Local News

ကင္းလွည့္လာေသာ ရဲ ၈ ဦးကို MVRS က ဝင္တိုက္၊ ရဲတပ္သား ရွင္းခန႔္သူ

ကင္းလွည့္လာေသာ ရဲ ၈ ဦးကို MVRS က ဝင္တိုက္၊ ရဲတပ္သား ရွင္းခန႔္သူ ေသဆုံးၿပီး လက္နက္မ်ားရရွိ

ရန္ကုန္၊ စက္တင္ဘာ ၁၅

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္တြင္ ကင္းလွည့္လာေသာ ရဲ ၈ ဦးကို MVRS က ဝင္ေရာက္ တိုက္ခိုက္ရာ ရဲတပ္သား ရွင္းခန႔္သူ ေသဆုံးၿပီး လက္နက္မ်ားရရွိေၾကာင္း MVRS ျပန္ ၾကားေရးတာဝန္ရွိသူ ကိုသူရိန္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

စက္တင္ဘာ ၁၄ ရက္ေန႔ မြန္းလြဲ ၁ နာရီအခ်ိန္ မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္၊ေတာင္ စုံ႐ြာအနီး ကင္းပတ္လာသည့္ ရဲ ၈ဦးကို ဝင္ေရာက္တိုက္ခိုက္ရာ ရဲ ၁ ဦး ေသ ဆုံးၿပီး လက္နက္မ်ားရရွိေၾကာင္း သိရွိရသည္။

“သူတို႔က Well-2 ေရနံလုပ္ကြက္ကိုကင္းပတ္လာတာကို ကြၽန္ေတာ္တို႔အနီး ကပ္ သြားပစ္ခဲ့တယ္ ။ ရဲေခြး ၈ ေယာက္နဲ႔ ကင္းပတ္လာတာကို ေတြ႕လိုပစ္ခတ္တာ ေတြလုပ္ခဲ့တာပါ။ ရဲေခြးတစ္ေကာင္ အေသဖမ္းမိရခဲ့တယ္။ရဲေခြးအဆင့္က တပ္သားအဆင့္ျဖစ္မယ္ ။ အသက္ကေတာ့အတိအက် မေျပာႏိုင္ဘူး။

အမည္ကရွင္းခန႔္သူ။ သူနဲ႔အတူ G3လက္နက္တစ္လက္၊ က်ည္၁၁၅ေထာင့္၊ က်ည္ေဘာက္ အပိုတစ္ခု၊ ဖုန္းတစ္လုံး၊ေငြသားတစ္သိန္းေက်ာ္နဲ ဝန္ထမ္းကတ္၁ခုကို သိမ္းဆည္းရမိပါတယ္” ဟု ၿမိဳင္ၿမိဳ႕နယ္ေက်း႐ြာမ်ားေတာ္လွန္ေရးတပ္ဦး – MVRFျပန္ၾကားေရးကိုသူရိန္ ကဆိုသည္။

ပစ္ခတ္မႈေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ရဲသား၇ဦးထြက္ေျပးသြားၿပီး ရဲ ၁ ဦး ျပင္းထန္ဒဏ္ရာရရွိသြားေၾကာင္း၊ ျပည္သူ႔ကာကြယ္ေရး ရဲေဘာ္တစ္ဦးက်ည္ထိမွန္ကာ အရပ္သားတစ္ဦးလည္းက်ည္ထိမွန္ ခဲ့ေၾကာင္း သိရွိရသည္။

မြိုင်တွင် ကင်းလှည့်လာသော ရဲ ၈ ဦးကို MVRS က ဝင်တိုက်၊ ရဲတပ်သား ရှင်းခန့်သူ သေဆုံးပြီး လက်နက်များရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၅

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကင်းလှည့်လာသော ရဲ ၈ ဦးကို MVRS က ဝင်ရောက် တိုက်ခိုက်ရာ ရဲတပ်သား ရှင်းခန့်သူ သေဆုံးပြီး လက်နက်များရရှိကြောင်း MVRS ပြန် ကြားရေးတာဝန်ရှိသူ ကိုသူရိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မကွေးတိုင်း၊ မြိုင်မြို့နယ်၊တောင် စုံရွာအနီး ကင်းပတ်လာသည့် ရဲ ၈ဦးကို ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၁ ဦး သေ ဆုံးပြီး လက်နက်များရရှိကြောင်း သိရှိရသည်။

“သူတို့က Well-2 ရေနံလုပ်ကွက်ကိုကင်းပတ်လာတာကို ကျွန်တော်တို့အနီး ကပ် သွားပစ်ခဲ့တယ် ။ ရဲခွေး ၈ ယောက်နဲ့ ကင်းပတ်လာတာကို တွေ့လိုပစ်ခတ်တာ တွေလုပ်ခဲ့တာပါ။ ရဲခွေးတစ်ကောင် အသေဖမ်းမိရခဲ့တယ်။ရဲခွေးအဆင့်က တပ်သားအဆင့်ဖြစ်မယ် ။ အသက်ကတော့အတိအကျ မပြောနိုင်ဘူး။

အမည်ကရှင်းခန့်သူ။ သူနဲ့အတူ G3လက်နက်တစ်လက်၊ ကျည်၁၁၅ထောင့်၊ ကျည်ဘောက် အပိုတစ်ခု၊ ဖုန်းတစ်လုံး၊ငွေသားတစ်သိန်းကျော်နဲ ဝန်ထမ်းကတ်၁ခုကို သိမ်းဆည်းရမိပါတယ်” ဟု မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး – MVRFပြန်ကြားရေးကိုသူရိန် ကဆိုသည်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲသား၇ဦးထွက်ပြေးသွားပြီး ရဲ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျည်ထိမှန်ကာ အရပ်သားတစ်ဦးလည်းကျည်ထိမှန် ခဲ့ကြောင်း သိရှိရသည်။