Local News

မုံ႐ြာသပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္ကို ေ-သဒဏ္ခ်ႏိုင္သည့္ ပုဒ္မထပ္တပ္

မုံ႐ြာသပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္ကို ေသဒဏ္ခ်ႏိုင္သည့္ ပုဒ္မထပ္တပ္

ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခံရထားသည့္ မုံ႐ြာၿမိဳ႕မွ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပေခါင္းေဆာင္ ကိုေဝမိုးႏိုင္ကို ယခုလ ၈ ရက္တြင္ စစ္ေကာင္စီက ေသဒဏ္ခ်ႏိုင္ေသာ ပုဒ္မျဖင့္ ထပ္မံစြဲခ်က္တင္လိုက္ေၾကာင္း သိရသည္။

ကိုေဝမိုးႏိုင္ကို ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္ပုန္ကန္မႈ ပုဒ္မ ၁၂၂ ျဖင့္ စစ္ေကာင္စီ၏ မုံ႐ြာေထာင္တြင္းတရား႐ုံးက ယခုလ ၈ ရက္တြင္ စြဲခ်က္တင္လိုက္ေၾကာင္း ၎၏ မိခင္ျဖစ္သူ ေဒၚမိုးစႏၵာၾကဴက ေျပာသည္။

“အေစာပိုင္း ဖမ္းဆီးၿပီးေတာ့ သတင္းေတြ ထုတ္ျပန္တဲ့အခါမွာ မတရားအသင္းဆက္သြယ္မႈ ၁၇ (၁) တို႔ ႏိုင္ငံေတာ္ပုန္ကန္မႈ ပုဒ္မ ၁၂၄ တို႔ အဲဒါေတြပါတယ္ေလ။ အခု အဲဒါကို အကုန္လုံးၿခဳံငုံၿပီးေတာ့ ၁၂၂ နဲ႔ ထုတ္လိုက္တယ္လို႔ သိရတယ္။ ၁၇ (၁) တို႔ ၁၂၄ တို႔ သီးသန္႔ မပါေတာ့ဘူး” ဟု ၎က ေျပာသည္။

ေနာက္ဆုံး စြဲဆိုသည့္ ပုဒ္မ ၁၂၂ အမႈအတြက္ ယခုလ ၂၂ ရက္တြင္ ႐ုံးထုတ္စစ္ေဆးရန္ရွိေၾကာင္း ေဒၚမိုးစႏၵာၾကဴထံမွ သိရသည္။

“မုံ႐ြာေရွ႕ေနေတြက သူ႔အတြက္ လိုက္မေပးရဲဘူး။ မႏၲေလးေရွ႕ေန ငွားရတာ။ မႏၲေလးေရွ႕ေနကလည္း (တစ္ဦး) အဖမ္းခံလိုက္ရတယ္။ တစ္ဦး ေရွာင္တိမ္းေနရတယ္လို႔ ၾကားတယ္။ ေနာက္ထပ္ ထပ္ငွားဖို႔ရာအတြက္ ကြၽန္မတို႔ကလည္း ေရွ႕ေနေတြရဲ႕ လုံၿခဳံေရးကို မေပးႏိုင္ဘူး။ တျခားအခက္အခဲေတြလည္း ရွိတဲ့အတြက္ မငွားေတာ့ဘူး” ဟု ေဒၚမိုးစႏၵာၾကဴက ေျပာသည္။

လာမည့္ စက္တင္ဘာ ၂၀ တြင္ ပုဒ္မ ၅၀၅ အမႈအတြက္ ၎ကိုယ္တိုင္ တရား႐ုံးတြင္ တရားခံျပသက္ေသ ထြက္ဆိုရမည္ျဖစ္ေၾကာင္းလည္း ၎က ေျပာသည္။

ကိုေဝမိုးႏိုင္ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာဥပေဒ ပုဒ္မ၊ ရာဇသတ္ႀကီးဥပေဒပုဒ္မမ်ားစြာျဖင့္ စစ္ေကာင္စီက အမႈဖြင့္လွစ္ခဲ့ၿပီး ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၇(၁)၊ ၁၂၄ ႏွင့္ ၅၁၁ တို႔ျဖင့္ ဆက္လက္အမႈဖြင့္သြားမည္ျဖစ္ေၾကာင္း စစ္ေကာင္စီက ဧၿပီလကုန္ပိုင္းတြင္ သတင္းထုတ္ျပန္ခဲ့သည္။

ဩဂုတ္လ ၁၂ ရက္တြင္ ပုဒ္မ ၅၀၅-က ျဖင့္စြဲဆိုထားသည့္ အမႈငါးမႈအတြက္ ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခံရသည့္ ကိုေဝမိုးႏိုင္အေနျဖင့္ ဆိုင္ကယ္သပိတ္ဦးေဆာင္မႈအတြက္ ပုဒ္မ ၅၀၅၊ သဘာဝေဘးအႏၲရာယ္ ဆိုင္ရာဥပေဒ ပုဒ္မ ၂၅၊ လူေသမႈပုဒ္မ ၃၀၂ (၂)၊ လူကို မတရားခ်ဳပ္ေႏွာင္မႈ ပုဒ္မ ၃၄၂ စသည့္ အမႈမ်ားကိုလည္း ရင္ဆိုင္ေနရသည္။

အသက္ ၂၆ အ႐ြယ္ ကိုေဝမိုးႏိုင္သည္ မုံ႐ြာၿမိဳ႕တြင္ ဆိုင္ကယ္သပိတ္ျပဳလုပ္ေနစဥ္ အိမ္စီးကားျဖင့္တိုက္ကာ ဖမ္းဆီးခံရၿပီးေနာက္ ေထာင္တြင္း တရားရင္ဆိုင္ေနရသည္မွာ တစ္ႏွစ္ခြဲခန္႔ ၾကာျမင့္ၿပီျဖစ္သည္။

၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူ ၂,၂၇၆ ဦးကို စစ္ေကာင္စီက သတ္ျဖတ္ထားၿပီး ၁၂၆ ဦးမွာ ေသဒဏ္ခ်မွတ္ခံထားရသည္။

စစ္ေကာင္စီသည္ ဒီမိုကေရစီအေရးတက္ႂကြလႈပ္ရွားသူမ်ားျဖစ္သည့္ ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္ အပါအဝင္ အက်ဥ္းသား ၄ ဦးကို ဇူလိုင္လက ႀကိဳးေပးကြပ္မ်က္ခဲ့သည္။source-ျမန္မာေနာင္း

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို သေဒဏ်ချနိုင်သည့် ပုဒ်မထပ်တပ်

ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရထားသည့် မုံရွာမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ကို ယခုလ ၈ ရက်တွင် စစ်ကောင်စီက သေဒဏ်ချနိုင်သော ပုဒ်မဖြင့် ထပ်မံစွဲချက်တင်လိုက်ကြောင်း သိရသည်။

ကိုဝေမိုးနိုင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် စစ်ကောင်စီ၏ မုံရွာထောင်တွင်းတရားရုံးက ယခုလ ၈ ရက်တွင် စွဲချက်တင်လိုက်ကြောင်း ၎င်း၏ မိခင်ဖြစ်သူ ဒေါ်မိုးစန္ဒာကြူက ပြောသည်။

“အစောပိုင်း ဖမ်းဆီးပြီးတော့ သတင်းတွေ ထုတ်ပြန်တဲ့အခါမှာ မတရားအသင်းဆက်သွယ်မှု ၁၇ (၁) တို့ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ တို့ အဲဒါတွေပါတယ်လေ။ အခု အဲဒါကို အကုန်လုံးခြုံငုံပြီးတော့ ၁၂၂ နဲ့ ထုတ်လိုက်တယ်လို့ သိရတယ်။ ၁၇ (၁) တို့ ၁၂၄ တို့ သီးသန့် မပါတော့ဘူး” ဟု ၎င်းက ပြောသည်။

နောက်ဆုံး စွဲဆိုသည့် ပုဒ်မ ၁၂၂ အမှုအတွက် ယခုလ ၂၂ ရက်တွင် ရုံးထုတ်စစ်ဆေးရန်ရှိကြောင်း ဒေါ်မိုးစန္ဒာကြူထံမှ သိရသည်။

“မုံရွာရှေ့နေတွေက သူ့အတွက် လိုက်မပေးရဲဘူး။ မန္တလေးရှေ့နေ ငှားရတာ။ မန္တလေးရှေ့နေကလည်း (တစ်ဦး) အဖမ်းခံလိုက်ရတယ်။ တစ်ဦး ရှောင်တိမ်းနေရတယ်လို့ ကြားတယ်။ နောက်ထပ် ထပ်ငှားဖို့ရာအတွက် ကျွန်မတို့ကလည်း ရှေ့နေတွေရဲ့ လုံခြုံရေးကို မပေးနိုင်ဘူး။ တခြားအခက်အခဲတွေလည်း ရှိတဲ့အတွက် မငှားတော့ဘူး” ဟု ဒေါ်မိုးစန္ဒာကြူက ပြောသည်။

လာမည့် စက်တင်ဘာ ၂၀ တွင် ပုဒ်မ ၅၀၅ အမှုအတွက် ၎င်းကိုယ်တိုင် တရားရုံးတွင် တရားခံပြသက်သေ ထွက်ဆိုရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ကိုဝေမိုးနိုင်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ ပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများစွာဖြင့် စစ်ကောင်စီက အမှုဖွင့်လှစ်ခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇(၁)၊ ၁၂၄ နှင့် ၅၁၁ တို့ဖြင့် ဆက်လက်အမှုဖွင့်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဧပြီလကုန်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ဩဂုတ်လ ၁၂ ရက်တွင် ပုဒ်မ ၅၀၅-က ဖြင့်စွဲဆိုထားသည့် အမှုငါးမှုအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည့် ကိုဝေမိုးနိုင်အနေဖြင့် ဆိုင်ကယ်သပိတ်ဦးဆောင်မှုအတွက် ပုဒ်မ ၅၀၅၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာဥပဒေ ပုဒ်မ ၂၅၊ လူသေမှုပုဒ်မ ၃၀၂ (၂)၊ လူကို မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂ စသည့် အမှုများကိုလည်း ရင်ဆိုင်နေရသည်။

အသက် ၂၆ အရွယ် ကိုဝေမိုးနိုင်သည် မုံရွာမြို့တွင် ဆိုင်ကယ်သပိတ်ပြုလုပ်နေစဉ် အိမ်စီးကားဖြင့်တိုက်ကာ ဖမ်းဆီးခံရပြီးနောက် ထောင်တွင်း တရားရင်ဆိုင်နေရသည်မှာ တစ်နှစ်ခွဲခန့် ကြာမြင့်ပြီဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၂,၂၇၆ ဦးကို စစ်ကောင်စီက သတ်ဖြတ်ထားပြီး ၁၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။

စစ်ကောင်စီသည် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် အကျဉ်းသား ၄ ဦးကို ဇူလိုင်လက ကြိုးပေးကွပ်မျက်ခဲ့သည်။source-မြန်မာနောင်း