ပလက္ဝၿမိဳ႕နယ္တြင္ AA ႏွင့္ စစ္ေကာင္စီတပ္တို႔ ေနရာ ၂ခုတြင္ ထပ္မံတိုက္ပြဲျဖစ္ပြား၊ က်ီး၀တပ္စခန္းကုန္းကိုလက္လႊတ္ကာ စစ္သားမ်ားဆုတ္ခြာသြား
နိရၪၥရာ၊ စက္တင္ဘာ ၁၅/၂၀၂၂
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွ ေနရာႏွစ္ခုတြင္ ရကၡိဳင့္တပ္ေတာ္ (AA)ႏွင့္ စစ္ေကာင္စီတပ္တို႔ အၾကား တိုက္ပြဲထပ္မံျဖစ္ပြားေနၿပီး က်ီး၀တပ္စခန္းကုန္းကို စစ္သားမ်ားက လက္လႊတ္ကာ ဆုတ္ခြာထြက္သြားခဲ့ၾကသည္ဟု ခိုင္လုံေသာ သတင္းရင္းျမစ္အရသိရသည္။
ယေန႔ နံနက္ ၇ နာရီမွ စတင္ကာ အိႏၵိယနယ္စပ္ ၿမိတ္၀ေက်း႐ြာအနီးတြင္ ေအေအႏွင့္ ျမန္မာစစ္တပ္တို႔ ထပ္မံတိုက္ပြဲျဖစ္ပြားေနၿပီး နံနက္ ၁၀ နာရီခန႔္မွ စတင္ကာ ပလက္ဝၿမိဳ႕နယ္ ႏွမဒါေက်း႐ြာ အနီးတြင္ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက နိရၪၥရာသတင္းဌာနကို ေျပာဆိုသည္။
“ဒီေန႔ ႏွမဒါ႐ြာအနီးမွာ တိုက္ပြဲထပ္ျဖစ္ပါတယ္။ ၁၀ နာရီေလာက္ကေန ၂ နာရီေလာက္အထိ ျဖစ္တယ္။ ေသနတ္သံက ေန႔လယ္ ၂ နာရီအထိ တစ္ခ်က္တစ္ခ်က္ ၾကားေနရေသးတယ္ေပါ့။ ေနာက္ပိုင္းေတာ့ အျပင္းအထန္ေတာ့ မၾကားရေတာ့ဘူး”ဟု ေျပာသည္။
ပလက္ဝၿမိဳ႕နယ္ ႏွမဒါေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲသည္ ယေန႔ (စက္တင္ဘာ ၁၅ ရက္) နံနက္ ၁၀ နာရီခန႔္မွ ေန႔လယ္ ၁ နာရီခြဲအခ်ိန္အထိ ျပင္းထန္စြာ ျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ား၏ ေျပာဆိုခ်က္အရ သိသည္။
၎အျပင္ အိႏၵိယနယ္စပ္အနီးတြင္တည္ရွိသည့္ ၿမိတ္ဝေက်း႐ြာအနီးတြင္လည္း နံနက္ ၇ နာရီေက်ာ္မွစတင္ကာတိုက္ပြဲျဖစ္ပြားေနၿပီး ေန႔လယ္ ၂ နာရီခြဲအခ်ိန္အထိ တိုက္ပြဲ မရပ္ေသးဟု ၿမိတ္၀ေဒသခံတစ္ဦးက ေျပာသည္။
“ၿမိတ္ဝ႐ြာ ေအာက္ဘက္နားမွာ ျဖစ္တယ္လို႔ ခန႔္မွန္းရပါတယ္။ မနက္ ၇ နာရီေက်ာ္၊ ၈ နာရီေလာက္ကေန ျဖစ္ေနတာပါ။ တိုက္ပြဲက အခုထိ ျဖစ္ေနၾကဆဲပါ”ဟု ယေန႔ ေန႔လယ္ ၂ နာခြဲက ဆက္သြယ္ေျပာၾကားသည္။
ပလက္ဝၿမိဳ႕နယ္၊ ၿမိတ္ဝေက်း႐ြာစစ္ေကာင္စီ တပ္စခန္းကို ရကၡိဳင့္တပ္ေတာ္ (AA) က စက္တင္ဘာ ၁ ရက္ ညေနပိုင္းက တိုက္ခိုက္ခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္က တိုက္ေလယာဥ္ႏွစ္စီးျဖင့္ ေက်း႐ြာ အနီးအနားကို လာေရာက္ဗုံးႀကဲတိုက္ခိုက္ခဲ့သည့္အတြက္ ၿမိတ္ဝ႐ြာေဒသခံ (၆၀၀) ခန႔္ အိႏၵိယႏိုင္ငံ မီဇူရမ္ျပည္နယ္မွ ေက်း႐ြာမ်ားတြင္ ထြက္ေျပးခိုလႈံခဲ့ၾကရသည္။
ယေန႔ နံနက္ ၁၀ နာရီခန႔္တြင္ အင္အား ၃၀ ေက်ာ္ ၄၀ နီးပါး တပ္စြဲထားသည့္ ပလက္ဝၿမိဳ႕နယ္၊ ဆမီးၿမိဳ႕ အနီးရွိ က်ီးဝတပ္စခန္းကုန္းမွလည္း စစ္ေကာင္စီတပ္သားမ်ားသည္ စခန္းစြန႔္ခြာကာ ထြက္သြားခဲ့ၾကသည္ဟု မ်က္ျမင္ေဒသခံတစ္ဦးက နိရၪၥရာကို ေျပာသည္။
“သူတို႔ ၁၀ နာရီေလာက္ကေန က်ီးဝတပ္စခန္းကုန္းကို လက္လႊတ္ၿပီး ထြက္သြားၾကတာပါ။ စစ္သား ၃၀ ေက်ာ္ ၄၀ နီးပါး ရွိပါမယ္။ တိုက္ပြဲျဖစ္လို႔ေတာ့ မဟုတ္ဘူး။ တိုက္ပြဲမျဖစ္ခင္စြန႔္ခြာသြားတဲ့ အေနအထားပါ။ အခု သူတို႔ စစ္သားေတြ လိပ္ကုန္းဗ်ဴဟာကို သြားေပါင္းေနထိုင္တယ္လို႔ သိရပါတယ္”ဟု ေျပာသည္။
ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္၊ ေမာင္ေတာ ႏွင့္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွ စစ္တပ္ တပ္စခန္းတခ်ိဳ႕ကိုလည္း ၿပီးခဲ့သည့္ ၾသဂုတ္လအတြင္းက ဆုတ္ခြာ႐ုတ္သိမ္းမႈမ်ား ရွိခဲ့သည္။
လက္ရွိမွာ ရကၡိဳင့္တပ္ေတာ္ (AA) ႏွင့္ စစ္ေကာင္စီတို႔ တေက်ာ့ျပန္တိုက္ပြဲမ်ား ျပင္းထန္လာၿပီး စစ္ေကာင္စီက စစ္အင္အား၊ လက္နက္ရိကၡာမ်ားကို စစ္ေလယာဥ္၊ စစ္သေဘၤာ၊ စစ္သားမ်ားႏွင့္ သာမက အရပ္ဘက္သုံး ယာဥ္မ်ားကိုပါ အသုံးျပဳျဖည့္တင္းမႈမ်ားရွိလာ၍ ယေန႔မွ စတင္ကာ စစ္ေဆးမႈမ်ားျပဳလုပ္သြားမည္ဟု ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ (ULA) က ထုတ္ျပန္ထားည္။
ရကၡိဳင့္တပ္ေတာ္ (AA)က စက္တင္ဘာလ (၁၀) ရက္မွာ ေမာင္ေတာ ၿမိဳ႕နယ္ေျမာက္ပိုင္း စစ္ေကာင္စီတပ္ ခမရ (၃၅၂) တပ္ရင္း စခန္းကုန္း ကိုသိမ္းပိုက္ႏိုင္ခဲ့ၿပီး ၾသဂုတ္လ ၃၁ ရက္ေန႔ကလည္း ေမာင္ေတာၿမိဳ႕နယ္က မိုင္တိုင္(၄၀) နယ္ျခား ေစာင့္တပ္စခန္းကို AA က အၿပီးသတ္တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ယင္းေနာက္ပိုင္းတြင္ စစ္ေကာင္စီက ဂ်က္တိုက္ေလယာဥ္မ်ား၊ စစ္ရဟတ္ယာဥ္မ်ားျဖင့္ အႀကီးအက်ယ္ ဗုံးႀကဲတိုခိုက္ခဲ့သလို အင္အားအမ်ားအျပားကိုလည္း ထပ္မံတိုးခ်ခဲ့သည္ဟု သိရသည္။(NN-7)
ပလက်ဝမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ နေရာ ၂ခုတွင် ထပ်မံတိုက်ပွဲဖြစ်ပွား၊ ကျီးဝတပ်စခန်းကုန်းကိုလက်လွှတ်ကာ စစ်သားများဆုတ်ခွာသွား
နိရဉ္စရာ၊ စက်တင်ဘာ ၁၅/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ နေရာနှစ်ခုတွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး ကျီးဝတပ်စခန်းကုန်းကို စစ်သားများက လက်လွှတ်ကာ ဆုတ်ခွာထွက်သွားခဲ့ကြသည်ဟု ခိုင်လုံသော သတင်းရင်းမြစ်အရသိရသည်။
ယနေ့ နံနက် ၇ နာရီမှ စတင်ကာ အိန္ဒိယနယ်စပ် မြိတ်ဝကျေးရွာအနီးတွင် အေအေနှင့် မြန်မာစစ်တပ်တို့ ထပ်မံတိုက်ပွဲဖြစ်ပွားနေပြီး နံနက် ၁၀ နာရီခန့်မှ စတင်ကာ ပလက်ဝမြို့နယ် နှမဒါကျေးရွာ အနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
“ဒီနေ့ နှမဒါရွာအနီးမှာ တိုက်ပွဲထပ်ဖြစ်ပါတယ်။ ၁၀ နာရီလောက်ကနေ ၂ နာရီလောက်အထိ ဖြစ်တယ်။ သေနတ်သံက နေ့လယ် ၂ နာရီအထိ တစ်ချက်တစ်ချက် ကြားနေရသေးတယ်ပေါ့။ နောက်ပိုင်းတော့ အပြင်းအထန်တော့ မကြားရတော့ဘူး”ဟု ပြောသည်။
ပလက်ဝမြို့နယ် နှမဒါကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယနေ့ (စက်တင်ဘာ ၁၅ ရက်) နံနက် ၁၀ နာရီခန့်မှ နေ့လယ် ၁ နာရီခွဲအချိန်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိသည်။
၎င်းအပြင် အိန္ဒိယနယ်စပ်အနီးတွင်တည်ရှိသည့် မြိတ်ဝကျေးရွာအနီးတွင်လည်း နံနက် ၇ နာရီကျော်မှစတင်ကာတိုက်ပွဲဖြစ်ပွားနေပြီး နေ့လယ် ၂ နာရီခွဲအချိန်အထိ တိုက်ပွဲ မရပ်သေးဟု မြိတ်ဝဒေသခံတစ်ဦးက ပြောသည်။
“မြိတ်ဝရွာ အောက်ဘက်နားမှာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။ မနက် ၇ နာရီကျော်၊ ၈ နာရီလောက်ကနေ ဖြစ်နေတာပါ။ တိုက်ပွဲက အခုထိ ဖြစ်နေကြဆဲပါ”ဟု ယနေ့ နေ့လယ် ၂ နာခွဲက ဆက်သွယ်ပြောကြားသည်။
ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာစစ်ကောင်စီ တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာ ၁ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ကျေးရွာ အနီးအနားကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် မြိတ်ဝရွာဒေသခံ (၆၀၀) ခန့် အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်မှ ကျေးရွာများတွင် ထွက်ပြေးခိုလှုံခဲ့ကြရသည်။
ယနေ့ နံနက် ၁၀ နာရီခန့်တွင် အင်အား ၃၀ ကျော် ၄၀ နီးပါး တပ်စွဲထားသည့် ပလက်ဝမြို့နယ်၊ ဆမီးမြို့ အနီးရှိ ကျီးဝတပ်စခန်းကုန်းမှလည်း စစ်ကောင်စီတပ်သားများသည် စခန်းစွန့်ခွာကာ ထွက်သွားခဲ့ကြသည်ဟု မျက်မြင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။
“သူတို့ ၁၀ နာရီလောက်ကနေ ကျီးဝတပ်စခန်းကုန်းကို လက်လွှတ်ပြီး ထွက်သွားကြတာပါ။ စစ်သား ၃၀ ကျော် ၄၀ နီးပါး ရှိပါမယ်။ တိုက်ပွဲဖြစ်လို့တော့ မဟုတ်ဘူး။ တိုက်ပွဲမဖြစ်ခင်စွန့်ခွာသွားတဲ့ အနေအထားပါ။ အခု သူတို့ စစ်သားတွေ လိပ်ကုန်းဗျူဟာကို သွားပေါင်းနေထိုင်တယ်လို့ သိရပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်တပ် တပ်စခန်းတချို့ကိုလည်း ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဆုတ်ခွာရုတ်သိမ်းမှုများ ရှိခဲ့သည်။
လက်ရှိမှာ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာပြီး စစ်ကောင်စီက စစ်အင်အား၊ လက်နက်ရိက္ခာများကို စစ်လေယာဉ်၊ စစ်သင်္ဘော၊ စစ်သားများနှင့် သာမက အရပ်ဘက်သုံး ယာဉ်များကိုပါ အသုံးပြုဖြည့်တင်းမှုများရှိလာ၍ ယနေ့မှ စတင်ကာ စစ်ဆေးမှုများပြုလုပ်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်ထားည်။
ရက္ခိုင့်တပ်တော် (AA)က စက်တင်ဘာလ (၁၀) ရက်မှာ မောင်တော မြို့နယ်မြောက်ပိုင်း စစ်ကောင်စီတပ် ခမရ (၃၅၂) တပ်ရင်း စခန်းကုန်း ကိုသိမ်းပိုက်နိုင်ခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့ကလည်း မောင်တောမြို့နယ်က မိုင်တိုင်(၄၀) နယ်ခြား စောင့်တပ်စခန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယင်းနောက်ပိုင်းတွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များဖြင့် အကြီးအကျယ် ဗုံးကြဲတိုခိုက်ခဲ့သလို အင်အားအများအပြားကိုလည်း ထပ်မံတိုးချခဲ့သည်ဟု သိရသည်။(NN-7)