”ေတာ္ၾကပါေတာ့ ဘာမွ မလုပ္ၾကပါနဲ႔ေတာ့၊ မ႐ိုက္ၾကပါနဲ႔ေတာ့ဆိုတဲ့ မိန္းကေလးအသံေတြလည္း ၾကားရတယ္။
ေသနတ္ပစ္သံေတြလည္း ၾကားရတယ္။ ထုေထာင္းတဲ့အသံေတြေရာ၊ ဆဲဆိုတဲ့အသံေတြေရာဗ်ာ။ အဲဒီမွာ။ လုံးဝကို ကမာၻႀကီး ပ်က္ေနသလိုပဲဗ်ာ။ ၾကားေနရတာ” – ပန္းပင္နီလမ္းသပိတ္ပစ္ခတ္ၿဖိဳခြင္းခံရခ်ိန္ လြတ္ေျမာက္လာသူတစ္ဦးရဲ႕ ေျပာျပခ်က္
ပန္းပင္ႀကီးလမ္းေပၚမွာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၃ ရက္ေန႔တုန္းက လူငယ္ေတြရဲ႕ဆႏၵျပသပိတ္ဟာ စစ္ေကာင္စီအရပ္ဝတ္ေတြနဲ႔ ပစ္ခတ္ၿဖိဳခြင္းမႈေၾကာင့္ သပိတ္မွာပါဝင္တဲ့ လူ ၂၀ ထက္မနည္း ဖမ္းဆီးခံခဲ့ရတယ္လို႔ ျပန္လည္ လြတ္ေျမာက္လာသူေတြက ေျပာပါတယ္။
ကုလမသဂၢမွာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို အသိအမွတ္ျပဳေရးေတာင္းဆိုတဲ့ အဲဒီသပိတ္ဟာ သပိတ္အင္အားစု စုံစုံလင္လင္ပါဝင္ခဲ့ၾကတာမို႔ ဖမ္းဆီးခံရသူ မ်ားျပားတာလို႔လည္း သပိတ္အဖြဲ႕ေတြက ေျပာပါတယ္။
ပန္းပင္ႀကီးလမ္းဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းကလည္း လူငယ္ေတြရဲ႕ သပိတ္ကို စစ္ေကာင္စီတပ္က ကားနဲ႔တိုက္ၿဖိဳခြင္းခဲ့တာေၾကာင့္ ေသြးထြက္သံယိုျဖစ္ခဲ့တဲ့ေနရာျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက ဖမ္းဆီးခံရတဲ့ သတင္း ေထာက္ ၂ ဦးနဲ႔ ဆႏၵျပလူငယ္ ၇ ဦးဟာ အင္းစိန္ေထာင္ထဲ အမႈေတြရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။
ေသြးထြက္သံယိုျဖစ္ရပ္ျဖစ္ဖူးလို႔ ပန္းပင္နီလမ္းလို႔ ေျပာင္းလဲေခၚေနတဲ့ ပန္းပင္ႀကီးလမ္းမွာ စက္တင္ဘာ ၁၃ ရက္ သပိတ္ကို စစ္ေကာင္စီအရပ္ဝတ္ေတြက ဘယ္လိုအင္အားသုံးၿဖိဳခြင္းခဲ့ပါလဲ။ အျပည့္အစုံကို ၾကည့္ရႈႏိုင္ပါၿပီ။
Video Credit – OCTOPUS
”တော်ကြပါတော့ ဘာမှ မလုပ်ကြပါနဲ့တော့၊ မရိုက်ကြပါနဲ့တော့ဆိုတဲ့ မိန်းကလေးအသံတွေလည်း ကြားရတယ်။
သေနတ်ပစ်သံတွေလည်း ကြားရတယ်။ ထုထောင်းတဲ့အသံတွေရော၊ ဆဲဆိုတဲ့အသံတွေရောဗျာ။ အဲဒီမှာ။ လုံးဝကို ကမ္ဘာကြီး ပျက်နေသလိုပဲဗျာ။ ကြားနေရတာ” – ပန်းပင်နီလမ်းသပိတ်ပစ်ခတ်ဖြိုခွင်းခံရချိန် လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောပြချက်
ပန်းပင်ကြီးလမ်းပေါ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့တုန်းက လူငယ်တွေရဲ့ဆန္ဒပြသပိတ်ဟာ စစ်ကောင်စီအရပ်ဝတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သပိတ်မှာပါဝင်တဲ့ လူ ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ပြန်လည် လွတ်မြောက်လာသူတွေက ပြောပါတယ်။
ကုလမသဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုရေးတောင်းဆိုတဲ့ အဲဒီသပိတ်ဟာ သပိတ်အင်အားစု စုံစုံလင်လင်ပါဝင်ခဲ့ကြတာမို့ ဖမ်းဆီးခံရသူ များပြားတာလို့လည်း သပိတ်အဖွဲ့တွေက ပြောပါတယ်။
ပန်းပင်ကြီးလမ်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း လူငယ်တွေရဲ့ သပိတ်ကို စစ်ကောင်စီတပ်က ကားနဲ့တိုက်ဖြိုခွင်းခဲ့တာကြောင့် သွေးထွက်သံယိုဖြစ်ခဲ့တဲ့နေရာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဖမ်းဆီးခံရတဲ့ သတင်း ထောက် ၂ ဦးနဲ့ ဆန္ဒပြလူငယ် ၇ ဦးဟာ အင်းစိန်ထောင်ထဲ အမှုတွေရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
သွေးထွက်သံယိုဖြစ်ရပ်ဖြစ်ဖူးလို့ ပန်းပင်နီလမ်းလို့ ပြောင်းလဲခေါ်နေတဲ့ ပန်းပင်ကြီးလမ်းမှာ စက်တင်ဘာ ၁၃ ရက် သပိတ်ကို စစ်ကောင်စီအရပ်ဝတ်တွေက ဘယ်လိုအင်အားသုံးဖြိုခွင်းခဲ့ပါလဲ။ အပြည့်အစုံကို ကြည့်ရှုနိုင်ပါပြီ။
Video Credit – OCTOPUS