ရန္ကုန္ စမ္းေခ်ာင္း ရပ္ကြက္႐ုံး၊ ေျမာက္ဥကၠလာ ယာဥ္ထိန္းရဲကင္း၊ သာေကတ၊ ၾကည့္ျမင္တိုင္တို႔တြင္ ဗုံးကြဲမႈမ်ားျဖစ္ပြား
ရန္ကုန္၊ စက္တင္ဘာ ၁၄
ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္ ရပ္ကြက္႐ုံး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ယာဥ္ထိန္းရဲကင္း၊ သာေကတၿမိဳ႕ နယ္ႏွင့္ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တို႔တြင္ ယေန႔ ဗုံးကြဲမႈမ်ား ဆက္တိုက္ျဖစ္ပြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။
စက္တင္ဘာ ၁၄ ရက္ေန႔ ည ၈ နာရီ ၁၅ မိနစ္အခ်ိန္ ကြၽန္းေတာေတာင္ရပ္ ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးတြင္ ဗုံးေပါက္ကြဲခဲ့ေၾကာင္း ၊ လူထိခိုက္မႈမရွိေသာ္ လည္း ေပါက္ကြဲသံ အလြန္က်ယ္ေလာင္ေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။
“ဗုံးေပါက္တာက ရပ္ကြက္႐ုံးနားမွာ ေပါက္တာ။ အသံအရမ္းကိုက်ယ္တာ။ ခဏ ေနေတာ့ ေခြးေတြ အရပ္ဝတ္ေတြနဲ႔ ေရာက္လာၾကတယ္။ ၿပီးေတာ့ DC ကား ႏွစ္စီးနဲ႔ လမ္းေတြ လိုက္ပတ္ေနတယ္။ စမ္းေခ်ာင္းမွာ ဗုံး မေပါက္တာ နည္းနည္းၾကာသြားၿပီ။ အခု ဗုံးသံျပန္ၾကားရေတာ့ ရင္ေတာင္ ခုန္တယ္” ဟု စမ္းေခ်ာင္း ေ႐ႊလဝင္းလမ္းတြင္ ေနထိုင္သူ ျပည္သူတစ္ဦးက ေျပာသည္။
အလားတူ ယေန႔ နံနက္ပိုင္း ေျမာက္ဥကၠလာ အ၀ိုင္း၊ ေခမာသီလမ္း၊ မီတာ႐ုံးႏွင့္ ယာဥ္ထိန္း႐ုံး အနီးတြင္ ယေန႔ နံနက္ပိုင္း ေတြ႕ရွိရသျဖင့္ စစ္တပ္က လမ္း ပိတ္ဆို႔ ေဖာက္ခြဲလိုက္ေၾကာင္း သိရွိရသည္။
“ေျမာက္ဥကၠလာအဝိုင္း ေခမာသီလမ္းနားမွာ ယာဥ္ထိန္း႐ုံးနားမွာ ဗုံးေတြ႕လို႔ဆိုၿပီး စစ္တပ္က လမ္းပိတ္တယ္။ မီတာ႐ုံးနဲ႔လည္း နီးတယ္။ ဒီေန႔ နံနက္ ၉နာရီခြဲေလာက္ကဗုံးေတြ႕တယ္။ အေတာ္ၾကာလမ္းေတြပိတ္ထားတယ္။ မနက္ ၁၀ နာရီ ၅၀ က်ေတာ့ ဗုံးကို ခြဲလိုက္တယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။
ယင္းအျပင္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္လည္း ယေန႔ နံနက္ ၁၁ ခြဲအခ်ိန္ ဗုံးေပါက္ကြဲခဲ့ေၾကာင္း ၊ ယေန႔ နံနက္ ၁၁ နာရီဝန္းက်င္ သာေကတၿမိဳနယ္၊ ရႈခင္း သာရပ္ကြက္၊ ရႈခင္းသာၿမိဳပတ္လမ္း EMERAL BAY ဝင္းၿခံစည္း႐ိုးအနီးတြင္ ဗုံးေတြ႕ရွိ၍ စစ္တပ္က ေဖာက္ခြဲလိုက္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ယမန္ႏွစ္ မတ္လ စမ္းေခ်ာင္းကို ဝင္စီးခဲ့ၾကသည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား။
Photo – Reuters
ရန်ကုန် စမ်းချောင်း ရပ်ကွက်ရုံး၊ မြောက်ဥက္ကလာ ယာဉ်ထိန်းရဲကင်း၊ သာကေတ၊ ကြည့်မြင်တိုင်တို့တွင် ဗုံးကွဲမှုများဖြစ်ပွား
ရန်ကုန်၊ စက်တင်ဘာ ၁၄
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ရပ်ကွက်ရုံး၊ မြောက်ဥက္ကလာပမြို့နယ် ယာဉ်ထိန်းရဲကင်း၊ သာကေတမြို့ နယ်နှင့်ကြည့်မြင်တိုင်မြို့နယ်တို့တွင် ယနေ့ ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
စက်တင်ဘာ ၁၄ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် ကျွန်းတောတောင်ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ၊ လူထိခိုက်မှုမရှိသော် လည်း ပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
“ဗုံးပေါက်တာက ရပ်ကွက်ရုံးနားမှာ ပေါက်တာ။ အသံအရမ်းကိုကျယ်တာ။ ခဏ နေတော့ ခွေးတွေ အရပ်ဝတ်တွေနဲ့ ရောက်လာကြတယ်။ ပြီးတော့ DC ကား နှစ်စီးနဲ့ လမ်းတွေ လိုက်ပတ်နေတယ်။ စမ်းချောင်းမှာ ဗုံး မပေါက်တာ နည်းနည်းကြာသွားပြီ။ အခု ဗုံးသံပြန်ကြားရတော့ ရင်တောင် ခုန်တယ်” ဟု စမ်းချောင်း ရွှေလဝင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။
အလားတူ ယနေ့ နံနက်ပိုင်း မြောက်ဥက္ကလာ အဝိုင်း၊ ခေမာသီလမ်း၊ မီတာရုံးနှင့် ယာဉ်ထိန်းရုံး အနီးတွင် ယနေ့ နံနက်ပိုင်း တွေ့ရှိရသဖြင့် စစ်တပ်က လမ်း ပိတ်ဆို့ ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။
“မြောက်ဥက္ကလာအဝိုင်း ခေမာသီလမ်းနားမှာ ယာဉ်ထိန်းရုံးနားမှာ ဗုံးတွေ့လို့ဆိုပြီး စစ်တပ်က လမ်းပိတ်တယ်။ မီတာရုံးနဲ့လည်း နီးတယ်။ ဒီနေ့ နံနက် ၉နာရီခွဲလောက်ကဗုံးတွေ့တယ်။ အတော်ကြာလမ်းတွေပိတ်ထားတယ်။ မနက် ၁၀ နာရီ ၅၀ ကျတော့ ဗုံးကို ခွဲလိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် ကြည့်မြင်တိုင်မြို့နယ်တွင်လည်း ယနေ့ နံနက် ၁၁ ခွဲအချိန် ဗုံးပေါက်ကွဲခဲ့ကြောင်း ၊ ယနေ့ နံနက် ၁၁ နာရီဝန်းကျင် သာကေတမြိုနယ်၊ ရှုခင်း သာရပ်ကွက်၊ ရှုခင်းသာမြိုပတ်လမ်း EMERAL BAY ဝင်းခြံစည်းရိုးအနီးတွင် ဗုံးတွေ့ရှိ၍ စစ်တပ်က ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နှစ် မတ်လ စမ်းချောင်းကို ဝင်စီးခဲ့ကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ။
Photo – Reuters