Local News

ျမင္းမူမွာ ပိုက္ေက်ာ္ျခင္း ခတ္ေနတဲ့ စကစေတြကို လွ်က္ဆား ပစ္ေကြၽး

ျမင္းမူမွာ ပိုက္ေက်ာ္ျခင္း ခတ္ေနတဲ့ စကစေတြကို လွ်က္ဆား ပစ္ေကြၽး

MFP ၊ စက္တင္ဘာ – ၁၅

စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕မွာ ေန႔လည္ပိုင္း ျပည္သူကို ဖမ္းဆီးေငြညႇစ္ၿပီး ညေနပိုင္း ပိုက္ေက်ာ္ျခင္း ခတ္ေနတဲ့ စစ္အုပ္စုကို ဒီေန႔ ညေနပိုင္း လက္လုပ္မိုင္းနဲ႔ အနီးကပ္ ပစ္ခတ္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ စကစ ခုႏွစ္ေယာက္ ေသတယ္လို႔ ျမင္းၿခံ ZERO ေျပာက္က်ားတပ္ဖြဲ႕က သတင္း ထုတ္ျပန္ပါတယ္။

ဒီေန႔ စက္တင္ဘာ(၁၅)ရက္ ညေန(၅)နာရီက ျမင္းမူၿမိဳ႕ စာသင္ေက်ာင္းထဲ စီးနင္းအထိုင္ခ်ေနၿပီး ျခင္းခတ္ေနတဲ့ စစ္အုပ္စုကို ZERO ေျပာက္က်ားတပ္ဖြဲ႕(ျမင္းၿခံ) ႏွင့္ True Fighter အဖြဲ႕တို႔ ပူးေပါင္းၿပီး တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“ျမင္းမူၿမိဳ႕နယ္ စာသင္ေက်ာင္းတြင္ တပ္စြဲထားေသာ စခမ်ား ပိုက္ေက်ာ္ျခင္း ခတ္ေနခ်ိန္ လွ်က္ဆား ပုလင္းႏွင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ စခ ခုႏွစ္ေကာင္ ဘဝကူးေျပာင္းသြားေၾကာင္းသိ ရွိရပါသည္” လို႔ ျမင္းၿခံ ZERO တပ္ဖြဲ႕က ေဖာ္ျပပါတယ္။

စက္တင္ဘာ(၈)ရက္ ညပိုင္းကလည္း ျမင္းမူၿမိဳ၊ က်န္စစ္သားရပ္ကြက္မွာ ရွိတဲ့ ျမန္မာ့စီးပြားေရးဘဏ္မွာ ဂိတ္အေစာင့္က်ေနတဲ့ စစ္အုပ္စုကို ZERO ေျပာက္က်ားတပ္ဖြဲ႕(ျမင္းၿခံ) ႏွင့္ True Fighter အဖြဲ႕တို႔ ပူးေပါင္းၿပီး လက္ပစ္ဗုံးနဲ႔ အနီးကပ္ ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ စကစ သုံးေယာက္ ေသတယ္လို႔ ျမင္းၿခံ ZERO ေျပာက္က်ားတပ္ဖြဲ႕က သတင္း ထုတ္ျပန္ထားပါတယ္။

အဲ့ဒီ ဘဏ္အေစာင့္ စစ္အုပ္စု တိုက္ခိုကခံရတဲ့ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး စစ္အုပ္စုဘက္ကေတာ့ ဗုံးက မေပါက္ကြဲခဲ့ဘူးလို႔ သတင္းျဖန႔္ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ျမင္းမူၿမိဳ႕ ရဲစခန္းထဲက စစ္အုပ္စုကို အနီးကပ္ ဗုံးထု တိုက္ခိုက္ခဲ့ရာ စကစ အနည္းဆုံး တစ္ေယာက္ ေသၿပီး ဒဏ္ရာရသူေတြလည္း ရွိတယ္လို႔ ZERO ေျပာက္က်ားတပ္က ထုတ္ျပန္ထားပါတယ္။

မြင်းမူမှာ ပိုက်ကျော်ခြင်း ခတ်နေတဲ့ စကစတွေကို လျှက်ဆား ပစ်ကျွေး ခုနှစ်ယောက် ေ-သ

MFP ၊ စက်တင်ဘာ – ၁၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာ နေ့လည်ပိုင်း ပြည်သူကို ဖမ်းဆီးငွေညှစ်ပြီး ညနေပိုင်း ပိုက်ကျော်ခြင်း ခတ်နေတဲ့ စစ်အုပ်စုကို ဒီနေ့ ညနေပိုင်း လက်လုပ်မိုင်းနဲ့ အနီးကပ် ပစ်ခတ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ ခုနှစ်ယောက် သေတယ်လို့ မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၅)ရက် ညနေ(၅)နာရီက မြင်းမူမြို့ စာသင်ကျောင်းထဲ စီးနင်းအထိုင်ချနေပြီး ခြင်းခတ်နေတဲ့ စစ်အုပ်စုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နှင့် True Fighter အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မြင်းမူမြို့နယ် စာသင်ကျောင်းတွင် တပ်စွဲထားသော စခများ ပိုက်ကျော်ခြင်း ခတ်နေချိန် လျှက်ဆား ပုလင်းနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခ ခုနှစ်ကောင် ဘဝကူးပြောင်းသွားကြောင်းသိ ရှိရပါသည်” လို့ မြင်းခြံ ZERO တပ်ဖွဲ့က ဖော်ပြပါတယ်။

စက်တင်ဘာ(၈)ရက် ညပိုင်းကလည်း မြင်းမူမြို၊ ကျန်စစ်သားရပ်ကွက်မှာ ရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ ဂိတ်အစောင့်ကျနေတဲ့ စစ်အုပ်စုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နှင့် True Fighter အဖွဲ့တို့ ပူးပေါင်းပြီး လက်ပစ်ဗုံးနဲ့ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေတယ်လို့ မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ဘဏ်အစောင့် စစ်အုပ်စု တိုက်ခိုကခံရတဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်အုပ်စုဘက်ကတော့ ဗုံးက မပေါက်ကွဲခဲ့ဘူးလို့ သတင်းဖြန့်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြင်းမူမြို့ ရဲစခန်းထဲက စစ်အုပ်စုကို အနီးကပ် ဗုံးထု တိုက်ခိုက်ခဲ့ရာ စကစ အနည်းဆုံး တစ်ယောက် သေပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ZERO ပြောက်ကျားတပ်က ထုတ်ပြန်ထားပါတယ်။