Local News

အာဏာသိမ္းၿပီးေနာက္ ရဲႏွစ္ဒါဇင္ခန္႔ လစဥ္ ပုံမွန္ ေ-သဆုံးေန

အာဏာသိမ္းၿပီးေနာက္ ရဲႏွစ္ဒါဇင္ခန္႔ လစဥ္ ပုံမွန္ ေသဆုံးေန

စစ္အာဏာသိမ္းၿပီးခ်ိန္မွစ၍ လက္ရွိအခ်ိန္ထိ ႏိုင္ငံတဝွမ္းတြင္ ရဲတပ္ဖြဲ႕ဝင္ ႏွစ္ဒါဇင္ခန႔္ လစဥ္ ေသဆုံးေနသည္ဟု ၿပီးခဲ့သည့္ ဩဂုတ္လအတြင္း ေနျပည္ေတာ္၌ ျပဳလုပ္သည့္ ေနျပည္ေတာ္ ရဲခ်ဳပ္႐ုံး အစည္းအေဝးမွတ္တမ္းတြင္ ေတြ႕ရသည္။

၂၀၂၁မွ ယခုႏွစ္ ဇူလိုင္လအထိ ရဲတပ္ဖြဲ႕ဝင္ ၃၆၀ဦး ေသဆုံးခဲ့ေၾကာင္း၊ လစဥ္ ပုံမွန္ေသဆုံးသည့္ ရဲတပ္ဖြဲ႕ဝင္အင္အားမွာ ၂၀ ဦးမွ ၂၆ဦး အထိရွိေနေၾကာင္း ရဲခ်ဳပ္ျဖစ္သူ ဗိုလ္ခ်ဳပ္ဇင္မင္းထက္က ထို အစည္းအေဝးတြင္ ေျပာသည္ကို Myanmar Now က ရရွိထားသည့္ အဆိုပါ အစည္းအေဝးမွတ္တမ္း တြင္ ေတြ႕ရသည္။

“ယခုကာလသည္ သာမာန္အခ်ိန္ကာလမဟုတ္ဘဲ အေရးေပၚကာလျဖစ္၍ မိမိကြပ္ကဲမႈ ေအာက္ရွိ တပ္ဖြဲ႕ဝင္မ်ားအား စနစ္တက်ျဖင့္ သြားလာေနထိုင္ႏိုင္ေရး ေသခ်ာစြာ ၾကပ္မတ္ ေဆာင္႐ြက္သြားရန္ ေျပာလိုေၾကာင္း၊ ေသဆုံးမႈမ်ားႏွင့္ပတ္သက္၍ လစဥ္လစဥ္ ၂၀/၂၆ ေယာက္ ဝန္းက်င္ က်ဆုံးေနသည္ကို ေတြ႕ရွိရေၾကာင္း” ဗိုလ္ခ်ဳပ္ ဇင္မင္းထက္က ေျပာခဲ့သည္။

ထို႔အျပင္ စစ္တပ္ အာဏာသိမ္းၿပီးခ်ိန္မွစ၍ ရဲတပ္သားသစ္ စုေဆာင္းရရွိမႈ ေလ်ာ့နည္းသြားသည္ကို လည္း ရဲအရာရွိႀကီးမ်ားႏွင့္ ျပဳလုပ္သည့္ ထိုအစည္းအေဝးတြင္ ျပည္ထဲေရး ဒုဝန္ႀကီးလည္းျဖစ္သူ ၎က ဝန္ခံထားသည္။

ဖိအားေပး စုေဆာင္းေနေသာ္လည္း ၂၀၂၂ခုႏွစ္အတြင္း ရဲတပ္သားသစ္ ၁၇၄၀ ဦးသာ စုေဆာင္း ႏိုင္ခ်ိန္တြင္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ရဲတပ္ဖြဲ႕အတြင္း ျပဳန္းတီးေနသည့္ အင္အားမွာ တိုးလာေနသည္ ဟု ရဲခ်ဳပ္က ဆိုသည္။

သင္တန္းကာလအတြင္း ထြက္ေျပးသူ၊ အိမ္ေထာင္ေရးေဖာက္ျပန္သူ၊ ပစ္မႈက်ဴးလြန္သူ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ယခုႏွစ္ ဇြန္လအတြင္း ၃၈၇ ဦး၊ ဇူလိုင္လအတြင္း ၄၇၁ဦး ျပဳန္းတီးသြား သည္ဟု ၎က ဆက္ေျပာသည္။

“အင္အားျပဳန္းတီးမႈမ်ားႏွင့္ပတ္သက္၍ ျပဳန္းတီး(၇)မ်ိဳး ရွိၿပီး ဇြန္လအတြင္း ၃၈၇ေယာက္၊ ဇူလိုင္လအတြင္း ၄၇၁ေယာက္ ရွိသျဖင့္ ျပဳန္းတီးအင္အားမွာ ၈၄ေယာက္ ပိုသြားခဲ့ေၾကာင္း၊ ရဲေျပးအေနျဖင့္ ဇြန္လအတြင္း ၈၅ေယာက္၊ ဇူလိုင္လအတြင္း ၁၅၃ေယာက္ ရွိ၍ ရဲေျပး ၆၈ ပိုသြားခဲ့ေၾကာင္း” ရဲခ်ဳပ္က ထုတ္ေဖာ္ေျပာဆိုသည္။

ထို႔အတူ အာဏာသိမ္းၿပီး တစ္ႏွစ္ခြဲေက်ာ္အတြင္း ဒဏ္ရာရသည့္ ရဲ စုစုေပါင္း ၁၁၄၂ ဦး ရွိသည္ဟုလည္း လွ်ိဳ႕ဝွက္ဟု ေရးသားထားသည့္ အစည္းအေဝးမွတ္တမ္းတြင္ ေတြ႕ရသည္။

လက္ရွိတြင္ ႏိုင္ငံအႏွံ႔ ခုခံမႈမ်ားေၾကာင့္ စစ္မ်က္ႏွာမ်ားစြာ ဖြင့္ထားရသည့္ စစ္ေကာင္စီက ရဲမ်ားကိုပါ စစ္ဆင္ေရးထြက္ခိုင္းေနရခ်ိန္တြင္ တပ္ဖြဲ႕အတြင္း ျပဳန္းတီးမႈမ်ားမ်ားလာျခင္းျဖစ္ ေၾကာင္း ေနျပည္ေတာ္တြင္ တာဝန္ထမ္းေနသည့္ ရဲအရာရွိတစ္ဦးက ေျပာသည္။

“စစ္တပ္နဲ႔ေပါင္းၿပီး စစ္ဆင္ေရးလုပ္ရေတာ့ ဆက္မလုပ္ခ်င္ဘူး။ CDM (အာဏာဖီဆန္ေရး လႈပ္ရွားမႈ) လုပ္တာ ရွိသလို အခုေနာက္ပိုင္း ရဲေျပးေတြ မ်ားလာတယ္။ CDM လုပ္ရင္ မိသားစုကို ဒုကၡေပးတာဆိုေတာ့ ရဲေျပးပဲ လုပ္ၾကတာ မ်ားတယ္” ဟု လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ ၎က ေျပာသည္။

သတင္း – စထြန္းေအာင္၊ ဓာတ္ပုံ – Myanmar Now

အာဏာသိမ်းပြီးနောက် ရဲနှစ်ဒါဇင်ခန့် လစဉ် ပုံမှန် သေဆုံးနေ

စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်ထိ နိုင်ငံတဝှမ်းတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် လစဉ် သေဆုံးနေသည်ဟု ပြီးခဲ့သည့် ဩဂုတ်လအတွင်း နေပြည်တော်၌ ပြုလုပ်သည့် နေပြည်တော် ရဲချုပ်ရုံး အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။

၂၀၂၁မှ ယခုနှစ် ဇူလိုင်လအထိ ရဲတပ်ဖွဲ့ဝင် ၃၆၀ဦး သေဆုံးခဲ့ကြောင်း၊ လစဉ် ပုံမှန်သေဆုံးသည့် ရဲတပ်ဖွဲ့ဝင်အင်အားမှာ ၂၀ ဦးမှ ၂၆ဦး အထိရှိနေကြောင်း ရဲချုပ်ဖြစ်သူ ဗိုလ်ချုပ်ဇင်မင်းထက်က ထို အစည်းအဝေးတွင် ပြောသည်ကို Myanmar Now က ရရှိထားသည့် အဆိုပါ အစည်းအဝေးမှတ်တမ်း တွင် တွေ့ရသည်။

“ယခုကာလသည် သာမာန်အချိန်ကာလမဟုတ်ဘဲ အရေးပေါ်ကာလဖြစ်၍ မိမိကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့ဝင်များအား စနစ်တကျဖြင့် သွားလာနေထိုင်နိုင်ရေး သေချာစွာ ကြပ်မတ် ဆောင်ရွက်သွားရန် ပြောလိုကြောင်း၊ သေဆုံးမှုများနှင့်ပတ်သက်၍ လစဉ်လစဉ် ၂၀/၂၆ ယောက် ဝန်းကျင် ကျဆုံးနေသည်ကို တွေ့ရှိရကြောင်း” ဗိုလ်ချုပ် ဇင်မင်းထက်က ပြောခဲ့သည်။

ထို့အပြင် စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ရဲတပ်သားသစ် စုဆောင်းရရှိမှု လျော့နည်းသွားသည်ကို လည်း ရဲအရာရှိကြီးများနှင့် ပြုလုပ်သည့် ထိုအစည်းအဝေးတွင် ပြည်ထဲရေး ဒုဝန်ကြီးလည်းဖြစ်သူ ၎င်းက ဝန်ခံထားသည်။

ဖိအားပေး စုဆောင်းနေသော်လည်း ၂၀၂၂ခုနှစ်အတွင်း ရဲတပ်သားသစ် ၁၇၄၀ ဦးသာ စုဆောင်း နိုင်ချိန်တွင် အကြောင်းအမျိုးမျိုးဖြင့် ရဲတပ်ဖွဲ့အတွင်း ပြုန်းတီးနေသည့် အင်အားမှာ တိုးလာနေသည် ဟု ရဲချုပ်က ဆိုသည်။

သင်တန်းကာလအတွင်း ထွက်ပြေးသူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ ပစ်မှုကျူးလွန်သူ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ယခုနှစ် ဇွန်လအတွင်း ၃၈၇ ဦး၊ ဇူလိုင်လအတွင်း ၄၇၁ဦး ပြုန်းတီးသွား သည်ဟု ၎င်းက ဆက်ပြောသည်။

“အင်အားပြုန်းတီးမှုများနှင့်ပတ်သက်၍ ပြုန်းတီး(၇)မျိုး ရှိပြီး ဇွန်လအတွင်း ၃၈၇ယောက်၊ ဇူလိုင်လအတွင်း ၄၇၁ယောက် ရှိသဖြင့် ပြုန်းတီးအင်အားမှာ ၈၄ယောက် ပိုသွားခဲ့ကြောင်း၊ ရဲပြေးအနေဖြင့် ဇွန်လအတွင်း ၈၅ယောက်၊ ဇူလိုင်လအတွင်း ၁၅၃ယောက် ရှိ၍ ရဲပြေး ၆၈ ပိုသွားခဲ့ကြောင်း” ရဲချုပ်က ထုတ်ဖော်ပြောဆိုသည်။

ထို့အတူ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဒဏ်ရာရသည့် ရဲ စုစုပေါင်း ၁၁၄၂ ဦး ရှိသည်ဟုလည်း လျှို့ဝှက်ဟု ရေးသားထားသည့် အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။

လက်ရှိတွင် နိုင်ငံအနှံ့ ခုခံမှုများကြောင့် စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက ရဲများကိုပါ စစ်ဆင်ရေးထွက်ခိုင်းနေရချိန်တွင် တပ်ဖွဲ့အတွင်း ပြုန်းတီးမှုများများလာခြင်းဖြစ် ကြောင်း နေပြည်တော်တွင် တာဝန်ထမ်းနေသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

“စစ်တပ်နဲ့ပေါင်းပြီး စစ်ဆင်ရေးလုပ်ရတော့ ဆက်မလုပ်ချင်ဘူး။ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) လုပ်တာ ရှိသလို အခုနောက်ပိုင်း ရဲပြေးတွေ များလာတယ်။ CDM လုပ်ရင် မိသားစုကို ဒုက္ခပေးတာဆိုတော့ ရဲပြေးပဲ လုပ်ကြတာ များတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ၎င်းက ပြောသည်။

သတင်း – စထွန်းအောင်၊ ဓာတ်ပုံ – Myanmar Now