Local News

မေကြး၊ ေရလယ္ကြၽန္းရွိ မိုင္းကြင္းထဲသို႔ ခမရ ၁၀၁ စစ္ေၾကာင္း ဝင္ေရာက္သြားၿပီး

မေကြး၊ ေရလယ္ကြၽန္းရွိ မိုင္းကြင္းထဲသို႔ ခမရ ၁၀၁ စစ္ေၾကာင္း ဝင္ေရာက္သြားၿပီး စစ္သား ၈ ဦး မိုင္းထိေသ၊ ၀႐ုန္းသုန္းကား ထြက္ေျပးၾက (႐ုပ္/သံ)

ရန္ကုန္၊ စက္တင္ဘာ၁၄

မေကြးတိုင္း၊ ေရလယ္ကြၽန္းေဒသသို႔ က်ဴးေက်ာ္လာေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္၏ ခမရ ၁၀၁ စစ္ေၾကာင္းကို PDF တပ္ေပါင္းစုက မိုင္းဆြဲတိုက္ခိုက္ရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈ ဦးေသဆုံးသြားေၾကာင္း Black Wolf – People’s Defense Force – MDYမွ ျပန္ၾကားေရးတာဝန္ရွိသူ ဗိုလ္သမိုင္းက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

စက္တင္ဘာလ ၆ ရက္ေန႔ နံနက္ ၁၁ နာရီ ၃၀ မိနစ္အခ်ိန္ ေပါက္ေတာႀကီးဘက္မွ ေရလယ္ကြၽန္းေဒသသို႔ စတင္ဝင္ေရာက္လာေသာ ခမရ ၁၀၁ ၏ စစ္ေၾကာင္း ေပါက္ေတာကြၽန္း႐ြာေဟာင္းကုန္းမွ တက္လာခ်ိန္၌ ေရွ႕ထြက္ပေဒသာမိုင္း ၃တြဲ ၉လုံး ျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သားအခ်ိဳ႕ ေနရာတြင္ပင္လဲက်ေသဆုံးကာ ဒဏ္ရာရရွိသူမ်ားလည္းရွိေၾကာင္း ၊တပ္ၾကပ္တစ္ဦးေသဆုံးမႈ အပါအဝင္ စစ္သား ၈ ဦး ဒဏ္ရာရေသဆုံးႏိုင္ေၾကာင္း သိရွိရသည္။

“ေသဆုံးႏိုင္တယ္ လို႔ တင္ျပေပမယ့္ ေသကိုသြားတာ။ ေျမျပင္ အေျခေနေၾကာင့္ သတင္းတင္တာ ေနာက္က် ခဲ့ရတယ္။ အေျခေနက ခုထိ တင္းမာေနဆဲပါပဲ။ ေခြးေတြက ဝင္လာခ်င္တဲ့ အခ်ိန္ဝင္လာတာ။

လက္နက္ အင္အား ကို ျဖည့္တင္းေပးႏိုင္ရင္ ဒီေတာ္လွန္ေရးက မၾကာဘူး ေအာင္ပြဲ အျမန္ရမွာ အေသခ်ာပါပဲ” ဟု Black Wolf – People’s Defense Force – MDYမွ ျပန္ၾကားေရးတာဝန္ရွိသူ ဗိုလ္သမိုင္းက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

မိုင္းဆြဲတိုက္ခိုက္ရမႈေၾကာင့္ ဒဏ္ရာရရွိသြားေသာ စစ္သားမ်ားႏွင့္အေလာင္းမ်ားကို စစ္တပ္က ဆြဲ၍ အနီးအနားေက်း႐ြာရွိ ဘုန္းႀကီးေက်ာင္းသို႔ ဝင္ေရာက္ခဲ့ေၾကာင္း၊ ထပ္မံ၍ ေပါက္ေတာကြၽန္း႐ြာ‌ေဟာင္းကုန္းသို႔ လူနာမ်ားပို႔ျပန္လာေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားကို မိုင္းကြင္းထဲသို႔ဝင္ေရာက္ခ်ိန္ မိုင္းဆြဲရန္စီစဥ္ခဲ့ေသာ္လည္း ဓားစာခံျပည္သူမ်ားပါေန၍ မစ္ရွင္ဖ်က္သိမ္းလိုက္ရေၾကာင္း သိရွိရသည္။

စစ္ဆင္ေရးကို Black Wolf PDF (MDY) တပ္ရင္း (၃)/တပ္ခြဲ (၃)ႏွင့္အတူ ၊ People’s Defense Force Mandalay (မႏၲေလးခ႐ိုင္တပ္ရင္း၃)၊ စည္ေတာ္ႀကီးေဒသကာကြယ္ေရးေျပာက္က်ားတပ္ဖြဲ႕၊ Shwe Lal Kyun LPDF (SLK LPDF) ၊ KNT ေျပာက္က်ားတပ္စသည့္မဟာမိတ္မ်ားအဖြဲ႕မ်ားျဖင့္ပူးေပါင္းလုပ္ေဆာင္ခဲ့ေၾကာင္း သိရွိရသည္။

မကွေး၊ ရေလယ်ကျွန်းရှိ မိုင်းကွင်းထဲသို့ ခမရ ၁၀၁ စစ်ကြောင်း ဝင်ရောက်သွားပြီး စစ်သား ၈ ဦး မိုင်းထိသေ၊ ဝရုန်းသုန်းကား ထွက်ပြေးကြ (ရုပ်/သံ)

ရန်ကုန်၊ စက်တင်ဘာ၁၄

မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသသို့ ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ ၁၀၁ စစ်ကြောင်းကို PDF တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးသွားကြောင်း Black Wolf – People’s Defense Force – MDYမှ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်သမိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ပေါက်တောကြီးဘက်မှ ရေလယ်ကျွန်းဒေသသို့ စတင်ဝင်ရောက်လာသော ခမရ ၁၀၁ ၏ စစ်ကြောင်း ပေါက်တောကျွန်းရွာဟောင်းကုန်းမှ တက်လာချိန်၌ ရှေ့ထွက်ပဒေသာမိုင်း ၃တွဲ ၉လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအချို့ နေရာတွင်ပင်လဲကျသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိကြောင်း ၊တပ်ကြပ်တစ်ဦးသေဆုံးမှု အပါအဝင် စစ်သား ၈ ဦး ဒဏ်ရာရသေဆုံးနိုင်ကြောင်း သိရှိရသည်။

“သေဆုံးနိုင်တယ် လို့ တင်ပြပေမယ့် သေကိုသွားတာ။ မြေပြင် အခြေနေကြောင့် သတင်းတင်တာ နောက်ကျ ခဲ့ရတယ်။ အခြေနေက ခုထိ တင်းမာနေဆဲပါပဲ။ ခွေးတွေက ဝင်လာချင်တဲ့ အချိန်ဝင်လာတာ။

လက်နက် အင်အား ကို ဖြည့်တင်းပေးနိုင်ရင် ဒီတော်လှန်ရေးက မကြာဘူး အောင်ပွဲ အမြန်ရမှာ အသေချာပါပဲ” ဟု Black Wolf – People’s Defense Force – MDYမှ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်သမိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ရမှုကြောင့် ဒဏ်ရာရရှိသွားသော စစ်သားများနှင့်အလောင်းများကို စစ်တပ်က ဆွဲ၍ အနီးအနားကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထပ်မံ၍ ပေါက်တောကျွန်းရွာ‌ဟောင်းကုန်းသို့ လူနာများပို့ပြန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်းကွင်းထဲသို့ဝင်ရောက်ချိန် မိုင်းဆွဲရန်စီစဉ်ခဲ့သော်လည်း ဓားစာခံပြည်သူများပါနေ၍ မစ်ရှင်ဖျက်သိမ်းလိုက်ရကြောင်း သိရှိရသည်။

စစ်ဆင်ရေးကို Black Wolf PDF (MDY) တပ်ရင်း (၃)/တပ်ခွဲ (၃)နှင့်အတူ ၊ People’s Defense Force Mandalay (မန္တလေးခရိုင်တပ်ရင်း၃)၊ စည်တော်ကြီးဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၊ Shwe Lal Kyun LPDF (SLK LPDF) ၊ KNT ပြောက်ကျားတပ်စသည့်မဟာမိတ်များအဖွဲ့များဖြင့်ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။