Local News

ေတာ္လွန္ေရးအဖြဲ႕ေတြ သတင္းမထုတ္တတ္ရင္ အသက္ႏုတ္ခံရမယ္

ေတာ္လွန္ေရးအဖြဲ႕ေတြ သတင္းမထုတ္တတ္ရင္ အသက္ႏုတ္ခံရမယ္

စစ္အာဏာရွင္ကို လက္နက္ကိုင္ေတာ္လွန္ေနၾကတဲ့ PDF နဲ႔ LPDF ေတြအတြက္ေတာ့ သတင္းဟာ မီးနဲ႔တူပါတယ္။ သုံးတတ္ရင္ ေဆးျဖစ္ၿပီး မသုံးတတ္ရင္ ေဘးျဖစ္ပါလိမ့္မယ္။

မသုံးတတ္လို႔ ေဘးျဖစ္ၿပီး လက္နက္၊ ရိကၡာနဲ႔ စခန္းအျပင္ အသက္ပါေပးလိုက္ရတဲ့ LPDF အဖြဲ႕ေလးေတြလည္း ရွိေနခဲ့ပါၿပီ။ လတ္တေလာ သာဓကကို ျပရရင္ စက္တင္ဘာ ၁၃ ရက္က စစ္ကိုင္းတိုင္း၊ ဘုတလင္ၿမိဳ႕နယ္ထဲမွာ LPDF အဖြဲ႕ဝင္တခ်ိဳ႕ကို စစ္ေကာင္စီတပ္က ပစ္သတ္ခဲ့တဲ့ ျဖစ္စဥ္ကို ၫႊန္ျပရပါလိမ့္မယ္။

သတင္းဓာတ္ပုံကေန ေျခရာခံ

စစ္ေကာင္စီတပ္က ပစ္သတ္ခဲ့သူေတြဟာ ဘုတလင္နယ္အေျခစိုက္ ဒုံးပ်ံ LPDF အဖြဲ႕ဝင္ေတြ ျဖစ္ပါတယ္။ ဒီအဖြဲ႕ဝင္ေတြ ဘယ္႐ြာမွာရွိေနတယ္ဆိုတာကို သတင္းဓာတ္ပုံကေန ေျခရာခံမိတာ ျဖစ္ႏိုင္တယ္လို႔ ေဒသခံေတြ သုံးသပ္ၾကပါတယ္။

ဒုံးပ်ံ LPDF အဖြဲ႕ဟာ စက္တင္ဘာ ၁၀ ရက္က ကူေတာ္ရဲစခန္းေစာင့္အျဖစ္ကေန CDM ဝင္လာတဲ့ စစ္ေကာင္စီတပ္သားကို ေထာက္ပံ့ေၾကးေငြ ေပးအပ္တဲ့ သတင္းဓာတ္ပုံကို ေဖာ္ျပခဲ့တာပါ။ သတင္းဓာတ္ပုံမွာ နံရံခ်ိတ္ထားတဲ့ ဗီႏိုင္းမွာ ေက်း႐ြာအမည္ပါသြားတာကေန ေျခရာခံမိတာ ျဖစ္ႏိုင္တယ္လို႔ ပဲျပစ္ေတာ႐ြာခံတခ်ိဳ႕က သုံးသပ္ပါတယ္။

လွည့္ကြက္နဲ႔ဝင္စီးၿပီ

၁၀ ရက္ေန႔က ထုတ္ျပန္လိုက္တဲ့ သတင္းဓာတ္ပုံပါ ႐ြာအမည္ကို ေတြ႕ရွိထားတဲ့ စစ္ေကာင္စီတပ္က ဗ်ဴဟာကို က်က်နန ေရးဆြဲခဲ့ပုံေပၚပါတယ္။ ၁၃ ရက္ေန႔ မနက္ခင္းမွာ ပစ္မွတ္ရွိရာ ဘုတလင္ၿမိဳ႕နယ္အတြင္းက ပဲျပစ္ေတာေက်း႐ြာဆီကို မိုင္ႏွစ္ဆယ္ေလာက္သာ ကြာေဝးတဲ့ နမခစစ္ဌာနခ်ဳပ္ကေန စစ္ေၾကာင္းတခု ထြက္လာပါတယ္။

အဲ့ဒီစစ္ေၾကာင္း ထြက္လာတယ္လို႔ သတင္းရထားတဲ့ ဒုံးပ်ံအဖြဲ႕သားေတြက စစ္ေၾကာင္းလာရာလမ္းေၾကာင္းကို အာ႐ုံစိုက္ေနစဥ္မွာပဲ တျခားတဖက္ကေန အိမ္စီးကားသုံးၿပီး အရပ္ဝတ္ေတြနဲ႔ ေရာက္လာတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက အလြယ္တကူ စီးနင္းၿပီး သတ္ျဖတ္လိုက္ပါေတာ့တယ္။

စီးနင္းသတ္ျဖတ္မႈေၾကာင့္ ဒုံးပ်ံအဖြဲ႕ဝင္ ၅ ဦးက်ဆုံးၿပီး CDM ဝင္ထားတဲ့ စစ္သား ကိုၿဖိဳးေဝလည္း က်ဆုံးခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ အဖြဲ႕ဝင္ေတြ သတ္ျဖတ္ခံရတဲ့အျပင္ စခန္းဝင္စီးစဥ္ လုပ္ေသနတ္ ၄ လက္၊ စိန္ေျပာင္း ၄ လက္၊ က်ည္ ၃၅၀၊ လက္ပစ္ဗုံး ၅ လုံး၊ ယမ္းမႈန႔္ေတြနဲ႔ ဝရိန္ပုံး၊ သံျဖတ္စက္ေတြလည္း သိမ္းဆည္းခံရတယ္လို႔ သိရပါတယ္။

အေကာင္းဆုံးက အပိတ္ကစား

လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕ေတြအေနနဲ႔ မိမိသတင္းကို အပိတ္ထားတာ အေကာင္းဆုံးပဲလို႔ ၂၀၀၄ ခုႏွစ္မွာ တပ္ဖြဲ႕ဖ်က္သိမ္းျခင္းခံရတဲ့ စစ္ေထာက္လွမ္းေရးေဟာင္း တဦးက ေျပာပါတယ္။ စစ္ေကာင္စီတပ္ဖြဲ႕ဆိုရင္ ယေန႔အခ်ိန္ထိ သူ႔ဘက္က တပ္ဖြဲ႕ဝင္ေတြရဲ႕ အထိခိုက္ ေသဆုံးစာရင္းကို တလုံးတပါဒမွ မထုတ္ျပန္တာကို နမူနာယူသင့္တယ္လို႔ သူက ဆိုပါတယ္။

ဝါရင့္သတင္းစာဆရာတဦးကေတာ့ PDF နဲ႔ LPDF ေတြမွာ စစ္ေကာင္စီနဲ႔မတူတဲ့ သေဘာသဘာဝ ရွိေနတယ္လို႔ သုံးသပ္ပါတယ္။ သူေထာက္ျပတာက စစ္ေကာင္စီဟာ ႏိုင္ငံ့ဘ႑ာကို ထင္သလို သုံးစြဲခြင့္ရေနၿပီး သတင္းကို တဖက္ပိတ္ထားကစားလို႔ ရေပမဲ့ LPDF ေတြမွာေတာ့ စစ္ေရးလႈပ္ရွားမႈေတြကို ထုတ္ျပမွ အလႉေငြရရွိတဲ့ အခ်က္ကလည္း ရွိေနတယ္လို႔ ဆိုပါတယ္။ ေနာက္တခ်က္က ေတာ္လွန္ေရးဟာ ေသြးေအးမသြားဘဲ ရွိေနတယ္လို႔ ျပည္သူေတြကို လႈံ႕ေဆာ္ၾကရတယ္လို႔လည္း ေျပာပါတယ္။

အေပၚကမသိရင္ ေအာက္ကမွိန္းေနလို႔ရ

စစ္ဘက္ရဲ႕အျမင္ကေတာ့ အေပၚကမသိရင္ ေအာက္က မွိန္းေနလို႔ရတယ္ဆိုတဲ့ သေဘာရွိတယ္လို႔ စစ္ေထာက္လွမ္းေရးေဟာင္းက ရွင္းျပပါတယ္။ သူဆိုလိုတာက ေအာက္ေျခစစ္သည္ေတြ တိုက္ပြဲ က်သည္ျဖစ္ေစ၊ CDM ဝင္သည္ျဖစ္ေစ၊ ထြက္ေျပးသည္ျဖစ္ေစ သတင္းေတြ အက်ယ္တဝံ့မထြက္ရင္ ေအာက္မွာတင္ ႀကိတ္ရွင္းၿပီး အထက္ကို လိမ္လည္တင္ျပခြင့္ရၾကတယ္ဆိုတဲ့ အခ်က္ကိုပါ။

ဒါဟာ သူတို႔ရဲ႕ အရင္ေခတ္ကတည္းက က်င့္သုံးခဲ့ၾကတဲ့ နည္းလမ္းလို႔ သိရပါတယ္။ အမ်ားသူငွာ သိသြားတဲ့ အက်ယ္တဝံ့ သတင္းထြက္သြားရင္ေတာ့ အထက္လူႀကီးေတြရဲ႕ ဖိအားေၾကာင့္ ေအာက္က တန္ျပန္ရွင္းလင္း ေဆာင္႐ြက္ရေတာ့တယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ CDM ဝင္လာတဲ့ စစ္သား၊ ရဲသားေတြကို အမွန္တကယ္ လြတ္ေျမာက္ရာ မပို႔ႏိုင္ေသးခင္ သတင္း အေစာတလ်င္ ထုတ္ျပန္မိရင္ အေပၚကသိသြားၿပီး အရအမိ ျပန္လိုက္ခိုင္းတဲ့အတြက္ လက္ခံတဲ့အဖြဲ႕ပါ ဒုကၡေတြ႕မွာျဖစ္တယ္လို႔ သူက ေထာက္ျပပါတယ္။

မုံ႐ြာနယ္၊ ေညာင္ျဖဴပင္ရဲစခန္းကေန ေဈးဝယ္ထြက္လာတဲ့ ရဲႏွစ္ဦးကို ပစ္သတ္ၿပီး လက္နက္ယူသြားတဲ့ သတင္းထုတ္ျပန္ခ်က္ဟာလည္း အႏၲရာယ္ကို လက္ယပ္ေခၚတဲ့ ထုတ္ျပန္ခ်က္လို႔ သူက သုံးသပ္ပါတယ္။ ဒီသတင္းကိုသာ ေနာက္သုံးေလးရက္ခြာၿပီးမွ ထုတ္ရင္ ေအာက္က စစ္ေကာင္စီတပ္ဖြဲ႕ေတြက နယ္ေျမရွင္းလင္းခဲ့ေပမဲ့ တိုက္ခိုက္သူေတြဟာ တျခားတေနရာ ေရာက္သြားပုံရတယ္လို႔ အထက္ကို ဆင္ေျခေပးခြင့္သာမယ္လို႔ သူက ဆိုပါတယ္။ အခ်ိန္မဆိုင္းဘဲ ခ်က္ခ်င္းတင္လိုက္တဲ့အတြက္ အထက္ကသိၿပီး ခ်က္ခ်င္း ပိတ္ဆို႔ခိုင္းတဲ့အခါ တိုက္ခိုက္သူကို မမိရင္ေတာင္ ေအာက္ေျခတပ္ဖြဲ႕ဝင္ေတြရဲ႕ ေဒါသဟာ ေဒသခံေတြအေပၚ ေပါက္ကြဲေတာ့တာျဖစ္တယ္လို႔ ေျပာပါတယ္။

ရန္သူကိုေလွာင္ဖို႔ပဲ အာ႐ုံမျပဳနဲ႔

CDM ျပဳလုပ္ၿပီး လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ ဗိုလ္မႉးဟိန္းေသာ္ဦးကေတာ့ ေတာ္လွန္ေရးအဖြဲ႕ေတြအေနနဲ႔ ရန္သူကို ေလွာင္ေျပာင္ဖို႔ပဲ အာ႐ုံမျပဳဘဲ သတင္းထုတ္ျပန္မႈေတြကို ခ်င့္ခ်ိန္ေဆာင္႐ြက္သင့္တယ္လို႔ အႀကံျပဳပါတယ္။ စစ္ေကာင္စီကို အထင္ေတာ့မေသးနဲ႔၊ ယုတ္မာမႈမွာ သူတို႔ဉာဏ္နဲ႔ ဗ်ဴဟာက တဖက္ကမ္းခတ္တယ္။ တဖက္ရန္သူကို အႏိုင္ရခ်င္ရင္ ကိုယ့္မွာ ဘာလက္နက္ထုတ္ႏိုင္တာ၊ ရွိတာေတြကို မလိုအပ္ဘဲ မတင္ပါနဲ႔၊ တဖက္ရန္သူရဲ႕ အင္အား၊ လုပ္ကြက္ အားသာခ်က္ အားနည္းခ်က္ကို ေလ့လာပါ။ သတင္းဌာနေတြကို အင္တာဗ်ဴးေျဖရင္ လိုအပ္သေလာက္သာ ေျပာပါလို႔ ဗိုလ္မႉးဟိန္းေသာ္ဦးက အႀကံျပဳပါတယ္။

တိုက္ခိုက္မႈသတင္းေတြ တင္တာနဲ႔ စပ္လ်ဥ္းၿပီးေတာ့လည္း ဒါေတြတင္သင့္တယ္၊ ဒါမွ တဖက္ရန္သူ ေသြးပ်က္မယ္၊ ျပည္သူေတြ မိုတီရမယ္လို႔ ေတြးၾကတာေတြလည္း ရွိပါလိမ့္မယ္။ မိုတီရတာ မွန္ပါတယ္။ တဖက္က ေသြးပ်က္တာလည္း မွန္ပါတယ္။ ဒါေပမဲ့ တခါတေလ ေျမျပင္အေၾကာင္းမသိဘဲ လိုင္းေပၚက ဝိုင္းေလွာ္သူေတြၾကားမွာ ေဒသခံ႐ြာသားေတြ ပိုအထိနာတတ္တာကို ခံစားေနရသူေတြ အသိဆုံးပါလို႔လည္း သူက သတိေပးပါတယ္။

သတင္းေတြကို ကိုင္တြယ္တတ္ပါေစ

အမည္မေဖာ္လိုတဲ့ ျပည္တြင္းေန ဝါရင့္သတင္းစာဆရာတဦးကေတာ့ ဗိုလ္မႉးဟိန္းေသာ္ဦးရဲ႕ ေျပာဆိုခ်က္ေတြအေပၚ အျမင္တူညီမႈရွိတယ္လို႔ ဆိုပါတယ္။ ေတာ္လွန္ေရးအဖြဲ႕ေတြအေနနဲ႔ သတင္းထုတ္ျပန္မႈကို မိမိအဖို႔ အတြင္းက စာဖတ္အားေကာင္းသူေတြ၊ သတင္းထုတ္ျပန္မႈ အတတ္ပညာကို ေလ့လာထားသူေတြကို သီးျခားတာဝန္ေပးၿပီး သတင္းထုတ္ျပန္မႈေတြ ျပဳသင့္တယ္လို႔လည္း သတင္းစာဆရာက တိုက္တြန္းပါတယ္။

ဒီလို နားလည္ တတ္ကြၽမ္းသူေတြ မရွိေသးရင္လည္း သတင္းထုတ္ျပန္မႈကို ေန႔ခ်င္းညခ်င္း အခ်ိန္မဆိုင္းဘဲ ထုတ္ျပန္ျခင္းထက္ အခ်ိန္ကာလတခုျခားၿပီး အျပန္ျပန္အလွန္လွန္ ဆင္ျခင္သုံးသပ္ၿပီးမွ သတင္းထုတ္တာက ပိုအႏၲရာယ္ကင္းႏိုင္တယ္လို႔လည္း သူကေျပာပါတယ္။ သတင္းဌာနက ေမးတယ္ဆိုတိုင္း ယုံၾကည္စိတ္ခ်ရတဲ့ သတင္းဌာနက မဟုတ္ရင္ ကိုယ္သိထားတဲ့ သတင္းေထာက္အသံ မဟုတ္ရင္ ေျဖဆိုေနဖို႔ မလိုအပ္ဘူးလို႔လည္း သူက အႀကံျပဳပါတယ္။

သူက “သတင္းေတြဟာ မထုတ္တတ္ရင္ ေတာ္လွန္ေရးသမားေတြရဲ႕ အသက္ကို ႏုတ္သြားႏိုင္တယ္ ဆိုတာကို ဘယ္ေတာ့မွ မေမ့ပါနဲ႔” လို႔လည္း သတိေပးလိုက္ပါတယ္။

စိုင္းမင္းေအာင္

တော်လှန်ရေးအဖွဲ့တွေ သတင်းမထုတ်တတ်ရင် အသက်နုတ်ခံရမယ်

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြတဲ့ PDF နဲ့ LPDF တွေအတွက်တော့ သတင်းဟာ မီးနဲ့တူပါတယ်။ သုံးတတ်ရင် ဆေးဖြစ်ပြီး မသုံးတတ်ရင် ဘေးဖြစ်ပါလိမ့်မယ်။

မသုံးတတ်လို့ ဘေးဖြစ်ပြီး လက်နက်၊ ရိက္ခာနဲ့ စခန်းအပြင် အသက်ပါပေးလိုက်ရတဲ့ LPDF အဖွဲ့လေးတွေလည်း ရှိနေခဲ့ပါပြီ။ လတ်တလော သာဓကကို ပြရရင် စက်တင်ဘာ ၁၃ ရက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာ LPDF အဖွဲ့ဝင်တချို့ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်ကို ညွှန်ပြရပါလိမ့်မယ်။

သတင်းဓာတ်ပုံကနေ ခြေရာခံ

စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သူတွေဟာ ဘုတလင်နယ်အခြေစိုက် ဒုံးပျံ LPDF အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင်တွေ ဘယ်ရွာမှာရှိနေတယ်ဆိုတာကို သတင်းဓာတ်ပုံကနေ ခြေရာခံမိတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေ သုံးသပ်ကြပါတယ်။

ဒုံးပျံ LPDF အဖွဲ့ဟာ စက်တင်ဘာ ၁၀ ရက်က ကူတော်ရဲစခန်းစောင့်အဖြစ်ကနေ CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ထောက်ပံ့ကြေးငွေ ပေးအပ်တဲ့ သတင်းဓာတ်ပုံကို ဖော်ပြခဲ့တာပါ။ သတင်းဓာတ်ပုံမှာ နံရံချိတ်ထားတဲ့ ဗီနိုင်းမှာ ကျေးရွာအမည်ပါသွားတာကနေ ခြေရာခံမိတာ ဖြစ်နိုင်တယ်လို့ ပဲပြစ်တောရွာခံတချို့က သုံးသပ်ပါတယ်။

လှည့်ကွက်နဲ့ဝင်စီးပြီ

၁၀ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ သတင်းဓာတ်ပုံပါ ရွာအမည်ကို တွေ့ရှိထားတဲ့ စစ်ကောင်စီတပ်က ဗျူဟာကို ကျကျနန ရေးဆွဲခဲ့ပုံပေါ်ပါတယ်။ ၁၃ ရက်နေ့ မနက်ခင်းမှာ ပစ်မှတ်ရှိရာ ဘုတလင်မြို့နယ်အတွင်းက ပဲပြစ်တောကျေးရွာဆီကို မိုင်နှစ်ဆယ်လောက်သာ ကွာဝေးတဲ့ နမခစစ်ဌာနချုပ်ကနေ စစ်ကြောင်းတခု ထွက်လာပါတယ်။

အဲ့ဒီစစ်ကြောင်း ထွက်လာတယ်လို့ သတင်းရထားတဲ့ ဒုံးပျံအဖွဲ့သားတွေက စစ်ကြောင်းလာရာလမ်းကြောင်းကို အာရုံစိုက်နေစဉ်မှာပဲ တခြားတဖက်ကနေ အိမ်စီးကားသုံးပြီး အရပ်ဝတ်တွေနဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလွယ်တကူ စီးနင်းပြီး သတ်ဖြတ်လိုက်ပါတော့တယ်။

စီးနင်းသတ်ဖြတ်မှုကြောင့် ဒုံးပျံအဖွဲ့ဝင် ၅ ဦးကျဆုံးပြီး CDM ဝင်ထားတဲ့ စစ်သား ကိုဖြိုးဝေလည်း ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတဲ့အပြင် စခန်းဝင်စီးစဉ် လုပ်သေနတ် ၄ လက်၊ စိန်ပြောင်း ၄ လက်၊ ကျည် ၃၅၀၊ လက်ပစ်ဗုံး ၅ လုံး၊ ယမ်းမှုန့်တွေနဲ့ ဝရိန်ပုံး၊ သံဖြတ်စက်တွေလည်း သိမ်းဆည်းခံရတယ်လို့ သိရပါတယ်။

အကောင်းဆုံးက အပိတ်ကစား

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မိမိသတင်းကို အပိတ်ထားတာ အကောင်းဆုံးပဲလို့ ၂၀၀၄ ခုနှစ်မှာ တပ်ဖွဲ့ဖျက်သိမ်းခြင်းခံရတဲ့ စစ်ထောက်လှမ်းရေးဟောင်း တဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဆိုရင် ယနေ့အချိန်ထိ သူ့ဘက်က တပ်ဖွဲ့ဝင်တွေရဲ့ အထိခိုက် သေဆုံးစာရင်းကို တလုံးတပါဒမှ မထုတ်ပြန်တာကို နမူနာယူသင့်တယ်လို့ သူက ဆိုပါတယ်။

ဝါရင့်သတင်းစာဆရာတဦးကတော့ PDF နဲ့ LPDF တွေမှာ စစ်ကောင်စီနဲ့မတူတဲ့ သဘောသဘာဝ ရှိနေတယ်လို့ သုံးသပ်ပါတယ်။ သူထောက်ပြတာက စစ်ကောင်စီဟာ နိုင်ငံ့ဘဏ္ဍာကို ထင်သလို သုံးစွဲခွင့်ရနေပြီး သတင်းကို တဖက်ပိတ်ထားကစားလို့ ရပေမဲ့ LPDF တွေမှာတော့ စစ်ရေးလှုပ်ရှားမှုတွေကို ထုတ်ပြမှ အလှူငွေရရှိတဲ့ အချက်ကလည်း ရှိနေတယ်လို့ ဆိုပါတယ်။ နောက်တချက်က တော်လှန်ရေးဟာ သွေးအေးမသွားဘဲ ရှိနေတယ်လို့ ပြည်သူတွေကို လှုံ့ဆော်ကြရတယ်လို့လည်း ပြောပါတယ်။

အပေါ်ကမသိရင် အောက်ကမှိန်းနေလို့ရ

စစ်ဘက်ရဲ့အမြင်ကတော့ အပေါ်ကမသိရင် အောက်က မှိန်းနေလို့ရတယ်ဆိုတဲ့ သဘောရှိတယ်လို့ စစ်ထောက်လှမ်းရေးဟောင်းက ရှင်းပြပါတယ်။ သူဆိုလိုတာက အောက်ခြေစစ်သည်တွေ တိုက်ပွဲ ကျသည်ဖြစ်စေ၊ CDM ဝင်သည်ဖြစ်စေ၊ ထွက်ပြေးသည်ဖြစ်စေ သတင်းတွေ အကျယ်တဝံ့မထွက်ရင် အောက်မှာတင် ကြိတ်ရှင်းပြီး အထက်ကို လိမ်လည်တင်ပြခွင့်ရကြတယ်ဆိုတဲ့ အချက်ကိုပါ။

ဒါဟာ သူတို့ရဲ့ အရင်ခေတ်ကတည်းက ကျင့်သုံးခဲ့ကြတဲ့ နည်းလမ်းလို့ သိရပါတယ်။ အများသူငှာ သိသွားတဲ့ အကျယ်တဝံ့ သတင်းထွက်သွားရင်တော့ အထက်လူကြီးတွေရဲ့ ဖိအားကြောင့် အောက်က တန်ပြန်ရှင်းလင်း ဆောင်ရွက်ရတော့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် CDM ဝင်လာတဲ့ စစ်သား၊ ရဲသားတွေကို အမှန်တကယ် လွတ်မြောက်ရာ မပို့နိုင်သေးခင် သတင်း အစောတလျင် ထုတ်ပြန်မိရင် အပေါ်ကသိသွားပြီး အရအမိ ပြန်လိုက်ခိုင်းတဲ့အတွက် လက်ခံတဲ့အဖွဲ့ပါ ဒုက္ခတွေ့မှာဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

မုံရွာနယ်၊ ညောင်ဖြူပင်ရဲစခန်းကနေ ဈေးဝယ်ထွက်လာတဲ့ ရဲနှစ်ဦးကို ပစ်သတ်ပြီး လက်နက်ယူသွားတဲ့ သတင်းထုတ်ပြန်ချက်ဟာလည်း အန္တရာယ်ကို လက်ယပ်ခေါ်တဲ့ ထုတ်ပြန်ချက်လို့ သူက သုံးသပ်ပါတယ်။ ဒီသတင်းကိုသာ နောက်သုံးလေးရက်ခွာပြီးမှ ထုတ်ရင် အောက်က စစ်ကောင်စီတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းခဲ့ပေမဲ့ တိုက်ခိုက်သူတွေဟာ တခြားတနေရာ ရောက်သွားပုံရတယ်လို့ အထက်ကို ဆင်ခြေပေးခွင့်သာမယ်လို့ သူက ဆိုပါတယ်။ အချိန်မဆိုင်းဘဲ ချက်ချင်းတင်လိုက်တဲ့အတွက် အထက်ကသိပြီး ချက်ချင်း ပိတ်ဆို့ခိုင်းတဲ့အခါ တိုက်ခိုက်သူကို မမိရင်တောင် အောက်ခြေတပ်ဖွဲ့ဝင်တွေရဲ့ ဒေါသဟာ ဒေသခံတွေအပေါ် ပေါက်ကွဲတော့တာဖြစ်တယ်လို့ ပြောပါတယ်။

ရန်သူကိုလှောင်ဖို့ပဲ အာရုံမပြုနဲ့

CDM ပြုလုပ်ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ဗိုလ်မှူးဟိန်းသော်ဦးကတော့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ရန်သူကို လှောင်ပြောင်ဖို့ပဲ အာရုံမပြုဘဲ သတင်းထုတ်ပြန်မှုတွေကို ချင့်ချိန်ဆောင်ရွက်သင့်တယ်လို့ အကြံပြုပါတယ်။ စစ်ကောင်စီကို အထင်တော့မသေးနဲ့၊ ယုတ်မာမှုမှာ သူတို့ဉာဏ်နဲ့ ဗျူဟာက တဖက်ကမ်းခတ်တယ်။ တဖက်ရန်သူကို အနိုင်ရချင်ရင် ကိုယ့်မှာ ဘာလက်နက်ထုတ်နိုင်တာ၊ ရှိတာတွေကို မလိုအပ်ဘဲ မတင်ပါနဲ့၊ တဖက်ရန်သူရဲ့ အင်အား၊ လုပ်ကွက် အားသာချက် အားနည်းချက်ကို လေ့လာပါ။ သတင်းဌာနတွေကို အင်တာဗျူးဖြေရင် လိုအပ်သလောက်သာ ပြောပါလို့ ဗိုလ်မှူးဟိန်းသော်ဦးက အကြံပြုပါတယ်။

တိုက်ခိုက်မှုသတင်းတွေ တင်တာနဲ့ စပ်လျဉ်းပြီးတော့လည်း ဒါတွေတင်သင့်တယ်၊ ဒါမှ တဖက်ရန်သူ သွေးပျက်မယ်၊ ပြည်သူတွေ မိုတီရမယ်လို့ တွေးကြတာတွေလည်း ရှိပါလိမ့်မယ်။ မိုတီရတာ မှန်ပါတယ်။ တဖက်က သွေးပျက်တာလည်း မှန်ပါတယ်။ ဒါပေမဲ့ တခါတလေ မြေပြင်အကြောင်းမသိဘဲ လိုင်းပေါ်က ဝိုင်းလှော်သူတွေကြားမှာ ဒေသခံရွာသားတွေ ပိုအထိနာတတ်တာကို ခံစားနေရသူတွေ အသိဆုံးပါလို့လည်း သူက သတိပေးပါတယ်။

သတင်းတွေကို ကိုင်တွယ်တတ်ပါစေ

အမည်မဖော်လိုတဲ့ ပြည်တွင်းနေ ဝါရင့်သတင်းစာဆရာတဦးကတော့ ဗိုလ်မှူးဟိန်းသော်ဦးရဲ့ ပြောဆိုချက်တွေအပေါ် အမြင်တူညီမှုရှိတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သတင်းထုတ်ပြန်မှုကို မိမိအဖို့ အတွင်းက စာဖတ်အားကောင်းသူတွေ၊ သတင်းထုတ်ပြန်မှု အတတ်ပညာကို လေ့လာထားသူတွေကို သီးခြားတာဝန်ပေးပြီး သတင်းထုတ်ပြန်မှုတွေ ပြုသင့်တယ်လို့လည်း သတင်းစာဆရာက တိုက်တွန်းပါတယ်။

ဒီလို နားလည် တတ်ကျွမ်းသူတွေ မရှိသေးရင်လည်း သတင်းထုတ်ပြန်မှုကို နေ့ချင်းညချင်း အချိန်မဆိုင်းဘဲ ထုတ်ပြန်ခြင်းထက် အချိန်ကာလတခုခြားပြီး အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ပြီးမှ သတင်းထုတ်တာက ပိုအန္တရာယ်ကင်းနိုင်တယ်လို့လည်း သူကပြောပါတယ်။ သတင်းဌာနက မေးတယ်ဆိုတိုင်း ယုံကြည်စိတ်ချရတဲ့ သတင်းဌာနက မဟုတ်ရင် ကိုယ်သိထားတဲ့ သတင်းထောက်အသံ မဟုတ်ရင် ဖြေဆိုနေဖို့ မလိုအပ်ဘူးလို့လည်း သူက အကြံပြုပါတယ်။

သူက “သတင်းတွေဟာ မထုတ်တတ်ရင် တော်လှန်ရေးသမားတွေရဲ့ အသက်ကို နုတ်သွားနိုင်တယ် ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့” လို့လည်း သတိပေးလိုက်ပါတယ်။

စိုင်းမင်းအောင်