Local News

CDM မလုပ္တဲ့သူေတြကို

CDM မလုပ္တဲ့သူေတြကို အၾကမ္းဖက္ဥပေဒနဲ႔ တရားစြဲၿပီး ဖမ္းဝရမ္းထုတ္မယ္လို႔ ျပည္ေထာင္စုဝန္ႀကီး ဦးလြင္ကိုလတ္ ေျပာ

စက္တင္ဘာ ၁၆ ၊ ၂၀၂၂

အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ေထာက္တိုက္ေတြအျဖစ္ လုပ္ကိုင္ေပးေနၾကတဲ့ Non CDM ေတြကို CDM လုပ္ဖို႔အတြက္ ႏႈိးေဆာ္မႈေတြလုပ္ထားတယ္ဆိုတာနဲ႔ မလိုက္နာဘူးဆိုရင္ အၾကမ္းဖက္ဥပေဒနဲ႔ တရားစြဲၿပီး ဖမ္းဝရမ္းထုတ္မယ္လို႔ ျပည္ထဲေရးနဲ႔ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးလြင္ကိုလတ္က ေျပာၾကားလိုက္တာပါ။

“ဒီရဲတပ္ဖြဲ႕ေတြ၊ လုံၿခဳံေရးတပ္ဖြဲ႕၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (ပကဖ) တပ္ဖြဲ႕ေတြကို ဒီကာလမွာ သီးျခားတာဝန္ေပး ထားတာကေတာ့ ဒီ စကစ အၾကမ္းဖက္စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတဲ့ Non CDM ဝန္ထမ္းအႀကီးပိုင္းေတြ ေပါ့ေနာ္၊ ဒီဟာေတြကို ေနာက္ဆုံးအေနနဲ႔ CDM လုပ္ၾကဖို႔၊

ျပည္သူနဲ႔ ပူးေပါင္းဖို႔ ႏႈိးေဆာ္ထားတယ္။ ဒီႏႈိးေဆာ္မႈေတြကို မလိုက္နာဘူးဆိုရင္ေတာ့ သူတို႔ကို အၾကမ္းဖက္ဥပေဒေတြနဲ႔ တရားစြဲၿပီးေတာ့ ဖမ္းဝရမ္းထုတ္ပါမယ္” လို႔ ျပည္ေထာင္စု ဝန္ႀကီး ဦးလြင္ကိုလတ္က RFA သတင္းဌာနကို ေျပာၾကားထားတာပါ။

စစ္ကိုင္းတိုင္းအတြင္းက ကေလး၊ တမူး၊ ဝက္လက္ၿမိဳ႕နယ္ေတြမွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရက ျပည္သူ႔ရဲတပ္ဖြဲ႕ေတြ ဖြဲ႕စည္းထားၿပီး အဲဒီလိုဖြဲ႕စည္းထားတာက CDM မလုပ္ဘဲ အၾကမ္းဖက္စစ္ေကာင္စီနဲ႔ ပူးေပါင္းေနတဲ့ ဝန္ထမ္းေတြကို အေရးယူႏိုင္ဖို႔အတြက္ ျဖစ္တယ္လို႔ ျပည္ေထာင္စုဝန္ႀကီးက ေျပာထားပါတယ္။

ဒါအျပင္ ျပည္ေထာင္စုဝန္ႀကီးက အမ်ိဳးသားညီၫြတ္ေရးအစိုးရအေနနဲ႔ တရားစီရင္ေရးအတြက္ ၿမိဳ႕နယ္ ၁၀ ခုေလာက္မွာ တရားသူႀကီးအဖြဲ႕ေတြ ဖြဲ႕စည္းထားၿပီးေတာ့ ဒုစ႐ိုက္မႈေတြကို စုံစမ္းစစ္ေဆးၿပီး တရားစီရင္မႈေတြ စတင္ေနၿပီလို႔ RFA သတင္းဌာနကို ေျပာထားပါတယ္။

တိုက္ပြဲေတြျပင္းထန္ေနတဲ့ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ကရင္နီျပည္နဲ႔ ကရင္ျပည္နယ္အတြင္းမွာ အၾကမ္းဖက္စစ္တပ္ရဲ႕ စစ္သားေတြက လက္နက္ခဲယမ္းအျပည့္အစုံနဲ႔အတူ CDM ျပဳလုပ္ၿပီး ျပည္သူ႔ရင္ခြင္ခိုလႈံတာေတြ ျပဳလုပ္ေနၾကပါတယ္။

SpringRevolution

CDM မလုပ်တဲ့သူတွေကို အကြမ်းဖက်ဥပဒေနဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ပြော

စက်တင်ဘာ ၁၆ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုက်တွေအဖြစ် လုပ်ကိုင်ပေးနေကြတဲ့ Non CDM တွေကို CDM လုပ်ဖို့အတွက် နှိုးဆော်မှုတွေလုပ်ထားတယ်ဆိုတာနဲ့ မလိုက်နာဘူးဆိုရင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်မယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြားလိုက်တာပါ။

“ဒီရဲတပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ဖွဲ့တွေကို ဒီကာလမှာ သီးခြားတာဝန်ပေး ထားတာကတော့ ဒီ စကစ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Non CDM ဝန်ထမ်းအကြီးပိုင်းတွေ ပေါ့နော်၊ ဒီဟာတွေကို နောက်ဆုံးအနေနဲ့ CDM လုပ်ကြဖို့၊

ပြည်သူနဲ့ ပူးပေါင်းဖို့ နှိုးဆော်ထားတယ်။ ဒီနှိုးဆော်မှုတွေကို မလိုက်နာဘူးဆိုရင်တော့ သူတို့ကို အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲပြီးတော့ ဖမ်းဝရမ်းထုတ်ပါမယ်” လို့ ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်က RFA သတင်းဌာနကို ပြောကြားထားတာပါ။

စစ်ကိုင်းတိုင်းအတွင်းက ကလေး၊ တမူး၊ ဝက်လက်မြို့နယ်တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး အဲဒီလိုဖွဲ့စည်းထားတာက CDM မလုပ်ဘဲ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့အတွက် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။

ဒါအပြင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားစီရင်ရေးအတွက် မြို့နယ် ၁၀ ခုလောက်မှာ တရားသူကြီးအဖွဲ့တွေ ဖွဲ့စည်းထားပြီးတော့ ဒုစရိုက်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားစီရင်မှုတွေ စတင်နေပြီလို့ RFA သတင်းဌာနကို ပြောထားပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီပြည်နဲ့ ကရင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်သားတွေက လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံတာတွေ ပြုလုပ်နေကြပါတယ်။

SpringRevolution