မႏၲေလးမွာ စစ္အုပ္စုက ဆက္ေၾကး ေကာက္ၿပီး ေပၚတင္ ဖြင့္ခြင့္ေပးထားတဲ့ ေလာင္းကစားဝိုင္းကို MDY-PDF က ဝင္ဖမ္း၊
ေလာင္းကစားပစၥည္းေတြ သိမ္းဆည္း၊
MFP ၊ စက္တင္ဘာ – ၁၅
မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ (၇၈) လမ္းေပၚက စစ္အုပ္စုပိုင္ Gandamar Wholesale အနီးက ရပ္ကြက္မွာ စစ္အုပ္စုက ဆက္ေၾကးယူၿပီး ေပၚတင္ ဖြင့္လွစ္ လုပ္ကိုင္ခြင့္ျပဳထားတဲ့ ပုံဝိုင္းေလာင္းကစားဝိုင္းေတြကို မေန႔က စက္တင္ဘာ (၁၄)ရက္မွာ ဝင္ေရာက္ ဖမ္းဆီးခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ MDY-PDF က သတင္းထုတ္ျပန္ပါတယ္။
အဲဒီေလာင္းကစားဝိုင္းဟာ Gandamar Wholesale အတြင္း တပ္စြဲထားတဲ့ စစ္အုပ္စုေတြကို စကစခန္႔ အုပ္ႀကီး ေဇာ္ဝင္းက တဆင့္ ဆက္ေၾကးေပးၿပီး လုပ္ေဆာင္ေနတာျဖစ္ကာ ေလာင္းကစားဒိုင္ဟာ ခ်ဲဒိုင္ေတြနဲ႔ အမ်ိဳးေတြျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။
ဝိုင္းကစားဝိုင္းက ေလာင္းကစားပစၥည္းေတြကို သိမ္းယူခဲ့ၿပီး ေငြေၾကးေတြကိုေတာ့ ျပန္ေပးခဲ့တယ္လို႔ MDY PDF က ဆိုပါတယ္။
“ ျပည္သူမ်ား၏ ေငြေၾကးတစ္က်ပ္ကိုမွ မယူေဆာင္ခဲ့ပါ “ လို႔ MDY-PDF က ဆိုပါတယ္။
ေလာင္းကစားဝိုင္းေတြဟာ ျပည္သူလုထု ဒုကၡေရာက္ေစဖို႔ ရည္႐ြယ္လုပ္ေဆာင္ေနတာျဖစ္တဲ့အတြက္ အခြင့္သင့္တိုင္း ရွင္းလင္းသြားမွာျဖစ္ၿပီး ျပည္သူေတြအေနနဲ႔ ေလာင္းကစားမလုပ္ဖို႔နဲ႔ ေလာင္းကစားဝိုင္းေတြနဲ႔ ေဝးေဝးေနၾကဖို႔ကိုလည္း သတိေပးထားပါတယ္။
ေလာင္းကစားဝိုင္းေတြအျပင္ ေလာင္းကစားဒိုင္နဲ႔ ဂိမ္းဆိုင္ေတြကိုလည္း ၿဖိဳခြင္းသြားမယ္လို႔ MDY-PDF က ေျပာဆိုထားပါတယ္။
အၾကမ္းဖက္စစ္တပ္ အာဏာလုၿပီးေနာက္ပိုင္း မႏၲေလးၿမိဳ႕ေပၚနဲ႔ အျခားၿမိဳ႕႐ြာေတြမွာ စစ္အုပ္စုကို ဆက္ေၾကးေပးၿပီး လုပ္ေဆာင္တဲ့ ေလာင္းကစားဝိုင္းေတြဟာ ပုံစံမ်ိဳးစုံနဲ႔ ေပၚေပါက္ေနၿပီး ေတာ္လွန္ေရးအဖြဲ႕ေတြက သတိေပး ဖယ္ရွားရွင္းလင္းေနတယ္လို႔ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။
မန္တလေးမှာ စစ်အုပ်စုက ဆက်ကြေး ကောက်ပြီး ပေါ်တင် ဖွင့်ခွင့်ပေးထားတဲ့ လောင်းကစားဝိုင်းကို MDY-PDF က ဝင်ဖမ်း၊
လောင်းကစားပစ္စည်းတွေ သိမ်းဆည်း၊
MFP ၊ စက်တင်ဘာ – ၁၅
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ (၇၈) လမ်းပေါ်က စစ်အုပ်စုပိုင် Gandamar Wholesale အနီးက ရပ်ကွက်မှာ စစ်အုပ်စုက ဆက်ကြေးယူပြီး ပေါ်တင် ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုထားတဲ့ ပုံဝိုင်းလောင်းကစားဝိုင်းတွေကို မနေ့က စက်တင်ဘာ (၁၄)ရက်မှာ ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF က သတင်းထုတ်ပြန်ပါတယ်။
အဲဒီလောင်းကစားဝိုင်းဟာ Gandamar Wholesale အတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေကို စကစခန့် အုပ်ကြီး ဇော်ဝင်းက တဆင့် ဆက်ကြေးပေးပြီး လုပ်ဆောင်နေတာဖြစ်ကာ လောင်းကစားဒိုင်ဟာ ချဲဒိုင်တွေနဲ့ အမျိုးတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဝိုင်းကစားဝိုင်းက လောင်းကစားပစ္စည်းတွေကို သိမ်းယူခဲ့ပြီး ငွေကြေးတွေကိုတော့ ပြန်ပေးခဲ့တယ်လို့ MDY PDF က ဆိုပါတယ်။
“ ပြည်သူများ၏ ငွေကြေးတစ်ကျပ်ကိုမှ မယူဆောင်ခဲ့ပါ “ လို့ MDY-PDF က ဆိုပါတယ်။
လောင်းကစားဝိုင်းတွေဟာ ပြည်သူလုထု ဒုက္ခရောက်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အခွင့်သင့်တိုင်း ရှင်းလင်းသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လောင်းကစားမလုပ်ဖို့နဲ့ လောင်းကစားဝိုင်းတွေနဲ့ ဝေးဝေးနေကြဖို့ကိုလည်း သတိပေးထားပါတယ်။
လောင်းကစားဝိုင်းတွေအပြင် လောင်းကစားဒိုင်နဲ့ ဂိမ်းဆိုင်တွေကိုလည်း ဖြိုခွင်းသွားမယ်လို့ MDY-PDF က ပြောဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ် အာဏာလုပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်နဲ့ အခြားမြို့ရွာတွေမှာ စစ်အုပ်စုကို ဆက်ကြေးပေးပြီး လုပ်ဆောင်တဲ့ လောင်းကစားဝိုင်းတွေဟာ ပုံစံမျိုးစုံနဲ့ ပေါ်ပေါက်နေပြီး တော်လှန်ရေးအဖွဲ့တွေက သတိပေး ဖယ်ရှားရှင်းလင်းနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။