Local News

စစ္ေကာင္စီေရေၾကာင္းဦးစီးဌာနက အျမန္ေရယာဥ္‌ေျပးဆြဲမႈမ်ားရပ္နားခိုင္း

AA က အေရးေပၚထုတ္ျပန္ၿပီးေနာက္ စစ္ေကာင္စီေရေၾကာင္းဦးစီးဌာနက အျမန္ေရယာဥ္‌ေျပးဆြဲမႈမ်ား ယာယီရပ္နားခိုင္း

ေျမလတ္အသံ၊ စက္တင္ဘာ ၁၄၊ ၂၀၂၂။

ရကၡိဳင့္တပ္ေတာ္(AA)က ရခိုင္တြင္တိုက္ပြဲမ်ား ျပင္းထန္လာႏိုင္သည္ဟု အေရးေပၚထုတ္ျပန္ၿပီးေနာက္ စစ္ေကာင္စီေရေၾကာင္းဦးစီးဌာနက ျပည္နယ္အတြင္းေျပးဆြဲေနေသာေရေၾကာင္းလိုင္းမ်ားကို မနက္ျဖန္ စက္တင္ဘာ ၁၅ ရက္မွစတင္ကာ ရပ္နားခိုင္းခဲ့ေၾကာင္း အျမန္ေရယာဥ္လုပ္ငန္းမ်ားထံက သိရသည္။

ရပ္နားထားသည့္လိုင္းမ်ားမွာ စစ္ေတြ-မင္းျပား-ေပါက္ေတာ-ရေသ့ေတာင္-ဘူးသီးေတာင္-ေျမာက္ဦး စသည္တို႔ျဖစ္သည္။သို႔ေသာ္လည္း စစ္ေတြ-ေတာင္ကုတ္ခရီးစဥ္ တခုတည္းသာေျပးဆြဲခြင့္ျပဳထားသည္ ဟု ေ႐ႊျပည္တန္အျမန္ေရယာဥ္မွ မန္ေနဂ်ာဦးစံေမာ္သိန္းက ေျမလတ္အသံကို ေျပာသည္။

“ေရေၾကာင္းဦးစီးဌာနက က်ေနာ္တို႔ကိုေတာင္ကုတ္ခရီးစဥ္ကလြဲလို႔ က်န္တဲ့ခရီးစဥ္ေတြကို ရပ္နားထားလို႔ ေျပာလို႔ရပ္ထားတာပါ။ ဘယ္အခ်ိန္ထိ ရပ္နားထားရမလဲေတာ့မသိဘူး။ မနက္ျဖန္အစည္းအေဝးရွိတယ္။ အဲဒီအစည္းေဝးၿပီးမွပဲ ဘယ္ေလာက္ထိရပ္နားထားရမလဲဆိုတာကို တိတိက်က်ေျပာလို႔ရမယ္” ဟုဆိုသည္။

အဆိုပါစစ္‌ေတြ- ေတာင္ကုတ္ခရီးစဥ္မွာ အပတ္စဥ္ အဂၤါႏွင့္ေသာၾကာ ၂ ရက္တည္းသာေျပးဆြဲၿပီး မနက္ျဖန္ (စက္တင္ဘာ ၁၅) ရက္အတြက္ ႀကိဳတင္လက္မွတ္ဝယ္ယူထားသူမ်ားအေနျဖင့္လည္း ႐ုံးခ်ိန္အတြင္း ေငြျပန္လည္ယူ၍ ရသည္ဟုဆိုသည္။

လက္ရွိရခိုင္ျပည္နယ္တြင္ စစ္ေရးတင္းမာေနသည့္အတြက္ ကုန္းလမ္းမွကားျဖင့္သြားလွ်င္ စစ္ေဆးမႈမ်ားတင္းၾကပ္ေန၍ သြားလာမႈမ်ားကို ေရေၾကာင္းသာအားကိုေနရသည့္အခ်ိန္တြင္ ယခုလိုေရေၾကာင္းကိုရပ္နားလိုက္ေသာေၾကာင့္ အခက္အခဲမ်ားျဖစ္သြားသည္ဟု ခရီးသည္တဦးကေျပာသည္။

“က်မက ရန္ကုန္ကေနမနက္ျဖန္စစ္ေတြလာမွာ။ စစ္ေတြကေနမင္းျပားကို ေ႐ႊျပည္တန္နဲ႔သြားမယ္လို႔ စီစဥ္ထားတာ။ အခုရပ္နားလိုက္ေတာ့ အရမ္းကိုစိတ္မေကာင္းျဖစ္သြားတယ္။ စီစဥ္ထားတာေတြလည္း ပ်က္ကုန္တာေပါ့။ ျဖစ္ႏိုင္ရင္ကားနဲ႔ကလုံးဝမသြားခ်င္ဘူး” ဟုဆိုသည္။

စစ္ေကာင္စီသည္ ရခိုင္ျပည္အႏွံ႔ရွိ ၎တို႔၏တပ္စခန္းမ်ားသို႔ စစ္အင္အား၊ လက္နက္ခဲယမ္းမ်ားကို စစ္သေဘၤာ၊ စစ္ကား၊ စစ္ရဟတ္ယာဥ္အပါအဝင္ အရပ္ဖက္သုံးခရီးသည္တင္ေလယာဥ္၊ ကား၊ ေမာ္ေတာ္ဘုတ္၊ အျမန္ေရယာဥ္မ်ားျဖင့္ ကုန္းလမ္း၊ ေရလမ္း၊ ေလေၾကာင္းလမ္းမ်ားကိုအသုံးျပဳၿပီး အင္အားျဖည့္တင္းေနသည္ဟု AAက ထုတ္ျပန္လိုက္သည္။

ယင္းသို႔ထုတ္ျပန္ၿပီးေနာက္ ကုန္းလမ္း၊ ေရလမ္းသယ္ယူပို႔ေဆာင္ေရးကိုျပဳလုပ္ေနၾကေသာ ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ ရကၡိဳင္ျပည္သူ႔အစိုးရ၏ေဒသဆိုင္ရာ ႏိုင္ငံေရး႐ုံး၊ အုပ္ခ်ဳပ္ေရး႐ုံး၊ နယ္ေျမ႐ုံးမ်ားတြင္ သတင္းပို႔၍သြားလာၾကရန္ႏွင့္ စစ္ေဆးမႈမ်ားကို ၾကည္ျဖဴစြာခံယူၾကရန္ အသိေပးအပ္ပါသည္။

မိမိတို႔ထံသတင္းမပို႔ဘဲ သြားလာျခင္းမျပဳလုပ္ၾကရန္ႏွင့္ သတင္းမပို႔ဘဲသြားလာ၍ တစုံတရာျပႆနာျဖစ္ေပၚပါက ၎သြားလာၾကသူမ်ား၏ တာဝန္သာျဖစ္ပါေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ေျမလတ္အသံ

AA က အရေးပေါ်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီရေကြောင်းဦးစီးဌာနက အမြန်ရေယာဉ်‌ပြေးဆွဲမှုများ ယာယီရပ်နားခိုင်း

မြေလတ်အသံ၊ စက်တင်ဘာ ၁၄၊ ၂၀၂၂။

ရက္ခိုင့်တပ်တော်(AA)က ရခိုင်တွင်တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု အရေးပေါ်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီရေကြောင်းဦးစီးဌာနက ပြည်နယ်အတွင်းပြေးဆွဲနေသောရေကြောင်းလိုင်းများကို မနက်ဖြန် စက်တင်ဘာ ၁၅ ရက်မှစတင်ကာ ရပ်နားခိုင်းခဲ့ကြောင်း အမြန်ရေယာဉ်လုပ်ငန်းများထံက သိရသည်။

ရပ်နားထားသည့်လိုင်းများမှာ စစ်တွေ-မင်းပြား-ပေါက်တော-ရသေ့တောင်-ဘူးသီးတောင်-မြောက်ဦး စသည်တို့ဖြစ်သည်။သို့သော်လည်း စစ်တွေ-တောင်ကုတ်ခရီးစဉ် တခုတည်းသာပြေးဆွဲခွင့်ပြုထားသည် ဟု ရွှေပြည်တန်အမြန်ရေယာဉ်မှ မန်နေဂျာဦးစံမော်သိန်းက မြေလတ်အသံကို ပြောသည်။

“ရေကြောင်းဦးစီးဌာနက ကျနော်တို့ကိုတောင်ကုတ်ခရီးစဉ်ကလွဲလို့ ကျန်တဲ့ခရီးစဉ်တွေကို ရပ်နားထားလို့ ပြောလို့ရပ်ထားတာပါ။ ဘယ်အချိန်ထိ ရပ်နားထားရမလဲတော့မသိဘူး။ မနက်ဖြန်အစည်းအဝေးရှိတယ်။ အဲဒီအစည်းဝေးပြီးမှပဲ ဘယ်လောက်ထိရပ်နားထားရမလဲဆိုတာကို တိတိကျကျပြောလို့ရမယ်” ဟုဆိုသည်။

အဆိုပါစစ်‌တွေ- တောင်ကုတ်ခရီးစဉ်မှာ အပတ်စဉ် အင်္ဂါနှင့်သောကြာ ၂ ရက်တည်းသာပြေးဆွဲပြီး မနက်ဖြန် (စက်တင်ဘာ ၁၅) ရက်အတွက် ကြိုတင်လက်မှတ်ဝယ်ယူထားသူများအနေဖြင့်လည်း ရုံးချိန်အတွင်း ငွေပြန်လည်ယူ၍ ရသည်ဟုဆိုသည်။

လက်ရှိရခိုင်ပြည်နယ်တွင် စစ်ရေးတင်းမာနေသည့်အတွက် ကုန်းလမ်းမှကားဖြင့်သွားလျှင် စစ်ဆေးမှုများတင်းကြပ်နေ၍ သွားလာမှုများကို ရေကြောင်းသာအားကိုနေရသည့်အချိန်တွင် ယခုလိုရေကြောင်းကိုရပ်နားလိုက်သောကြောင့် အခက်အခဲများဖြစ်သွားသည်ဟု ခရီးသည်တဦးကပြောသည်။

“ကျမက ရန်ကုန်ကနေမနက်ဖြန်စစ်တွေလာမှာ။ စစ်တွေကနေမင်းပြားကို ရွှေပြည်တန်နဲ့သွားမယ်လို့ စီစဉ်ထားတာ။ အခုရပ်နားလိုက်တော့ အရမ်းကိုစိတ်မကောင်းဖြစ်သွားတယ်။ စီစဉ်ထားတာတွေလည်း ပျက်ကုန်တာပေါ့။ ဖြစ်နိုင်ရင်ကားနဲ့ကလုံးဝမသွားချင်ဘူး” ဟုဆိုသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အနှံ့ရှိ ၎င်းတို့၏တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယမ်းများကို စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ်အပါအဝင် အရပ်ဖက်သုံးခရီးသည်တင်လေယာဉ်၊ ကား၊ မော်တော်ဘုတ်၊ အမြန်ရေယာဉ်များဖြင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများကိုအသုံးပြုပြီး အင်အားဖြည့်တင်းနေသည်ဟု AAက ထုတ်ပြန်လိုက်သည်။

ယင်းသို့ထုတ်ပြန်ပြီးနောက် ကုန်းလမ်း၊ ရေလမ်းသယ်ယူပို့ဆောင်ရေးကိုပြုလုပ်နေကြသော ယာဉ်ပိုင်ရှင်များအနေဖြင့် ရက္ခိုင်ပြည်သူ့အစိုးရ၏ဒေသဆိုင်ရာ နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးများတွင် သတင်းပို့၍သွားလာကြရန်နှင့် စစ်ဆေးမှုများကို ကြည်ဖြူစွာခံယူကြရန် အသိပေးအပ်ပါသည်။

မိမိတို့ထံသတင်းမပို့ဘဲ သွားလာခြင်းမပြုလုပ်ကြရန်နှင့် သတင်းမပို့ဘဲသွားလာ၍ တစုံတရာပြဿနာဖြစ်ပေါ်ပါက ၎င်းသွားလာကြသူများ၏ တာဝန်သာဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြေလတ်အသံ