အသက်တွေ ကြီးသွားတာတောင် ဘုရားကပေးထားတဲ့ အသံ ပျက်စီး မသွားသေးတဲ့ အဆိုတော် နွဲ့ယဥ်ဝင်း
ဒီကနေ့မှာတော့ ဒေါသစိတ်လေး ၃၆၀ မိနစ်၊မိုးကလေးချုပ်မှ အိမ်ပြန်မယ်၊ဝင်သက်ထွက်သက်၊စတဲ့တေးသီချင်းတွေနဲ့ အတူ နာမည်ကြီးကျော်ကြားလာခဲ့ပြီး အခုချိန်မှာ အောင်မြင်တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်တဲ့ အပြင်
တက္ကသိုလ်ဆရာမတစ်ဦးလည်းဖြစ်ပါသေးတယ်။ သီချင်းဆိုကောင်းတဲ့တက္ကသိုလ် ဆရာမလို့ နာမည်ကြီးတဲ့ နွဲ့ယဥ်ဝင်း ဟာ သံသာဝင်းဆိုတဲ့ သမီးကလေးတစ်ယောက်ကိုလဲ မွေးထားပါသေးတယ် ။ သံသာဝင်းဟာလည်း ချိုသာတဲ့ အသံလေးနဲ့အတူ
ပရိတ်သတ်ရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်နေခဲ့တဲ့ အဆိုတော်မလေးလဲ ဖြစ်ပါသေးတယ်။ နွဲ့ယဥ်ဝင်းဟာ သီချင်းပေါင်းများစွာ သီဆိုခဲ့တဲ့ အဆိုတော်ကြီးတ်စ်ယောက်ဖြစ်ပြီး နောက်ပိုင်းလူငယ်အဆိုတော်များကလဲ
သူရဲ့ သီချင်းတွေကိုပြန်ဆိုခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ အဆိုတော်ကြိးတစ်ယောက်ဖြစ်ပါတယ် ။ နွဲ့ယဥ်ဝင်းဟာအဆိုတော်တစ်ယောက်မဖြစ်ခင်က တက္ကသိုလ်ဆရာမတစ်ဥိးဖြစ်ခဲ့ပါတယ်။သူမရဲ့ နာမည်အရင်းက ဂျွိုက်ဝင်းဖြစ်ပြီး
ခရစ်ယာန်ဘာသာကို ကိုးကွယ်ပါတယ်။ သူမကို ၁၉၄၅ ဧပြီလ ၂၃ ရက်နေ့မှာ စစ်ကိုင်းမြို့တွင် မွေးဖွားခဲပါတယ်။အခုမှာတော့ အသက် ၇၆ နှစ်ရှိနေပြီဖြစ်ပါတယ်။ မိဘများကတော့ ဦးမင်းဆွေနဲ့ ဒေါ်တင်တင်လှ တိုကနေ မွေးဖွားခဲ့ပါတယ်။
မွေးချင်းငါးယောက်ရှိပြီး အဖေနာမည် ဥိးဝင်းမောင်ကြောင့် ဂျွိုက်ဝင်းဖြစ်လာခဲ့တယ်လို့ နွဲ့ယဥ်ဝင်းက ဆိုပါတယ်။ဖခင်က စစ်ကိုင်းမှ ဖြစ်ပြီး မိခင်ကတော့ ကပြားဖြစ်ပါတယ်။ မိဘများမှာ ငယ်သူဘဝမှာပင် အိမ်ထောင်ကျခဲ့ကြပြီး
ငယ်ငယ်နဲ့ ခိုးရာလိုက်ပြေးစဥ်က အိမ်ထောင်တောင်မကျသေးဘဲနောက်မှသာ အဖေဖြစ်သူက ပညာဝန်ထောက်ဖြစ်လာတယ်လို့ ဆိုပါတယ်။ နွဲ့ယဥ်ဝင်းမှာ မွေးချင်း ငါးယောက်မှာ အကြီးဆုံးဖြစ်ပြီး သူမ၏အထက်ကလေးက
စစ်တွင်းကာလမှာ ဆုံးပါးသွားပြိးနောက်မှာ နွဲ့ယဥ်ဝင်းကို မွေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ် ။ အဖေဖြစ်သူမှာ အညာသားဖြစ်ပြီး အမေဖြစ်သူက ကပြားဖြစ်ပြီး နွဲ့ယဥ်ဝင်းကတော့ အဖေဖြစ်သူနဲ့တူတယ်လို့ ပြောပါတယ်။
နွဲ့ယဥ်ဝင်း မွေးကာစက မျက်လုံးပြူပြူး ဆံပင်ကောက်ကောက်နဲ့ အသားညိုညိုလေးလို့ နွဲ့ယဥ်ဝင်းကပြောပါတယ်။စစ်ကိုင်းမှာမွေးခဲ့တဲ့ နွဲ့ယဥ်ဝင်းဟာ အသက်သုံးနှစ်အရွယ်ကတည်းက ရန်၇ကုန်ကို ရောက်နေပါပြီ။၊
စိန့်ဖရန့်စစ် အမျိုးသမီးကျောင်းမှာ သူငယ်တန်းကနေ ၄ တန်းအထိတက်တယ်လို့ဆိုပါတယ် ။ အတန်းထဲမှာ ဘာသာရပ်အားလုံးနီးပါး english လို သင်ခဲ့ရပြီး အမြဲအဆင့်တစ်ရတဲ့အထိတော်လွန်းတယ်လို့ နွဲ့ယဥ်ဝင်းက ဆိုပါတယ် ။
စိန့်ဖလောမီးနား ကျောင်းုမှာငါးတန်းက စပြီးတော့ပညာသင်ယူခဲ့ပြိးတော့ ဘော်ဒါပါနေရတယ်လို့ နွဲ့ယဥ်ဝင်းက ဆိုပါတယ် ။ ညီမအငယ်နှစ်ယောက်နဲ့ ဘော်ဒါနေတဲ့ နွဲ့ယဥ်ဝင်းဟာ ကျောင်းအသစ်မှာ ဘာသာရပ်အားလုံးကို
မြန်မာလိုပြန်ပြောင်းသင်တာကြောင့် အဆင့်တွေကျသွားခဲ့တယ်လို့ ဆိုပါတယ်။ အဖေကော အမေကောက အနုပညာကို ဝါသနာပါပြီး အဘိုးအဘွားဖြစ်သူတွေကြောင့် မလုပ်ခဲံရဘူးလို့ ဆိုပါတယ်။
၁၂ ဆိုတဲ့ ငယ်လွန်းလှတဲ့ အရွယ်မှာပဲ သီချင်းကိုစဆိုခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းမှာသီချင်းဆိုခဲ့တာဖြစ်တယ်လို့ နွဲ့ယဥ်ဝင်းက ပြောခဲ့ပါတယ်။ သီချင်းဆိုတဲ့နေရာမှာ ပါရမီပါလာတဲ့ နွဲ့ယဥ်ဝင်းဟာ ဘူရားကျောင်းမှာ စပြီးတော့
သီချင်းကို ဆိုခဲ့ရပြီး နွဲ့ယဥ်ဝင်း မရှိတဲ့နေ့က ဘုရားကျောင်းမှာ သီချင်းဆိုလို့ မရတဲ့အထိ လို့ ဆိုပါတယ်။စိန့်ဖလော ကျောင်းကနေပဲ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ဆေးကျောင်းတက်ဖို့ အမှတ်မှီခဲ့ပါတယ်။
သီချင်းဆိုတဲ့နေရာမှာလဲတော်သလို ပညာရေးမှာလဲ တော်လွန်းတဲ့ နွဲ့ယဥ်ဝင်းပါပဲ နေ ာ်။ အမေဖြစ်သူက ဆေးကျောင်းကို တက်စေချင်ပေမယ့် အင်္ဂလိပ်မေဂျာကိုပဲ စိတ်ဝင်စားတဲ့ နွဲ့ယဥ်ဝင်းဟာ အင်္ဂလိပ် အဓိကနဲ့ ပဲ
၁၉၆၇ ခုနှစ်မှာ ကျောင်းပြီးခဲ့ပါတယ်။တက္ကသိုလ်ကျောင်းမှာ သီချင်းဆိုခဲ့ပြီး ဝါသနာပါလွန်းတဲ့ နွဲ့ယဥ်ဝင်းက သီချင်းကြီးပဲဆိုနေတာကြောင့် မာစတာတန်းတက်ဖို့ မမှီခဲ့ဘူးလို့ ဆိုပါတယ်။ မန္တလေးတက္ကသိုလ်ကို ၃ နှစ်လောက်
ပြောင်းရွေ့တက်ရောက်ခဲ့ပြီးရန်ကုန်တက္ကသိုလ် ပြန်ပြောင်းတော့မှာပဲ စားမေပွဲဖြေကာမာစတာဘွဲ့ရအောင်ယူခဲ့ပါတယ်။တက္ကသိုလ် ဒုတိယနှစ်လောက်မှာပဲ ဂီတစာဆို ကိုမြတ်လင်းရေးဖွဲ့ထာတဲ့ပန်းကမ္ဘာမျှော်စင်တေးသချင်းကို
စတင်သီဆိုခဲ့ပြီး မြန်မာ့အသံမှာ သီချင်းသွားးရောက်စစ်ဆေးခဲ့ရတယ်လို့ ဆိုပါတယ် ။ ကွန်ဗင့်ကျောင်းထွက်ဖြစ်တဲ့ နွဲ့ယဥ်ဝင်းဟာ မြန်မာလို သီချင်းတွေကို ပီပြင်အောင်မသီဆိုနိုင်ပါဘူး စကားလုံးတစ်ချို့မှာ လွဲတာတွေရှိခဲ့တာကြောင့်
ကြိုးစားသီဆိုရတယ်လို့ဆိုပါတယ်။ထိုကထဲကတင်းကျပ်လွန်းတဲ့စည်းကမ်းချက်မျာကြောင့် အရည်အသွေးပြည့်တဲ့သီချင်းကောင်းတွေထွက်လာရတယ်လို ဆိုပါတယ်။ မြန်မာသံစဥ်တွေအတွက် နာမည်ကြီးဂန္တဝင်အဆိုကျော်ကြီးများဖြစ်တဲ့ ချိုပြုံး ၊
တင်တင်လှ ၊ တင်တင်မြ တို့ ရဲ့သီချင်းလေးတွေနားထောင်အားကျခဲ့ပြီးတော့ စဆိုတဲ့ အခါမှာတော့ အင်္ဂလိုပ်သီချင်းကို စဆိုခဲ့တယ်လို့ နွဲ့ယဥ်ဝင်းက ဆိုပါတယ်။ အင်္ဂလိပ်ပိုင်း variety show အစီအစဥ်မှာ ၁၉၆၄ခုနှစ်ကနေ စဆိုခဲ့ပြီးတော့
ဆက်တိုက်ဆိုနေရင်းနဲ့လဲ တက္ကသိုလ်အနုပညာအသင်းတွေထဲလဲ ဝင်ခဲ့တယ်လို့ နွဲ့ယဥ်ဝင်းကဆိုပါတယ်။မေတ္တာရိပ်မြုံတေးဂီတအဖွဲ့ကနေ စပြီး မြန်မာသံစဥ်တေးသီချင်းကို စတင်သီဆိုပြီး ထိုသီချင်းမှာ ပန်းကမ္ဘာမျှော်စင်တေးသီချင်ဖြစ်ပါတယ်။
ထိုနောက် နွဲ့ယဥ်ဝင်းဟာ ဓာတ်ပြားရလာပြီးတော့ဂီတလောကထဲကို စတင်ဝင်ရောက်လာတယ်လို ဆိုပါတယ်။ ပန်းကမ္ဘာမျှော်စင် တေးသီချင်းလေးက မေမြို့ အကြောင်းကို အမွှန်းတင် ဖွဲ့ဆိုထားတဲ့ တေးသီချင်းလေးဖြစ်ပြိး
တေးလေးကို နားထောင်လိုက်တ်ာနဲ့ မေမြို့ကို သွားရောက်လည်ပတ်ချင်အောင် ရေးစပ်ထားတဲ့တေးသီချင်းလေးဆိုရင်လည်း မမှားပါဘူး ။ ပရိတ်သတ်ကြီးတို့ တော်တော်များများရင်းနှီးပြီးသားဖြစ်တဲံ တေးသီချင်းလေးဖြစ်ပါလိမ့်မယ်နော်။
၁၉၆၄ ခုနှစ်က စတင်ပြီး မြန်မာသီချင်းတွေစဆိုခဲ့တဲ့ နွဲ့ယဥ်ဝင်းဟာ သီချင်းတစ်ပုဒ်နဲ့တင်ပွဲဦးထွက်အောင်မြင်မှု ရရှိခဲ့ပြီး နောက်မှာတော့ ချစ်သူတို့ ဘဝဝယ်၊တစ်လုံးနှစ်လုံး စာစီကုံးမေတ္တာပန်းများချွေခူးထားတယ်၊မောင့်မောင့်အပေါ်ထားတဲ့
မေတ္တာ ၊ ရွှေလှေခါးလေးခင်းပေးမယ် စတဲ့ ရေဒီယို သီချင်းတွေကို သီဆိုခဲ့ပြီး နာမည်ကြီးလာခဲ့ပါတယ်။အောင်မြင်မှု လမ်းကြောင်းပေါ်ကို ရောက်နေပြီဖြစ်တဲ့ နွဲ့ယဥ်ဝင်းဟာ ရုပ်ရှင်တေးသီချင်းတွေကိုလည်း ဆိုခဲ့ပါသေးတယ်။
၇ေဒီယိုသီချင်းနဲ့ ရုပ်ရှင်သီချင်းတွေကိုလည်းတွဲဆိုခဲ့တဲ့ နွဲ့ယဥ်ဝင်းဟာ ကျော်ဆိုတဲ့ ဇာတ်ကားရဲ့ဇာတ်ဝင်တေးသီချင်းကို ဆိုဖို့ကမ်းလှမ်းခံခဲ့ရပါတယ်။၊ရုပ်ရှင်မင်းသမီးတင်တင်ညိုရဲ့ဇာတ်ကားတွေနဲ့ ဦးကျော်ဟိန်းရဲ့ဇာတ်ကာတွေကို
ဇာတ်ဝင်တေးနောက်ခံတေးတွေသီဆိုခဲ့ပြီး ကျွန်တော့်နာမည်ကျော်ကျော် ၊ ကဋေရှစ်ဆယ် သူဌေးသားစတဲ့ ဇာတ်ကားတွေရဲ့ နောက်ခံတေးတွေကို သီဆိုခဲ့ရပါတယ်။ငယ်ငယ်ကတည်းက ကိုယ်လုပ်ချင်တာကို ကောင်းအောင်လုပ်ခဲ့ပြိး
အောင်မြင်အောင်လုပ်တယ်လို့နွဲ့ယဥ်ဝင်းက ဆိုပါတယ် ။ ငယ်ငယ်လေးထဲက ကိုယ့်ခံယူချက်နဲ့ကိုယ် ဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့ အဆိုတော်ကြီးတစ်ယောက်ပါပဲ။စတီ၇ီယို ခေတ်ဦးရောက်တဲ့ အခါမှာလည်း နွဲ့ယဥ်ဝင်းဟာ ဘုရင်မတစ်ပါးပါပဲ ။
ရုပ်ရှင်မင်းသားကြီးကျော်သူပိုင်တဲ့ အမျိုးသားတိုးတက်ရေးဆိုတဲ့ ရွှေတောင်ကြားလမ်းထဲမှာ တည်ရှိတဲ့ စတီရီယိုမှာ သီချင်းတွေကို သွင်းခဲ့တယ်လို့ ဆိုပါတယ်။ ဂီတစာဆို ကိုသက်မှူးရဲ့ တိုက်တွန်းမှုကြောင့် လာရှိုးက အဆိုတော်တစ်ယောက်နဲ့
စုံတွဲတစ်ခွေထွက်ခဲ့ပါတယ်။ ထို အခွေဟာ ပရိတ်သတ်တွေကြားရေပန်းစားခဲ့ပြီး ပေါက်သွားတာကြောင့် ထို အခွေထဲက နွဲ့ယဥ်ဝင်းသီဆိုထားတဲ့ အလှကြည့်တဲ့ မှန်လို သီချင်းဟာ နာမည်ကြီးသွားခဲ့ပြီး နွဲ့ယဥ်ဝင်းဟာလည်း ဂီတမုတ်တိုင်တစ်ခုကို
စိုက်ထူနိုင်ခဲ့ပါသေးတယ်။နွဲ့ယဥ်ဝင်းကတော့ ကံကောင်းပြီး ဘုရားသခင်ရဲ့ ချီးမြောက်မှုတွေကြောင့် အခုလို အောင်မြင်တာလို့ ပြောပါတယ်။ ပရမီပါတဲ့ အဆိုတော်ကြီးပါပဲ။ထိုကတည်းက စပြိး နွဲ့ယဥ်ဝင်းက
စတီရီယို သီချင်းတွေကို စတင်ဆိုခဲ့ပါတောတယ်။ ၁၉၇၂ ခုနှစ်မှာ အိမ်ထောင်ကျသွားခဲ့ပြိး ၁၉၇၃ ခုနှစ်မှာ သားဦးလေးကို မွေးဖွားခဲ့ပါတယ်။ဂျပန်ပြည်ကို ရေးတဲ့စာ သီချင်းကို သီဆိုခဲ့ပြီးတော့ ထိုသီချင်းဟာလည်း နာမည်ကြီးသွားခဲ့ပါသေးတယ်။
ပြည်ပသို့ရောက်နေတဲ့ ချစ်သူကို လွမ်းတဲ့အကြောင်းကို သီဆိုထားတဲ့ တေးသီချင်းဖြစ်ပါတယ်။ ထိုနောက်သားအလတ်ကလေးကို မွေးဖွားခဲ့ပြီး အဆိုတော်သံသာဝင်းနဲ့ နောက်ထပ်သမီး အငယ်တစ်ယောက် စုစုပေါင်း
သားသမီး ရင်သွေးရတနာ လေးယောက် ထွန်းကားခဲ့တာဖြစ်ပါတယ်။ သားအလတ်ကို မွေးဖွားတဲ့အချိန်မှာ မီးမီးလေးရဲ့မေမေသီချင်းဟာ နာမည်ကြီးပြီး သားချော့တေးဖြစ်တဲ့ အတွက် သားလတ်လေးမွေးထားတဲ့ နွဲ့ယဥ်ဝင်းနဲ့တော့
အံကိုက်ပါပဲ။ ယနေ့မှစ နှစ်တစ်ရာတိုင်သီချင်းကို ကိုယ်တိုင်ရေးသားထားခဲ့ပြီး နာမည်ကြီးကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။မင်္ဂလာဆောင်တိုင်းဖွင့်တဲ့တေးသီချင်းလေးဖြစ်ပြီးအခုထိ မင်္ဂလာဆောင်တွေမှာ ဖွင့်နေဆဲဖြစ်တဲ့
မင်္ဂလာတေးဖြစ်ပါတယ်။မင်္ဂလာဆောင်နဲ့ပတ်သတ်တဲ့သီချင်းတစ်ပုဒ်ကို ထပ်မံရေးသားခဲ့ပြိး ထိုသီချင်းဟာ ယနေ့မှစနှစ်တစ်ရာတိုင်ဆိုတဲ့ တေးသီချင်းဖြစ်ပါတယ်။ ထိုသီချင်းဟာလည်း အခုချိန်ထိ ပေါက်တဲ့ သီချင်းကောင်းတစ်ပုဒ်ပဲ ဆိုတာ
ပရိတ်သတ်ကြိးတို့ အသိပါပဲ။ဆရာမအလုပ်ကို ဝါသနာပါပေမယ့် အကြောင်းကြောင်းကြောင့်လက်လွတ်ခဲ့ရတယ်လို့ဆိုပါတယ်။တေးရေး မြင့်မိုးအောင်နဲ့ သူငယ်ချင်းဖြစ်ပြီး နာမည်ကြီး သီချင်းဆိုပြိုင်ပွဲဖြစ်တဲ့ melody world ရဲ့
အမြဲတမ်း ဒိုင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ စည်းကမ်းတင်ကြပ်လှတဲ့ နွဲ့ယဥ်ဝင်းဟာတကယ့် ပါရမီပါပြီး ဆိုတတ်တဲ့ အဆိုတော်တွေကိုသာ ရွေးချယ်ပြီး တင်မြောက်ပေးခဲ့တယ်လို့ဆိုပါတယ်။ တော်လွန်းလှတဲ့ အဆိုတော် နွဲ့ယဥ်ဝင်းဟာ
စည်းစနစ်လဲ ကြီးပါတယ်။အမျိုးသမှး အဆိုတော်အရမ်းနည်းခဲ့တဲ့ ခေတ်မှာ ကြီးပြင်းလာရတဲ့ အရည်အသွေးပြည့်တဲ့ အဆိုတော်ကြီးဟာ အခုခေတ် အဆိုတော်လေးတွေကိုလည်း ဝါသနာအရင်းခံနဲ့ ဇွဲရှိရှိကြိုးစားစေချင်တယ်လို့ ဆိုပါတယ်။
ဘုရားတရားကိုင်းရှိုင်းလွန်းတဲ့ နွဲ့ယဥ်ဝင်းဟာ ပရိတ်သတ်တွေကိုအမြဲတမ်းတန်ဖို့ထားပြီး လေးလေးစားစားဆက်ဆံတယ်လို့ဆိုပါတယ်။ သမီးလတ်ဖြစ်သူ သံသာဝင်းနဲ့လည်း သီချင်းတွေအတူတူ ဆိုပြီး ကိုဗစ် ၁၉ ကာလမှာလဲ မိခင်နဲ့အတူ
တေးသီချင်းတစ်ပုဒ်ထွက်ရှိထားခဲ့ပါတယ်။ထိုသီချင်းနာမည်က မျှော်လင့်မထားတဲ့ မနက်ဖြန်ဆိုတဲ့ တေးသီချင်းဖြစ်ပြီး သားအမိနှစ်ယောက် အတူတူသီဆိုခဲ့တာဖြစ်ပါတယ်။နွဲ့ယဥ်ဝင်းရဲ့ သီချင်းမရှိရင် အချစ်မရှိ ဆိုတဲ့ ၄၅ နှစ်ပြည့်
ဂီတခရီး အထိမ်းအမှတ်အဖြစ် အရင်ကထွက်ရှိခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်း ၁၃ ပုဒ်နဲ့ bonus track တစ်ပုဒ်ပါဝင်ပါတယ်။ ဒေါသစိတ် ကလေး ၃၆၀ မိနစ် ၊ မနဲ့မောင် ၊ အငး်ယားလမ်းက အကြော်ဆိုင်၊ ဒီအချိန်ကစ ၊
အချိန်က ၂၄ နာရီ သီချင်းမရှိလျှင် အချစ်မရှိ စတဲ့တေးသီချင်းတွေပါဝင်ပါတယ်။ Pepsi Music Lounge Myanmar မှာလဲ ဂီတသားအမိနှစ်ယောက် သီချင်းများကို ပြန်ဆိုခဲ့ကြပါသေးတယ်။ရှင်ဘုရင်လေး ၊ပုဆိုးုနဲ့တိုက်ပုံ ဝတ်လာပါ ၊
ရွေပင်လယ်၊ချယ်ရီပန်းလေး အသည်းပေးမယ်၊သွေးချင်းတို့ရဲ့ ခရစ်စမတ်၊ဘယ်ရည်းစာကိုအချစ်ဆုံးလဲ၊ မညာတော့ဘူးစတဲ့တေးသီချင်းတွေဟာ လူကြီးလူငယ် ပရိတ်သတ်တွေကြားထဲမှာ မျိုးဆက် အဆက်ဆက် မပြတ်တမ်း အောင်မြင်မှု အရှိန်မ
လျော့ ခဲ့တဲ့သီချင်းတွေဖြစ်ပါတယ်။ cover songs တွေပြန်လည်သီဆိုလာကြတဲ့ အခုချိန်မှာ နွဲ့ယဥ်ဝင်းရဲ့ သီချင်းတွေဟာ လဲ့ပြန်လည်သီဆိုခြင်းခံရတဲ့ တေးသီချင်းတွေဖြစ်ခဲ့ပါတယ်။ ဒေါသစိတ်ကလေး ၃၆၀ မိနစ် ၊ဒီချိန်ကစ ၊
နတ်သမီးပုံပြင် ရွှေပင်လယ် စတဲ့တေးသီချင်းတွေက ပြန်လည်သီဆိုခြင်းခံခဲ့ရတဲ့ တေးသီချင်းတွေဖြစ်ခဲ့ပါတယ်။မကြာသေးခင်ကပဲ ခေတ်ဟောင်းနဲ့ ခေတ်သစ် mix လုပ်တဲ့ အနေနဲ့ ထက်ယံ သားသား တို့နဲ့အတူ မောင့်အချစ်ဥိးဆိုတဲ့
တေးသီချင်းလေးကို ပါဝင်သီဆိုထားခဲ့ပါသေးတယ်။ခေတ်ကို အမှီလိုက်နိုင်တဲ့ အဆိုတော်ကြီးပါပဲ ။ ပရိတ်သတ်ကြီးတို့ရေ နွဲ့ယဥ်ဝင်းဟာ အခုချိန်ထိ လှပနေသေးတဲ့ အဆိုတော်ကြီးဖြစ်ပြီး အသက်ကြီးတာတောင် ဘုရားပေးတဲ့
အသံက ပျက်စီးမသွားသေးပါဘူးနော် ။ ပရိတ်သတ်ကြီးကကော နွဲ့ယဥ်ဝင်းရဲ့ ဘယ်သီချင်းကို အသဲစွဲကြိုက်ကြလဲနော် ။ comment box မှာ ရေးခဲ့လို့ ရပါတယ်နော် ။
mdatenews