Local News

နယ္ေျမစိုးမိုးမႈရထားတဲ့ MVRF က အုပ္ခ်ဳပ္ေရး ယႏၲာရားေတြ စတင္လည္ပတ္ (႐ုပ္/သံ)

နယ္ေျမစိုးမိုးမႈရထားတဲ့ MVRF က အုပ္ခ်ဳပ္ေရး ယႏၲာရားေတြ စတင္လည္ပတ္ (႐ုပ္/သံ)

ၿမိဳင္၊ စက္တင္ဘာ ၁၅၊ ၂၀၂၂။

ၿမိဳင္ၿမိဳ႕နယ္မွာ ၿမိဳ႕ေပၚကလြဲလို႔ က်န္တဲ့ေနရာေတြမွာ စစ္ေကာင္စီ ယႏၲာရားေတြ လည္ပတ္လို႔ မရေတာ့ဘဲ ရပ္ဆိုင္းေနၿပီ ျဖစ္ပါတယ္။

ေနရာေတာ္ေတာ္မ်ားမ်ားကို ေဒသကာကြယ္ေရးအဖြဲ႕ေတြက စိုးမိုထားႏိုင္သလို ျပည္သူ႔အုပ္ခ်ဳပ္ေရး ယႏၲာရားေတြကို စတင္လည္ပတ္ေနၿပီလို႔ MVRF အတြင္းေရးမႉးက ေျမလတ္အသံကို ေျပာပါတယ္။

မၾကာေသးမီ ရက္ပိုင္းကပဲ MVRF တပ္ဖြဲ႕ကို ပခုကၠဴခ႐ိုင္ တပ္ရင္း ၆ အျဖစ္ MOD က တရားဝင္ အသိမွတ္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

နယ္ေျမစိုးမိုးထားႏိုင္တဲ့ ၿမိဳင္ၿမိဳ႕နယ္က နယ္ေျမေတြမွာ အုပ္ခ်ဳပ္ေရးယႏၲာရားေတြကို စနစ္တက် ေဆာင္႐ြက္သြားမွာ ျဖစ္သလို တရားေရးကိုပါ လည္ပတ္သြားမယ္လို႔ သိရပါတယ္။

မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ အေျခစိုက္ ကာကြယ္ေရးတပ္ဖြဲ႕တခုျဖစ္တဲ့ MVRF တည္ေထာင္ခဲ့တဲ့ တႏွစ္ျပည့္အခမ္းအနားကို စက္တင္ဘာလ ၁၄ ရက္က ၿမိဳင္ၿမိဳ႕နယ္ တေနရာမွာ က်င္းပခဲ့ၾကပါတယ္။

ေျမလတ္အသံ

နယ်မြေစိုးမိုးမှုရထားတဲ့ MVRF က အုပ်ချုပ်ရေး ယန္တာရားတွေ စတင်လည်ပတ် (ရုပ်/သံ)

မြိုင်၊ စက်တင်ဘာ ၁၅၊ ၂၀၂၂။

မြိုင်မြို့နယ်မှာ မြို့ပေါ်ကလွဲလို့ ကျန်တဲ့နေရာတွေမှာ စစ်ကောင်စီ ယန္တာရားတွေ လည်ပတ်လို့ မရတော့ဘဲ ရပ်ဆိုင်းနေပြီ ဖြစ်ပါတယ်။

နေရာတော်တော်များများကို ဒေသကာကွယ်ရေးအဖွဲ့တွေက စိုးမိုထားနိုင်သလို ပြည်သူ့အုပ်ချုပ်ရေး ယန္တာရားတွေကို စတင်လည်ပတ်နေပြီလို့ MVRF အတွင်းရေးမှူးက မြေလတ်အသံကို ပြောပါတယ်။

မကြာသေးမီ ရက်ပိုင်းကပဲ MVRF တပ်ဖွဲ့ကို ပခုက္ကူခရိုင် တပ်ရင်း ၆ အဖြစ် MOD က တရားဝင် အသိမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။

နယ်မြေစိုးမိုးထားနိုင်တဲ့ မြိုင်မြို့နယ်က နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တာရားတွေကို စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်သလို တရားရေးကိုပါ လည်ပတ်သွားမယ်လို့ သိရပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ် အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ MVRF တည်ထောင်ခဲ့တဲ့ တနှစ်ပြည့်အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်က မြိုင်မြို့နယ် တနေရာမှာ ကျင်းပခဲ့ကြပါတယ်။

မြေလတ်အသံ