စစ္တပ္မွ ၀န္ထမ္းမ်ား ႏိုင္ငံျခားထြက္ေျပးမွာ စိုးရိမ္ၿပီး ပတ္ပိုစ့္ စာအုပ္မ်ား ျပန္အပ္ရန္ၫြန္ၾကား
စစ္ေကာင္စီလက္ေအာက္ရွိ ဝန္ထမ္းမ်ား ခြင့္ျပဳခ်က္မရွိဘဲ သာမန္ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားရယူထားမႈ ျပင္းထန္စြာ အေရးမည္ဟုဆို၊ ႏိုင္ငံကူးလက္ မွတ္ ရွိထားသူမ်ား ျပန္အပ္ရန္ ၫႊန္ၾကား
ရန္ကုန္၊ စက္တင္ဘာ ၁၅
အၾကမ္းဖက္စစ္ေကာင္စီ လက္ေအာက္ရွိ ဝန္ႀကီးဌာနမ်ားတြင္ တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းမ်ားအေနျဖင့္ ဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္မရွိဘဲ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထား ကိုင္ေဆာင္ထားမႈမ်ားကို ျပင္းထန္စြာ အေရးယူသြားရန္ ျပည္ ထဲေရး ဝန္ႀကီးဌာနက အရပ္ဘက္ဝန္ႀကီးဌာနမ်ားထံ တရားဝင္ ၫႊန္ၾကား လာေၾကာင္း သိရွိရသည္။
ဂ်ပန္ႏိုင္ငံသို႔ ပညာေတာ္သင္သြားမည့္ ဝန္ႀကီးဌာန အရာရွိတစ္ဦးကို ေနာက္ ေၾကာင္းရာဇဝင္စုံစမ္းရာ သာမန္ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားရယူထားၿပီး လက္ဝယ္တြင္ ကိုင္ေဆာင္ထားေၾကာင္း၊ ထို႔ေၾကာင့္ ေနာက္ေၾကာင္းရာဇဝင္ မကင္းရွင္းသည္ဆိုကာ ပညာေတာ္သင္သြားမည့္ကိစၥကို ရပ္ဆိုင္းလိုက္ေၾကာင္း သိရွိရသည္။
“႐ိုး႐ိုး ႏိုင္ငံကူးလက္မွတ္မွာ အစိုးရဝန္ထမ္း မဟုတ္ပါဘူးဆိုတဲ့ ခံဝန္ခ်က္ကို လက္မွတ္လိမ္ထိုးၿပီး ဝန္ထမ္းေတြကလည္း ႏိုင္ငံကူးလက္မွတ္လုပ္ထားၾကတာေတြ အမ်ားႀကီးပဲ။ အခုကေတာ့ ပညာ ေတာ္သင္သြားမယ့္သူေတြကို စိစစ္တာမွာ ဒါေတြ႕တာ။ ဝန္ထမ္းေတြက ဝန္ႀကီးဌာန အလုပ္နဲ႔ ျပည္ပသြားမယ္ဆိုရင္ အထူး ႏိုင္ငံကူးလက္မွတ္ေတြ ထုတ္ေပးတယ္ေလ။
႐ိုး႐ိုး ႏိုင္ငံကူးလက္ မွတ္ အနီမဟုတ္ဘူး။ ၾကည့္ရတာ ဝန္ထမ္းေတြထဲက အရာရွိႀကီးေတြ ထြက္ ေျပးမွာစိုးလို႔ထင္တယ္။ စစ္သားေတြ၊ စစ္ဗိုလ္ေတြေတာင္ လမ္းေၾကာင္းေတြနဲ႔ သာမန္ ႏိုင္ငံကူးလက္မွတ္ေတြ လုပ္ထားၾကတာပဲ။ အခုကေတာ့ ပိုၿပီး စိစစ္ ပိတ္ ပင္လာတာ” ဟု ေနျပည္ေတာ္ဝန္ႀကီးဌာနမွ ဝန္ထမ္းတစ္ဦးက ေျပာ သည္။
ဝန္ႀကီးဌာနမွ ဝန္ထမ္းမ်ားအေနျဖင့္ ခြင့္ျပဳခ်က္မရွိဘဲ ႏိုင္ငံကူးလက္မွတ္ လုပ္ထားပါက ျပန္လည္ အပ္ႏွံရန္ ႏွင့္ မအပ္ႏွံလွ်င္ ဝန္ထမ္းဥပေဒမ်ားျဖင့္ ျပင္း ထန္စြာ အေရး ယူ ရန္ ၫႊန္ၾကားထားေၾကာင္း သိရွိရသည္။
စစ်တပ်မှ ဝန်ထမ်းများ နိုင်ငံခြားထွက်ပြေးမှာ စိုးရိမ်ပြီး ပတ်ပိုစ့် စာအုပ်များ ပြန်အပ်ရန်ညွန်ကြား
စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းများ ခွင့်ပြုချက်မရှိဘဲ သာမန်နိုင်ငံကူးလက်မှတ် လျှောက်ထားရယူထားမှု ပြင်းထန်စွာ အရေးမည်ဟုဆို၊ နိုင်ငံကူးလက် မှတ် ရှိထားသူများ ပြန်အပ်ရန် ညွှန်ကြား
ရန်ကုန်၊ စက်တင်ဘာ ၁၅
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ်လျှောက်ထား ကိုင်ဆောင်ထားမှုများကို ပြင်းထန်စွာ အရေးယူသွားရန် ပြည် ထဲရေး ဝန်ကြီးဌာနက အရပ်ဘက်ဝန်ကြီးဌာနများထံ တရားဝင် ညွှန်ကြား လာကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံသို့ ပညာတော်သင်သွားမည့် ဝန်ကြီးဌာန အရာရှိတစ်ဦးကို နောက် ကြောင်းရာဇဝင်စုံစမ်းရာ သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားရယူထားပြီး လက်ဝယ်တွင် ကိုင်ဆောင်ထားကြောင်း၊ ထို့ကြောင့် နောက်ကြောင်းရာဇဝင် မကင်းရှင်းသည်ဆိုကာ ပညာတော်သင်သွားမည့်ကိစ္စကို ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။
“ရိုးရိုး နိုင်ငံကူးလက်မှတ်မှာ အစိုးရဝန်ထမ်း မဟုတ်ပါဘူးဆိုတဲ့ ခံဝန်ချက်ကို လက်မှတ်လိမ်ထိုးပြီး ဝန်ထမ်းတွေကလည်း နိုင်ငံကူးလက်မှတ်လုပ်ထားကြတာတွေ အများကြီးပဲ။ အခုကတော့ ပညာ တော်သင်သွားမယ့်သူတွေကို စိစစ်တာမှာ ဒါတွေ့တာ။ ဝန်ထမ်းတွေက ဝန်ကြီးဌာန အလုပ်နဲ့ ပြည်ပသွားမယ်ဆိုရင် အထူး နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတယ်လေ။
ရိုးရိုး နိုင်ငံကူးလက် မှတ် အနီမဟုတ်ဘူး။ ကြည့်ရတာ ဝန်ထမ်းတွေထဲက အရာရှိကြီးတွေ ထွက် ပြေးမှာစိုးလို့ထင်တယ်။ စစ်သားတွေ၊ စစ်ဗိုလ်တွေတောင် လမ်းကြောင်းတွေနဲ့ သာမန် နိုင်ငံကူးလက်မှတ်တွေ လုပ်ထားကြတာပဲ။ အခုကတော့ ပိုပြီး စိစစ် ပိတ် ပင်လာတာ” ဟု နေပြည်တော်ဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြော သည်။
ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် လုပ်ထားပါက ပြန်လည် အပ်နှံရန် နှင့် မအပ်နှံလျှင် ဝန်ထမ်းဥပဒေများဖြင့် ပြင်း ထန်စွာ အရေး ယူ ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။