင္အမွတ္ (၄၀) စခန္း ႏွင့္ ခမရ (၃၅၂) တပ္ရင္း စခန္းကုန္း မ်ားအျပင္ ပလက္ဝေဒသအပါအဝင္ အျခားေသာေနရာအခ်ိဳ႕ကိုလည္း ဂ်က္တိုက္ေလယာဥ္၊ လက္နက္ႀကီးပစ္ကူ အေျမာက္အျမားျဖင့္ ျပန္လည္ထိုးစစ္ဆင္တိုက္ခိုက္ေနသည့္ ကာလလည္းျဖစ္သည္။

ထို႔ေၾကာင့္ ကုန္းလမ္း၊ ေရလမ္း သယ္ယူပို႔ေဆာင္ေရးကိုျပဳလုပ္ေနၾကေသာ ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ ရကၡိဳင္ျပည္သူ႔အစိုးရ၏ ေဒသဆိုင္ရာ ႏိုင္ငံေရး႐ုံး၊ အုပ္ခ်ဳပ္ေရး႐ုံး၊ နယ္ေျမ႐ုံးမ်ားတြင္ သတင္းပို႔၍ သြားလာၾက ရန္ႏွင့္ စစ္ေဆးမႈမ်ားကို ၾကည္ျဖဴစြာခံယူၾကရန္ အသိေပးအပ္ပါသည္။

မိမိတို႔ထံသတင္းမပို႔ဘဲ သြားလာျခင္းမျပဳလုပ္ၾကရန္ႏွင့္ သတင္းမပို႔ဘဲသြားလာ၍ တစုံတရာျပႆနာျဖစ္ေပၚပါက ၎သြားလာၾကသူမ်ား၏ တာဝန္သာျဖစ္ပါေၾကာင္း ထုတ္ျပန္လိုက္သည္။

ေျမလတ္အသံ

ရခိုင်တွင် တိုက်ပွဲများပြင်းထန်လာနိုင်သည်ဟု AA အရေးပေါ်သတိပေးချက် ထုတ်ပြန်

မြေလတ်အသံ၊ စက်တင်ဘာ ၁၄၊ ၂၀၂၂။

စစ်ကောင်စီသည် ရခိုင်ပြည်အနှံ့ရှိ ၎င်းတို့၏တပ်စခန်းများသို့ စစ်အင်အားလက်နက်ခဲယမ်းများကို စစ်သင်္ဘောစစ်ကား၊ စစ်ရဟတ်ယာဉ် အပါ အဝင် အရပ်ဖက်သုံး ခရီးသည်တင် လေယာဉ်၊ ကား၊ မော်တော်ဘုတ်အမြန်ရေယာဉ်များဖြင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများကိုအသုံးပြုပြီး အင်အားဖြည့်တင်းနေ၍ ပြင်းထန်တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည်ဟု ယနေ့စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရက္ခိုင့်တပ်တော် (AA)က သတိပေးထုတ်ပြန်လိုက်သည်။

စစ်ကောင်စီကယခုလိုပြုလုပ်‌နေ၍ ရက္ခိုင့်တပ်တော်အနေဖြင့် ၎င်းတို့သွားလာနေကြသည့်လမ်းကြောင်းများတွင် ပြေးဆွဲနေကြသော ကုန်းလမ်း၊ ရေလမ်း ယာဉ်များအားလုံးကို စစ်ရေးအခြေအ နေလိုအပ်ချက်အရ ရပ်တန့်ခိုင်း၍ စစ်ဆေးမှုများပြုလုပ်သွားမည် ဟု AA ကဆိုသည်။

အလားတူ ရက္ခိုင်နှင့် ပလက်ဝဒေသ အတွင်း စစ်ရေးတင်းမာမှုတိုက်ပွဲဖြစ်ပွားမှုများ ပြင်းထန်လာခြင်းနှင့်အတူ နောက်ထပ်တိုက်ပွဲများ နေရာအနှံ့ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်သောကြောင့် AA အနေဖြင့် ယခုကဲ့သို့ ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာမှုများကို ကန့်သတ်စစ်ဆေးရခြင်းဖြစ်ပါသည်ဟု ဆိုသည်။

စစ်ကောင်စီသည် ယခင်ရက်သတ္တပတ်များအတွင်း ၎င်းတို့ဆုံးရှုံးခဲ့ရပြီး မိမိတို့တပ်စွဲစခန်းချထားသော နေရာများဖြစ်သည့် ရက္ခိုင်-ဘင်္ဂလား နယ်စပ်အနီး မိုင်တိုင်အမှတ် (၄၀) စခန်း နှင့် ခမရ (၃၅၂) တပ်ရင်း စခန်းကုန်း များအပြင် ပလက်ဝဒေသအပါအဝင် အခြားသောနေရာအချို့ကိုလည်း ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကာလလည်းဖြစ်သည်။

ထို့ကြောင့် ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေးကိုပြုလုပ်နေကြသော ယာဉ်ပိုင်ရှင်များအနေဖြင့် ရက္ခိုင်ပြည်သူ့အစိုးရ၏ ဒေသဆိုင်ရာ နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးများတွင် သတင်းပို့၍ သွားလာကြ ရန်နှင့် စစ်ဆေးမှုများကို ကြည်ဖြူစွာခံယူကြရန် အသိပေးအပ်ပါသည်။

မိမိတို့ထံသတင်းမပို့ဘဲ သွားလာခြင်းမပြုလုပ်ကြရန်နှင့် သတင်းမပို့ဘဲသွားလာ၍ တစုံတရာပြဿနာဖြစ်ပေါ်ပါက ၎င်းသွားလာကြသူများ၏ တာဝန်သာဖြစ်ပါကြောင်း ထုတ်ပြန်လိုက်သည်။

မြေလတ်အသံ