Local News

စစ္ေကာင္စီျပဳလုပ္ထားေသာ Mtube ပလက္ေဖာင္းရွိ

စစ္ေကာင္စီျပဳလုပ္ထားေသာ Mtube ပလက္ေဖာင္းရွိ MRTV Channel တြင္ ညစ္ညမ္းဇာတ္ကားျပသထား

စက္တင္ဘာလ လဆန္းပိုင္းတြင္ အာဏာသိမ္းစစ္ေကာင္စီတီထြင္ထားေသာ Mtube Livestreaming Platform ရွိ MRTV Channelတြင္ ညစ္ညမ္း႐ုပ္သံတိုႏွစ္ခုကို ယမန္ေန႔ညပိုင္းတြင္ စတင္ျပသခဲ့သည္။

အဆိုပါ ႐ုပ္သံကို “မူလတန္းႀကိဳဆရာျဖစ္သင္တန္းအတြက္ ေက်ာင္းသားသစ္မ်ားအား ႀကိဳဆို”ဟုေသာ သတင္းေခါင္းစဥ္ေအာက္တြင္ ျပသထားၿပီး အခ်ိန္ တစ္မိနစ္ေက်ာ္ ၾကာျမင့္ခဲ့ကာ ယေန႔နံနက္ပိုင္း ၆နာရီမိနစ္၃၀ အထိ ေတြ႕ရွိေနရဆဲျဖစ္သည္။

Mtubeကို Youtube ႏွင့္ပုံစံတူျပဳလုပ္ကာ စစ္ေကာင္စီ၏ သတင္းထုတ္ျပန္ေရးအတြက္ United Info – Sec ကုမၸဏီက တာဝန္ယူေဆာင္႐ြက္ေနျခင္းျဖစ္သည္။

စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက Facebook ေနရာတြင္ ေျပာင္းလဲအစားထိုးရန္ ဆိုရွယ္မီဒီယာပလက္ေဖာင္းတစ္ခုကို ျပင္ဆင္ေဆာင္႐ြက္ေနေၾကာင္း ၿပီးခဲ့သည့္ သတင္းစာရွင္းလင္းပြဲ‌တြင္ ေျပာၾကားခဲ့သည္။

Mtube ရွိ စစ္ေကာင္စီ ျပန္ၾကားေရးဝန္ႀကီးဌာန MRTV Channel ကို လူငယ္အခ်ိဳ႕က နည္းပညာအရ ထိန္းခ်ဳပ္ခဲ့ၿပီး ညစ္ညမ္း႐ုပ္သံတိုႏွစ္ခု တင္ထားခဲ့သည္ဟု ေျပာဆိုမႈမ်ားရွိခဲ့ေသာ္လည္း သံလြင္ခက္အေနျဖင့္ အတည္ျပဳေနဆဲျဖစ္သည္။

စစ္ေကာင္စီသည္ ၿပီးခဲ့သည့္ ၾသဂုတ္လတြင္ သ႐ုပ္ေဆာင္သင္ဇာဝင့္ေက်ာ္ႏွင့္ ေမာ္ဒယ္နန္းေမြစံတို႔ကိုကာယိေျႏၵပ်က္ျပားေစသည့္ အေဖာ္အခြၽတ္ဓာတ္ပုံမ်ားႏွင့္ဗြီဒီယိုမ်ားျဖင့္ လူမႈကြန္ရက္တြင္ အခေၾကး ေငြရယူကာ ျဖန႔္ေဝသည္ဟုေသာ စြပ္စြဲခ်က္ျဖင့္ အီလက္ထေရာနစ္ပုဒ္မ ၃၃(က)ႏွင့္ တရားစြဲဆိုထားခဲ့သည္။

Than Lwin Khet News

စစ်ကောင်စီပြုလုပ်ထားသော Mtube ပလက်ဖောင်းရှိ MRTV Channel တွင် ညစ်ညမ်းဇာတ်ကားပြသထား

စက်တင်ဘာလ လဆန်းပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတီထွင်ထားသော Mtube Livestreaming Platform ရှိ MRTV Channelတွင် ညစ်ညမ်းရုပ်သံတိုနှစ်ခုကို ယမန်နေ့ညပိုင်းတွင် စတင်ပြသခဲ့သည်။

အဆိုပါ ရုပ်သံကို “မူလတန်းကြိုဆရာဖြစ်သင်တန်းအတွက် ကျောင်းသားသစ်များအား ကြိုဆို”ဟုသော သတင်းခေါင်းစဉ်အောက်တွင် ပြသထားပြီး အချိန် တစ်မိနစ်ကျော် ကြာမြင့်ခဲ့ကာ ယနေ့နံနက်ပိုင်း ၆နာရီမိနစ်၃၀ အထိ တွေ့ရှိနေရဆဲဖြစ်သည်။

Mtubeကို Youtube နှင့်ပုံစံတူပြုလုပ်ကာ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအတွက် United Info – Sec ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက Facebook နေရာတွင် ပြောင်းလဲအစားထိုးရန် ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုကို ပြင်ဆင်ဆောင်ရွက်နေကြောင်း ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲ‌တွင် ပြောကြားခဲ့သည်။

Mtube ရှိ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန MRTV Channel ကို လူငယ်အချို့က နည်းပညာအရ ထိန်းချုပ်ခဲ့ပြီး ညစ်ညမ်းရုပ်သံတိုနှစ်ခု တင်ထားခဲ့သည်ဟု ပြောဆိုမှုများရှိခဲ့သော်လည်း သံလွင်ခက်အနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် သြဂုတ်လတွင် သရုပ်ဆောင်သင်ဇာဝင့်ကျော်နှင့် မော်ဒယ်နန်းမွေစံတို့ကိုကာယိန္ဒြေပျက်ပြားစေသည့် အဖော်အချွတ်ဓာတ်ပုံများနှင့်ဗွီဒီယိုများဖြင့် လူမှုကွန်ရက်တွင် အခကြေး ငွေရယူကာ ဖြန့်ဝေသည်ဟုသော စွပ်စွဲချက်ဖြင့် အီလက်ထရောနစ်ပုဒ်မ ၃၃(က)နှင့် တရားစွဲဆိုထားခဲ့သည်။

Than Lwin Khet News