Local News

 ရဲတပ္သား ထြန္းထြန္းႏိုင္ လင္မယားကို ေထြ/အုပ္ဝန္ထမ္းက ေထာ္လာဂ်ီျဖင့္ဝင္တိုက္

ရဲတပ္သား ထြန္းထြန္းႏိုင္ လင္မယားကို ေထြ/အုပ္ဝန္ထမ္းက ေထာ္လာဂ်ီျဖင့္ဝင္တိုက္၊ မိန္းမျဖစ္သူ ေသဆုံးၿပီး ရဲတပ္သားထြန္းထြန္းႏိုင္ သြားက်ိဳး၊ ေပါင္က်ိဳး ဒဏ္ရာရ

ရန္ကုန္၊ စက္တင္ဘာ ၁၅

ရန္ကုန္တိုင္း၊ ကိုကိုးကြၽန္းတြင္ ရဲတပ္သား ထြန္းထြန္းႏိုင္ႏွင့္ မိန္းမျဖစ္သူတို႔ စီးနင္းလာေသာ ေမာ္ေတာ္ဆိုင္ကယ္ကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဝန္ထမ္း ဦးေက်ာ္ေက်ာ္ဝင္း ေမာင္းႏွင္လာေသာ ေထာ္လာဂ်ီျဖင့္ ဝင္တိုက္ရာ ရဲတပ္သား၏ မိန္းမ မအိသဇင္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း ကိုကိုးကြၽန္း ရဲတပ္ဖြဲ႕ထံမွ သိရွိရသည္။

စက္တင္ဘာလ ၁၄ ရက္ေန႔ ညေန ၄ နာရီဝန္းက်င္အခ်ိန္ ကိုကိုးကြၽန္းတြင္ ရဲတပ္သားထြန္းထြန္းႏိုင္ႏွင့္ မိန္းမ ျဖစ္သူတို႔လိုက္ပါ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္သည္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အႀကီးတန္းစာေရး ဦးေက်ာ္ေက်ာ္ဝင္း ေမာင္းလာသည့္ ေထြလာဂ်ီႏွင့္ တိုက္မိေၾကာင္း၊

ရဲ တပ္သား ထြန္းထြန္းႏိုင္တြင္ သြားမ်ား က်ိဳး၊ ဝဲေပါင္ ႐ိုးက်ိဳး၊ ယာလက္ခုံ ဖူးေရာင္ဒဏ္ရာရရွိေၾကာင္း၊ ဆိုင္ကယ္ေနာက္တြင္ပါလာသည့္ ရဲတပ္သား၏ ဇနီးျဖစ္သူ မအိသဇင္တြင္ ျပင္းထန္ဒဏ္ရာမ်ားျဖင့္ ေဆး႐ုံတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရွိရသည္။

“ကိုးကိုးကြၽန္းၿမိဳ႕နယ္မွာ တာဝန္က်လို႔ေျပာင္းလာတဲ့ ရဲလင္မယားႏွစ္ေယာက္ကို ေထြအုပ္ဝန္ထမ္းက ေထြလာဂ်ီကားနဲ႔တိုက္မိတာ။ ရဲလင္မယားစီးလာတဲ့ဆိုင္ကယ္ေမွာက္ၿပီး မိန္းမကပြဲခ်င္းၿပီးဆုံးသြားပါတယ္။ ေထြ/အုပ္ဝန္ထမ္းကို အခင္းျဖစ္ၿပီး မၾကာခင္ ကိုးကိုးကြၽန္းၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္တယ္။ ေထြ/အုပ္ဝန္ထမ္းက ရန္ကုန္တိုင္း၊ဆိပ္ႀကီးခေနာင္တို႔ၿမိဳ႕နယ္ကပါ။ အခုက ခြင့္ ခဏတင္ၿပီး သူ႔သားေလးကိုလာျပန္ေခၚရင္း အခုလိုျဖစ္တာ” ဟု ကိုကိုးကြၽန္းရဲစခန္းထံမွ သိရွိရသည္။

ရဲတပ္သား ထြန္းထြန္းႏိုင္ မိန္းမျဖစ္သူ၏ နာေရးကို ကိုကိုးကြၽန္းတြင္ သၿဂိဳလ္ၿပီး ကိုကိုးကြၽန္းတြင္ ထိုကဲ့သို႔ ဆိုင္ကယ္ တိုက္ ေသဆုံးမႈမွာ ရွားပါးသည္ဟု ေဒသခံမ်ားက ဆိုၾကသည္။

“ကိုကိုးကြၽန္းဆိုတာကလည္း က်ဥ္းက်ဥ္းေလး ဒီေလာက္ႀကီး လူေသေလာက္ေအာင္လည္း မျဖစ္ဘူး။ နည္းနည္းပါး ေမွာက္တာ ျပဳတာပဲရွိတယ္။ ျဖစ္တာကလည္း ေထြ/အုပ္နဲ႔ရဲ ။ ထူးဆန္းတယ္။ ဒီေကာင္ေတြကံနိမ့္ေနတာေပါ့” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

ဓာတ္ပုံ- ရဲလင္းမယား၏ ဆိုင္ကယ္ကို ေထာ္လာဂ်ီျဖင့္ တိုက္မိသူ ေထြ/အုပ္ဝန္ထမ္း ဦးေက်ာ္ေက်ာ္ဝင္း။

ကိုကိုးကျွန်းတွင် ရဲတပ်သား ထွန်းထွန်းနိုင် လင်မယားကို ထွေ/အုပ်ဝန်ထမ်းက ထော်လာဂျီဖြင့်ဝင်တိုက်၊ မိန်းမဖြစ်သူ သေဆုံးပြီး ရဲတပ်သားထွန်းထွန်းနိုင် သွားကျိုး၊ ပေါင်ကျိုး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၅

ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းတွင် ရဲတပ်သား ထွန်းထွန်းနိုင်နှင့် မိန်းမဖြစ်သူတို့ စီးနင်းလာသော မော်တော်ဆိုင်ကယ်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ဦးကျော်ကျော်ဝင်း မောင်းနှင်လာသော ထော်လာဂျီဖြင့် ဝင်တိုက်ရာ ရဲတပ်သား၏ မိန်းမ မအိသဇင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ကိုကိုးကျွန်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် ကိုကိုးကျွန်းတွင် ရဲတပ်သားထွန်းထွန်းနိုင်နှင့် မိန်းမ ဖြစ်သူတို့လိုက်ပါ မောင်းနှင်လာသည့် ဆိုင်ကယ်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးကျော်ကျော်ဝင်း မောင်းလာသည့် ထွေလာဂျီနှင့် တိုက်မိကြောင်း၊

ရဲ တပ်သား ထွန်းထွန်းနိုင်တွင် သွားများ ကျိုး၊ ဝဲပေါင် ရိုးကျိုး၊ ယာလက်ခုံ ဖူးရောင်ဒဏ်ရာရရှိကြောင်း၊ ဆိုင်ကယ်နောက်တွင်ပါလာသည့် ရဲတပ်သား၏ ဇနီးဖြစ်သူ မအိသဇင်တွင် ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ကိုးကိုးကျွန်းမြို့နယ်မှာ တာဝန်ကျလို့ပြောင်းလာတဲ့ ရဲလင်မယားနှစ်ယောက်ကို ထွေအုပ်ဝန်ထမ်းက ထွေလာဂျီကားနဲ့တိုက်မိတာ။ ရဲလင်မယားစီးလာတဲ့ဆိုင်ကယ်မှောက်ပြီး မိန်းမကပွဲချင်းပြီးဆုံးသွားပါတယ်။ ထွေ/အုပ်ဝန်ထမ်းကို အခင်းဖြစ်ပြီး မကြာခင် ကိုးကိုးကျွန်းမြို့မရဲစခန်းမှာ အမှုဖွင့်တယ်။ ထွေ/အုပ်ဝန်ထမ်းက ရန်ကုန်တိုင်း၊ဆိပ်ကြီးခနောင်တို့မြို့နယ်ကပါ။ အခုက ခွင့် ခဏတင်ပြီး သူ့သားလေးကိုလာပြန်ခေါ်ရင်း အခုလိုဖြစ်တာ” ဟု ကိုကိုးကျွန်းရဲစခန်းထံမှ သိရှိရသည်။

ရဲတပ်သား ထွန်းထွန်းနိုင် မိန်းမဖြစ်သူ၏ နာရေးကို ကိုကိုးကျွန်းတွင် သဂြိုလ်ပြီး ကိုကိုးကျွန်းတွင် ထိုကဲ့သို့ ဆိုင်ကယ် တိုက် သေဆုံးမှုမှာ ရှားပါးသည်ဟု ဒေသခံများက ဆိုကြသည်။

“ကိုကိုးကျွန်းဆိုတာကလည်း ကျဉ်းကျဉ်းလေး ဒီလောက်ကြီး လူသေလောက်အောင်လည်း မဖြစ်ဘူး။ နည်းနည်းပါး မှောက်တာ ပြုတာပဲရှိတယ်။ ဖြစ်တာကလည်း ထွေ/အုပ်နဲ့ရဲ ။ ထူးဆန်းတယ်။ ဒီကောင်တွေကံနိမ့်နေတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရဲလင်းမယား၏ ဆိုင်ကယ်ကို ထော်လာဂျီဖြင့် တိုက်မိသူ ထွေ/အုပ်ဝန်ထမ်း ဦးကျော်ကျော်ဝင်း။