International News

ကိုယ့္ပိုက္ဆံ ကိုယ္ျပန္ထုတ္ဖို႔ အ႐ုပ္ေသနတ္ကိုင္ၿပီး ဘဏ္ထဲမွာ ဝင္ပြဲၾကမ္းခဲ့တဲ့ အမ်ိဳးသမီး

ကိုယ့္ပိုက္ဆံ ကိုယ္ျပန္ထုတ္ဖို႔ အ႐ုပ္ေသနတ္ကိုင္ၿပီး ဘဏ္ထဲမွာ ဝင္ပြဲၾကမ္းခဲ့တဲ့ အမ်ိဳးသမီး

DeltaNewsAgency

ကိုယ့္စုေငြကိုယ္ ျပန္ထုတ္ယူခြင့္ရဖို႔ ျငင္းဆန္ခံရတဲ့ေနာက္ လက္ဘႏြန္က အမ်ိဳးသမီး တစ္ဦးဟာ အ႐ုပ္ေသနတ္ တစ္လက္ကို ကိုင္ၿပီး ဘဏ္ထဲကို ဝင္ေသာင္းက်န္းသြားခဲ့ပါတယ္။

လက္ဘႏြန္မွာ စီးပြားေရး က်ပ္တည္း က်ဆင္းမႈေတြေၾကာင့္ အစိုးရက ျပည္သူေတြ အေနနဲ႔ ဘဏ္အပ္ေငြကို အကန႔္အသတ္နဲ႔ ျပန္လည္ ထုတ္ယူဖို႔ ၫႊန္ၾကားထားပါတယ္။ ဆာလီဟာဖက္ဇ္က ကင္ဆာေရာဂါသည္ ညီမျဖစ္သူအတြက္​ ေဆး႐ုံစရိတ္ေတြ ရွင္းေပးဖို႔ အေရးတႀကီး လိုအပ္လာခ်ိန္မွာ ဒီလို ကန႔္သတ္ခ်က္မ်ိဳးေၾကာင့္ အေတာ္ႀကီး အက်ပ္႐ိုက္ခဲ့ေၾကာင္း ေျပာပါတယ္။

လက္ဘႏြန္ အာဏာပိုင္ေတြက ေငြစုသူေတြ အေနနဲ႔ လစဥ္ အေမရိကန္ ေဒၚလာ ၂၀၀ ေလာက္နဲ႔ ညီမွ်တဲ့ လက္ဘႏြန္ ေငြသားကိုသာ ထုတ္ယူခြင့္ ျပဳထားပါတယ္။ ေနာက္ဆုံးမွာေတာ့ ကိုယ့္ပိုက္ဆံကိုယ္ ျပန္ထုတ္ဖို႔ေတာင္ အဆင္မေျပတဲ့ အေျခအေနႀကီးအေပၚ သည္းမခံႏိုင္ေတာ့တဲ့ ဟာဖက္ဇ္က အ႐ုပ္ေသနတ္ တစ္လက္ကို ကိုင္ဆြဲၿပီး ေဘ႐ြတ္ၿမိဳ႕ေတာ္မွာ ရွိေနတဲ့ ဘဏ္ထဲကို ဝင္သြားခဲ့ပါတယ္။

ဒီအမ်ိဳးသမီးကို ႏိုင္ငံေရး တက္ႂကြ လႈပ္ရွားသူေတြကပါ ဝန္းရံ ကာကြယ္ေပးခဲ့ၿပီး ဘဏ္ခြဲ တာဝန္ရွိသူေတြ အေနနဲ႔ ေဒၚလာ ၁၂,၀၀၀ ေလာက္နဲ႔ ညီမွ်တဲ့ အမ်ိဳးသမီးရဲ႕ ဘဏ္စုေငြေတြကို ျပန္ထုတ္ေပးဖို႔ ဝိုင္းဝန္း ဖိအားေပးခဲ့ၾကပါတယ္။ အမ်ိဳးသမီးက သူဟာ လက္ထဲမွာ အ႐ုပ္ ပစၥတို တစ္လက္ကို ကိုင္သြားခဲ့တာလို႔ ဆိုပါတယ္။

သူ႔ရဲ႕ အသက္ ၂၃ ႏွစ္အ႐ြယ္ ညီမက ကင္ဆာေရာဂါ ကုသဖို႔ ေငြလိုေနခ်ိန္မွာ ဘဏ္က ကိုယ္ပိုင္ေငြေတြ ျပန္ထုတ္လို႔ မရတဲ့ အေျခအေနက ဆိုး႐ြားလြန္းတယ္လို႔ ဟာဖက္ဇ္က ျပည္တြင္း မီဒီယာ တစ္ခုကို ေျပာၾကားသြားပါတယ္။ သူက အေစာပိုင္းမွာ ဘဏ္ခြဲ မန္ေနဂ်ာကို အက်ိဳးအေၾကာင္း ရွင္းျပၿပီး ခခယယ ေတာင္းပန္ခဲ့ေပမယ့္ လ်စ္လ်ဴရႈ ခံခဲ့ရေၾကာင္း၊ တစ္ဖက္မွာလည္း ညီမက ေသလုေမ်ာပါး ျဖစ္ေနၿပီး အခ်ိန္သိပ္မေစာင့္ႏိုင္ေတာ့တဲ့အတြက္ ႀကံမိႀကံရာ လုပ္ခဲ့ေၾကာင္း ဟာဖက္ဇ္က ဖြင့္ဟပါတယ္။

ဟာဖက္ဇ္က သူဟာ ဘဏ္ထဲမွာ ေဒၚလာ ၂၀,၀၀၀ ေလာက္စုထားတဲ့ထဲက ေဒၚလာ ၁၂၀၀၀ ျပန္ထုတ္ႏိုင္ခဲ့ေၾကာင္း ေျပာပါတယ္။ သူဟာ ဘဏ္ကေန ေငြမထုတ္ရေသးခင္မွာ ကိုယ္ပိုင္ ပစၥည္းေတြ အကုန္လုံးနီးပါး ေရာင္းခ်ခဲ့ရသလို ညီမရဲ႕ အသက္ကိုကယ္ဖို႔ လိုအပ္လာရင္ ေက်ာက္ကပ္ပါ ထုတ္ေရာင္းဖို႔ထိ စဥ္းစားထာတယ္လို႔ ဟာဖက္ဇ္က ဆိုပါတယ္။

မ်က္ျမင္တစ္ေယာက္က ဟာဖက္ဇ္တို႔ အဖြဲ႕ဟာ ဘဏ္ထဲဝင္လာၿပီး ေနရာအႏွံ႔မွာ ဓာတ္ဆီေတြ လိုက္ေလာင္းၿပီး မီးရႈိ႕ပစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ၾကေၾကာင္း၊ အမ်ိဳးသမီးကလည္း မန္ေနဂ်ာကို ေသနတ္နဲ႔ခ်ိန္ၿပီး ပိုက္ဆံ ထုတ္မေပးရင္ ပစ္သတ္မယ္လို႔ ေအာ္ဟစ္ေနခဲ့ေၾကာင္း ေျပာပါတယ္။ ေနာက္ပိုင္းမွာ ဟာဖက္ဇ္က Facebookေပၚ Live ဗီဒီယို ထုတ္လႊင့္ၿပီး သူဟာ ဘယ္သူ႔ကိုမွ ထိခိုက္နစ္နာေစဖို႔ မရည္႐ြယ္ခဲ့ေၾကာင္း ေျဖရွင္းခဲ့ပါတယ္။ သူဟာ ကိုယ့္အခြင့္အေရးကိုယ္ တိုက္ခိုက္ယူခဲ့႐ုံသာ ျဖစ္တယ္လို႔ ဟာဖက္ဇ္က ေျပာပါတယ္။

လက္ဘႏြန္က လူမႈကြန္ရက္ သုံးစြဲသူ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူ႔ရဲ႕ လုပ္ရပ္ကို ခ်ီးက်ဴးၿပီး သူရဲေကာင္း တစ္ေယာက္လို ၫႊန္းဆို ဂုဏ္ျပဳေနၾကပါတယ္။ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြက ဘဏ္ထဲကို လူစုလူေဝးနဲ႔ ဝင္ေရာက္ခဲ့သူ တခ်ိဳ႕ကို ဖမ္းဆီးခဲ့ၿပီး အ႐ုပ္ေသနတ္လို႔ ယူဆရတဲ့ ပစၥည္းကိုလည္း သိမ္းဆည္းခဲ့ပါတယ္။ ဒီကိစၥ ေနာက္ဆက္တြဲ ဘယ္လို အမႈအခင္းေတြ ႀကဳံမလဲ ဆိုတာကိုေတာ့ မသိရေသးပါဘူး။

မၾကာေသးခင္ သီတင္းပတ္ေတြတုန္းကလည္း အစားအေသာက္ Delivery ပို႔ေဆာင္သူ တစ္ဦးဟာ​ ေဘ႐ြတ္က ဘဏ္တစ္ခုကို ဝင္ေရာက္စီးနင္းၿပီး ဓားစာခံ ၁၀ ဦးကို ဖမ္းဆီးထားခဲ့ဖူးပါတယ္။ သူကလည္း ဘဏ္မွာ အပ္ထားတဲ့ ေဒၚလာ ေသာင္းဂဏန္းေလာက္ကို ျပန္ထုတ္ခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ၿပီး လက္ဘႏြန္ လူထုရဲ႕ ခ်ီးက်ဴး အားေပးမႈကို ရရွိခဲ့ပါတယ္။

လက္ဘႏြန္ ႏိုင္ငံရဲ႕ စီးပြားေရးဟာ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း ဆိုးဆိုး႐ြား႐ြား က်ဆင္းခဲ့ၿပီး ျပည္တြင္းမွာလည္း လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈေတြ၊ ေငြေၾကးေဖာင္းပြမႈေတြ၊ ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈေတြ ႀကဳံေနရပါတယ္။ အစိုးရက ဘဏ္စုေငြေတြကို ကန႔္သတ္ ထိန္းခ်ဳပ္ထားတာေၾကာင့္လည္း လက္ဘႏြန္ ျပည္သူေတြဟာ ကိုယ့္ေငြကိုယ္ ဘဏ္က ျပန္ထုတ္ဖို႔ေတာင္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ထုတ်ဖို့ အရုပ်သေနတ်ကိုင်ပြီး ဘဏ်ထဲမှာ ဝင်ပွဲကြမ်းခဲ့တဲ့ လက်ဘနွန် အမျိုးသမီး

DeltaNewsAgency

ကိုယ့်စုငွေကိုယ် ပြန်ထုတ်ယူခွင့်ရဖို့ ငြင်းဆန်ခံရတဲ့နောက် လက်ဘနွန်က အမျိုးသမီး တစ်ဦးဟာ အရုပ်သေနတ် တစ်လက်ကို ကိုင်ပြီး ဘဏ်ထဲကို ဝင်သောင်းကျန်းသွားခဲ့ပါတယ်။

လက်ဘနွန်မှာ စီးပွားရေး ကျပ်တည်း ကျဆင်းမှုတွေကြောင့် အစိုးရက ပြည်သူတွေ အနေနဲ့ ဘဏ်အပ်ငွေကို အကန့်အသတ်နဲ့ ပြန်လည် ထုတ်ယူဖို့ ညွှန်ကြားထားပါတယ်။ ဆာလီဟာဖက်ဇ်က ကင်ဆာရောဂါသည် ညီမဖြစ်သူအတွက် ဆေးရုံစရိတ်တွေ ရှင်းပေးဖို့ အရေးတကြီး လိုအပ်လာချိန်မှာ ဒီလို ကန့်သတ်ချက်မျိုးကြောင့် အတော်ကြီး အကျပ်ရိုက်ခဲ့ကြောင်း ပြောပါတယ်။

လက်ဘနွန် အာဏာပိုင်တွေက ငွေစုသူတွေ အနေနဲ့ လစဉ် အမေရိကန် ဒေါ်လာ ၂၀၀ လောက်နဲ့ ညီမျှတဲ့ လက်ဘနွန် ငွေသားကိုသာ ထုတ်ယူခွင့် ပြုထားပါတယ်။ နောက်ဆုံးမှာတော့ ကိုယ့်ပိုက်ဆံကိုယ် ပြန်ထုတ်ဖို့တောင် အဆင်မပြေတဲ့ အခြေအနေကြီးအပေါ် သည်းမခံနိုင်တော့တဲ့ ဟာဖက်ဇ်က အရုပ်သေနတ် တစ်လက်ကို ကိုင်ဆွဲပြီး ဘေရွတ်မြို့တော်မှာ ရှိနေတဲ့ ဘဏ်ထဲကို ဝင်သွားခဲ့ပါတယ်။

ဒီအမျိုးသမီးကို နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကပါ ဝန်းရံ ကာကွယ်ပေးခဲ့ပြီး ဘဏ်ခွဲ တာဝန်ရှိသူတွေ အနေနဲ့ ဒေါ်လာ ၁၂,၀၀၀ လောက်နဲ့ ညီမျှတဲ့ အမျိုးသမီးရဲ့ ဘဏ်စုငွေတွေကို ပြန်ထုတ်ပေးဖို့ ဝိုင်းဝန်း ဖိအားပေးခဲ့ကြပါတယ်။ အမျိုးသမီးက သူဟာ လက်ထဲမှာ အရုပ် ပစ္စတို တစ်လက်ကို ကိုင်သွားခဲ့တာလို့ ဆိုပါတယ်။

သူ့ရဲ့ အသက် ၂၃ နှစ်အရွယ် ညီမက ကင်ဆာရောဂါ ကုသဖို့ ငွေလိုနေချိန်မှာ ဘဏ်က ကိုယ်ပိုင်ငွေတွေ ပြန်ထုတ်လို့ မရတဲ့ အခြေအနေက ဆိုးရွားလွန်းတယ်လို့ ဟာဖက်ဇ်က ပြည်တွင်း မီဒီယာ တစ်ခုကို ပြောကြားသွားပါတယ်။ သူက အစောပိုင်းမှာ ဘဏ်ခွဲ မန်နေဂျာကို အကျိုးအကြောင်း ရှင်းပြပြီး ခခယယ တောင်းပန်ခဲ့ပေမယ့် လျစ်လျူရှု ခံခဲ့ရကြောင်း၊ တစ်ဖက်မှာလည်း ညီမက သေလုမျောပါး ဖြစ်နေပြီး အချိန်သိပ်မစောင့်နိုင်တော့တဲ့အတွက် ကြံမိကြံရာ လုပ်ခဲ့ကြောင်း ဟာဖက်ဇ်က ဖွင့်ဟပါတယ်။

ဟာဖက်ဇ်က သူဟာ ဘဏ်ထဲမှာ ဒေါ်လာ ၂၀,၀၀၀ လောက်စုထားတဲ့ထဲက ဒေါ်လာ ၁၂၀၀၀ ပြန်ထုတ်နိုင်ခဲ့ကြောင်း ပြောပါတယ်။ သူဟာ ဘဏ်ကနေ ငွေမထုတ်ရသေးခင်မှာ ကိုယ်ပိုင် ပစ္စည်းတွေ အကုန်လုံးနီးပါး ရောင်းချခဲ့ရသလို ညီမရဲ့ အသက်ကိုကယ်ဖို့ လိုအပ်လာရင် ကျောက်ကပ်ပါ ထုတ်ရောင်းဖို့ထိ စဉ်းစားထာတယ်လို့ ဟာဖက်ဇ်က ဆိုပါတယ်။

မျက်မြင်တစ်ယောက်က ဟာဖက်ဇ်တို့ အဖွဲ့ဟာ ဘဏ်ထဲဝင်လာပြီး နေရာအနှံ့မှာ ဓာတ်ဆီတွေ လိုက်လောင်းပြီး မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြကြောင်း၊ အမျိုးသမီးကလည်း မန်နေဂျာကို သေနတ်နဲ့ချိန်ပြီး ပိုက်ဆံ ထုတ်မပေးရင် ပစ်သတ်မယ်လို့ အော်ဟစ်နေခဲ့ကြောင်း ပြောပါတယ်။ နောက်ပိုင်းမှာ ဟာဖက်ဇ်က Facebookပေါ် Live ဗီဒီယို ထုတ်လွှင့်ပြီး သူဟာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေဖို့ မရည်ရွယ်ခဲ့ကြောင်း ဖြေရှင်းခဲ့ပါတယ်။ သူဟာ ကိုယ့်အခွင့်အရေးကိုယ် တိုက်ခိုက်ယူခဲ့ရုံသာ ဖြစ်တယ်လို့ ဟာဖက်ဇ်က ပြောပါတယ်။

လက်ဘနွန်က လူမှုကွန်ရက် သုံးစွဲသူ တော်တော်များများကတော့ သူ့ရဲ့ လုပ်ရပ်ကို ချီးကျူးပြီး သူရဲကောင်း တစ်ယောက်လို ညွှန်းဆို ဂုဏ်ပြုနေကြပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဘဏ်ထဲကို လူစုလူဝေးနဲ့ ဝင်ရောက်ခဲ့သူ တချို့ကို ဖမ်းဆီးခဲ့ပြီး အရုပ်သေနတ်လို့ ယူဆရတဲ့ ပစ္စည်းကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ ဒီကိစ္စ နောက်ဆက်တွဲ ဘယ်လို အမှုအခင်းတွေ ကြုံမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

မကြာသေးခင် သီတင်းပတ်တွေတုန်းကလည်း အစားအသောက် Delivery ပို့ဆောင်သူ တစ်ဦးဟာ ဘေရွတ်က ဘဏ်တစ်ခုကို ဝင်ရောက်စီးနင်းပြီး ဓားစာခံ ၁၀ ဦးကို ဖမ်းဆီးထားခဲ့ဖူးပါတယ်။ သူကလည်း ဘဏ်မှာ အပ်ထားတဲ့ ဒေါ်လာ သောင်းဂဏန်းလောက်ကို ပြန်ထုတ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီး လက်ဘနွန် လူထုရဲ့ ချီးကျူး အားပေးမှုကို ရရှိခဲ့ပါတယ်။

လက်ဘနွန် နိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပြီး ပြည်တွင်းမှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ကြုံနေရပါတယ်။ အစိုးရက ဘဏ်စုငွေတွေကို ကန့်သတ် ထိန်းချုပ်ထားတာကြောင့်လည်း လက်ဘနွန် ပြည်သူတွေဟာ ကိုယ့်ငွေကိုယ် ဘဏ်က ပြန်ထုတ်ဖို့တောင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။