Local News

တိတ္တဆိတ္ ထြန္းလင္းၿပီး ေႂကြလြင့္သြားတဲ့ ၾကယ္ (သို႔မဟုတ္) DGF တည္ေထာင္သူ အညာေျမက ေတာ္လွန္ေရးသမား ကိုလွမင္းႏိုင္

တိတ္တဆိတ္ ထြန္းလင္းၿပီး ေႂကြလြင့္သြားတဲ့ ၾကယ္ (သို႔မဟုတ္) DGF တည္ေထာင္သူ အညာေျမက ေတာ္လွန္ေရးသမား ကိုလွမင္းႏိုင္

သက္တန႔္/MFP တင္ဆက္သည္။

ဖက္ဆစ္တပ္ကို အျမစ္ျပတ္ ေခ်မႈန္းၿပီး ဒီမိုကေရစီ ဖက္ဒရယ္ႏိုင္ငံသစ္ တည္ေဆာက္ေရး ရည္ေမွ်ာ္ကာ တိုက္ပြဲဝင္ရင္း ေႏြဦးေတာ္လွန္ေရးမွာ လူမသိ၊ သူမသိ က်ဆုံးသြားၾကတဲ့ အညၾတ ရဲေဘာ္ေတြ ေထာင္ႏွင့္ခ်ီကာ အမ်ားအျပား ရွိေနပါတယ္။ အဲဒီအထဲမွာ ကိုလွမင္းႏိုင္ လည္း ပါဝင္ပါတယ္။

ခ်င္းတြင္းျမစ္႐ိုး၊ အညာေဒသရဲ႕ ေႏြဦးေတာ္လွန္ေရး လႈပ္ရွားမႈေတြအေၾကာင္း ျပန္ေျပာၾကရင္ ကိုလွမင္းႏိုင္ကို ခ်န္ထားခဲ့လို႔ မရပါဘူး။ မိတ္ရင္းေဆြရင္းျဖစ္တဲ့ ကဗ်ာဆရာ ေကဇဝင္း အပါအဝင္ လူထုသပိတ္မွာ ပါဝင္သူေတြကို စစ္အုပ္စုက ဥပေဒမဲ့ ပ-စ္ခ-တ္-၁၁-တ္-p-တ္ခဲ့ၿပီးေနာက္ ကိုလွမင္းႏိုင္က လက္နက္ကိုင္လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။

ခ်င္းတြင္းျမစ္႐ိုး၊ ယင္းမာပင္၊ ကနီနယ္တေၾကာ အေစာဆုံး ေပၚေပါက္လာတဲ့ လက္နက္ကိုင္ ေတာ္လွန္ေရး လႈပ္ရွားမႈေတြမွာ ဦးေဆာင္သူ ျဖစ္ခဲ့သလို ေႏြဦးေတာ္လွန္ေရး အေစာပိုင္းကာလ အေျခခံ စစ္သင္တန္း ေလ့က်င့္ေရး စခန္းေတြ ဖြင့္လွစ္ၿပီး လူငယ္ေတြကို စစ္ပညာ သင္ၾကား ေပးခဲ့သူေတြထဲမွာလည္း ကိုလွမင္းႏိုင္ ပါဝင္ခဲ့ပါတယ္။

DGF လို႔ အတိုေကာက္ေခၚတဲ့ Democratic Guerilla Force (ေအာက္ခ်င္းတြင္း) တပ္ဖြဲရဲ႕ ဦးေဆာင္သူ တစ္ဦးလည္း ျဖစ္တဲ့ ကိုလွမင္းႏိုင္ဟာ ခ်င္းတြင္းျမစ္ အေနာက္ဘက္ကမ္းက ပထမဆုံး လ-က္-န-က္ကိုင္တိုက္ပြဲ စတင္ခဲ့တဲ့ သေျပေအး ႐ြာသားတစ္ဦးလည္း ျဖစ္ပါတယ္။

အသက္(၃၀)ေက်ာ္အ႐ြယ္ ရဲေဘာ္သူရ လို႔ေခၚတဲ့ ကိုလွမင္းႏိုင္ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက စစ္ကိုင္းတိုင္း ကနီနယ္မွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲတစ္ခုအတြင္း အျခားေသာ ေတာ္လွန္ေရး ရဲေဘာ္ ေျခာက္ဦးႏွင့္အတူ က်ဆုံး ခဲ့ပါတယ္။

စစ္အာဏာ မသိမ္းခင္က ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွားသူတစ္ဦး ျဖစ္ခဲ့ၿပီး စစ္အာဏာသိမ္းစမွာ လူထုသပိတ္ေခါင္းေဆာင္ အျဖစ္ကေန က်ဆုံးခ်ိန္မွာ ေတာ္လွန္ေရး ရဲေဘာ္တစ္ဦး ျဖစ္ခဲ့တဲ့ ကိုလွမင္းႏိုင္ အေၾကာင္းကို MFP က တင္ဆက္ထားပါတယ္။

တိတ်တဆိတ် ထွန်းလင်းပြီး ကြွေလွင့်သွားတဲ့ ကြယ် (သို့မဟုတ်) DGF တည်ထောင်သူ အညာမြေက တော်လှန်ရေးသမား ကိုလှမင်းနိုင်

သက်တန့်/MFP တင်ဆက်သည်။

ဖက်ဆစ်တပ်ကို အမြစ်ပြတ် ချေမှုန်းပြီး ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်ရေး ရည်မျှော်ကာ တိုက်ပွဲဝင်ရင်း နွေဦးတော်လှန်ရေးမှာ လူမသိ၊ သူမသိ ကျဆုံးသွားကြတဲ့ အညတြ ရဲဘော်တွေ ထောင်နှင့်ချီကာ အများအပြား ရှိနေပါတယ်။ အဲဒီအထဲမှာ ကိုလှမင်းနိုင် လည်း ပါဝင်ပါတယ်။

ချင်းတွင်းမြစ်ရိုး၊ အညာဒေသရဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေအကြောင်း ပြန်ပြောကြရင် ကိုလှမင်းနိုင်ကို ချန်ထားခဲ့လို့ မရပါဘူး။ မိတ်ရင်းဆွေရင်းဖြစ်တဲ့ ကဗျာဆရာ ကေဇဝင်း အပါအဝင် လူထုသပိတ်မှာ ပါဝင်သူတွေကို စစ်အုပ်စုက ဥပဒေမဲ့ ပ-စ်ခ-တ်-၁၁-တ်-p-တ်ခဲ့ပြီးနောက် ကိုလှမင်းနိုင်က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။

ချင်းတွင်းမြစ်ရိုး၊ ယင်းမာပင်၊ ကနီနယ်တကြော အစောဆုံး ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်သူ ဖြစ်ခဲ့သလို နွေဦးတော်လှန်ရေး အစောပိုင်းကာလ အခြေခံ စစ်သင်တန်း လေ့ကျင့်ရေး စခန်းတွေ ဖွင့်လှစ်ပြီး လူငယ်တွေကို စစ်ပညာ သင်ကြား ပေးခဲ့သူတွေထဲမှာလည်း ကိုလှမင်းနိုင် ပါဝင်ခဲ့ပါတယ်။

DGF လို့ အတိုကောက်ခေါ်တဲ့ Democratic Guerilla Force (အောက်ချင်းတွင်း) တပ်ဖွဲရဲ့ ဦးဆောင်သူ တစ်ဦးလည်း ဖြစ်တဲ့ ကိုလှမင်းနိုင်ဟာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက ပထမဆုံး လ-က်-န-က်ကိုင်တိုက်ပွဲ စတင်ခဲ့တဲ့ သပြေအေး ရွာသားတစ်ဦးလည်း ဖြစ်ပါတယ်။

အသက်(၃၀)ကျော်အရွယ် ရဲဘော်သူရ လို့ခေါ်တဲ့ ကိုလှမင်းနိုင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ကနီနယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုအတွင်း အခြားသော တော်လှန်ရေး ရဲဘော် ခြောက်ဦးနှင့်အတူ ကျဆုံး ခဲ့ပါတယ်။

စစ်အာဏာ မသိမ်းခင်က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းစမှာ လူထုသပိတ်ခေါင်းဆောင် အဖြစ်ကနေ ကျဆုံးချိန်မှာ တော်လှန်ရေး ရဲဘော်တစ်ဦး ဖြစ်ခဲ့တဲ့ ကိုလှမင်းနိုင် အကြောင်းကို MFP က တင်ဆက်ထားပါတယ်။