ေနရာအႏွံ႔ တိုက္ပြဲႀကီးမ်ား ျဖစ္လာႏိုင္သည္ဟု ေၾကညာၿပီးေနာက္ မီးတိုက္စခန္းကို AA သိမ္းပိုက္
ေနာင္ေနာင္
မဇၩိမ။ ။ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္းက စစ္ေကာင္စီလက္ေအာက္ခံ နယ္ျခားေစာင့္စခန္းျဖစ္ေသာ မီးတိုက္စခန္းကို ရကၡိဳင့္တပ္ေတာ္ (AA) က စက္တင္ဘာလ ၁၅ ရက္ေန႔ညပိုင္းတြင္ တိုက္ခိုက္သိမ္းပိုက္လိုက္သည္ဟု မီးတိုက္စခန္း အနီးရွိ အမည္မေဖာ္လိုေသာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး တစ္ဦးက မဇၩိမကို ေျပာသည္။
ရခိုင္ျပည္နယ္ ေနရာအႏွံ႔တိုင္ တိုက္ပြဲႀကီးမ်ား ျဖစ္လာႏိုင္သည္ဟု AA က အေရးေပၚေၾကညာခ်က္ ထုတ္ျပန္ၿပီးေနာက္ စစ္ေရးအရ အေရးပါေသာ မီးတိုက္စခန္းကို ရကၡိဳင့္တပ္ေတာ္ (AA) က တိုက္ခိုက္သိမ္းပိုက္လိုက္ျခင္းျဖစ္သည္။
စက္တင္ဘာလ ၁၅ ရက္ေန႔ ညပိုင္းတြင္ ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ေကာင္စီလက္ေအာက္ခံ နယ္ျခားေစာင့္တပ္တို႔အၾကား ႏွစ္ဘက္ တိုက္ပြဲျပင္းထန္ၿပီးေနာက္ AA က သိမ္းပိုက္လိုက္ႏိုင္ျခင္းျဖစ္သည္ဟု ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ဆိုသည္။
“မေန႔ညက ၄ နာရီေက်ာ္ေက်ာ္ေလာက္မွာ တိုက္ပြဲကေတာ့ ျဖစ္ပါတယ္၊ တိုက္ပြဲျပင္းထန္ၿပီး ေနာက္ပိုင္းမွာေတာ့ AA က ဝင္သိမ္းသြားတယ္၊ ၿပီးရင္ေတာ့ စစ္ေကာင္စီတပ္က တိုက္ေလယာဥ္နဲ႔ လာပစ္သြားတယ္” ဟု ၎က ေျပာသည္။
အဆိုပါ မီးတိုက္စခန္းတြင္ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္ ၃၀ ခန႔္ရွိေၾကာင္း ေဒသခံမ်ားက ဆိုသည္။ ထိုမီးတိုက္ စခန္းသိမ္းတိုက္ပြဲတြင္ စစ္ေကာင္စီဘက္က ထိခိုက္ေသဆုံးမႈ မ်ားျပားႏိုင္ေသာ္လည္း အေရအတြက္ကို တိတိက်က် မသိရေသးေပ။
ယမန္ေန႔က ႏွစ္ဘက္တိုက္ပြဲျပင္းထန္မႈႏွင့္အတူ လက္နက္ႀကီး၊ လက္နက္ငယ္ ပစ္ခတ္သံမ်ားကို တရစပ္ၾကားခဲ့ရေၾကာင္းလည္း ေဒသခံမ်ားက ေျပာသည္။ ယေန႔နံနက္ပိုင္း ထိုေနရာအနီးတစ္ဝိုက္တြင္ ပစ္ခတ္သံမ်ား ၿငိမ္သက္ေနေၾကာင္းလည္း ဆိုသည္။
“AA ဝင္သိမ္းၿပီးေနာက္ပိုင္း နယ္ျခားေစာင့္ စခန္းကုန္းကို AA က မီးရႈိ႕သြားတယ္လို႔ ၾကားတယ္၊ ဒီမနက္ေတာ့ ဘာသံမွ မၾကားရပါဘူး၊ ထိခိုက္က်ဆုံးမႈေတာ့ ရွိႏိုင္ပါတယ္၊ ကြၽန္ေတာ္တို႔ကလည္း စုံစမ္းေနဆဲ ျဖစ္ပါတယ္” ဟု အမည္မေဖာ္လိုေသာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ေျပာသည္။
လက္ရွိမွာ မီးတိုက္ေက်း႐ြာက ေဒသခံမ်ားသည္ ေဘးလြတ္ရာ ေတာ၊ ေတာင္မ်ားထဲသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကဆဲျဖစ္ၿပီး စားနပ္ရိကၡာအကူအညီမ်ား လိုအပ္ေနသည္။
မီးတိုက္စခန္းသိမ္း တိုက္ပြဲႏွင့္ ပတ္သက္ၿပီး အေသးစိတ္ သိရွိရန္ ရကၡိဳင့္တပ္ေတာ္ (AA) ေျပာခြင့္ရသူ ဦးခိုင္သုခကို မဇၩိမက ဆက္သြယ္ထားဆဲျဖစ္ၿပီး အေၾကာင္းျပန္ျခင္း မရွိေသးေပ။
ေမာင္ေတာၿမိဳ႕နယ္က ခမရ (၃၅၂) တပ္ရင္း စခန္းကုန္းႏွင့္ ရကၡိဳင္-ဘဂၤလာေဒ့ရွ္ နယ္စပ္၊ မိုင္တိုင္အမွတ္ (၄၀) အနီးရွိ စစ္ေကာင္စီ၏ တပ္စခန္းတို႔ကို ၿပီးခဲ့သည့္ရက္ပိုင္းက ရကၡိဳင့္တပ္ေတာ္ (AA) တိုက္ခိုက္သိမ္းယူလိုက္ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အမ်ားအျပား ေသဆုံးခဲ့ေၾကာင္းကို AA က ဓာတ္ပုံမ်ားႏွင့္တကြ ထုတ္ျပန္ထားသည္။
အဆိုပါ ဆုံးရႈံးထားေသာ တပ္စခန္းမ်ားကို ျပန္ရယူရန္ ႀကိဳးပမ္းေနေၾကာင္း စစ္ေကာင္စီဘက္က ထုတ္ေျပာထားၿပီး ယင္းေနာက္ဆက္တြဲ လတ္တေလာမွာ စစ္ေကာင္စီတပ္က စစ္အင္အား၊ လက္နက္ခဲယမ္းမ်ား ျဖည့္တင္းမႈ လုပ္ေဆာင္ေနသည့္အတြက္ ရခိုင္ျပည္အႏွံ႔ တိုက္ပြဲႀကီးမ်ား ျဖစ္လာႏိုင္သည္ဟု ရကၡိဳင့္တပ္ေတာ္ (AA) က စက္တင္ဘာလ ၁၄ ရက္ေန႔တြင္ အေရးေပၚေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။
စာတည္း – သန္႔ေဇာ္(သန္လ်င္)
mizzima
နေရာအနှံ့ တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ဟု ကြေညာပြီးနောက် မီးတိုက်စခန်းကို AA သိမ်းပိုက်
နောင်နောင်
မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းဖြစ်သော မီးတိုက်စခန်းကို ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာလ ၁၅ ရက်နေ့ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု မီးတိုက်စခန်း အနီးရှိ အမည်မဖော်လိုသော ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ် နေရာအနှံ့တိုင် တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ဟု AA က အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက် စစ်ရေးအရ အရေးပါသော မီးတိုက်စခန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တို့အကြား နှစ်ဘက် တိုက်ပွဲပြင်းထန်ပြီးနောက် AA က သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။
“မနေ့ညက ၄ နာရီကျော်ကျော်လောက်မှာ တိုက်ပွဲကတော့ ဖြစ်ပါတယ်၊ တိုက်ပွဲပြင်းထန်ပြီး နောက်ပိုင်းမှာတော့ AA က ဝင်သိမ်းသွားတယ်၊ ပြီးရင်တော့ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လာပစ်သွားတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ မီးတိုက်စခန်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၀ ခန့်ရှိကြောင်း ဒေသခံများက ဆိုသည်။ ထိုမီးတိုက် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားနိုင်သော်လည်း အရေအတွက်ကို တိတိကျကျ မသိရသေးပေ။
ယမန်နေ့က နှစ်ဘက်တိုက်ပွဲပြင်းထန်မှုနှင့်အတူ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို တရစပ်ကြားခဲ့ရကြောင်းလည်း ဒေသခံများက ပြောသည်။ ယနေ့နံနက်ပိုင်း ထိုနေရာအနီးတစ်ဝိုက်တွင် ပစ်ခတ်သံများ ငြိမ်သက်နေကြောင်းလည်း ဆိုသည်။
“AA ဝင်သိမ်းပြီးနောက်ပိုင်း နယ်ခြားစောင့် စခန်းကုန်းကို AA က မီးရှို့သွားတယ်လို့ ကြားတယ်၊ ဒီမနက်တော့ ဘာသံမှ မကြားရပါဘူး၊ ထိခိုက်ကျဆုံးမှုတော့ ရှိနိုင်ပါတယ်၊ ကျွန်တော်တို့ကလည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသော ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
လက်ရှိမှာ မီးတိုက်ကျေးရွာက ဒေသခံများသည် ဘေးလွတ်ရာ တော၊ တောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်။
မီးတိုက်စခန်းသိမ်း တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိရန် ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို မဇ္ဈိမက ဆက်သွယ်ထားဆဲဖြစ်ပြီး အကြောင်းပြန်ခြင်း မရှိသေးပေ။
မောင်တောမြို့နယ်က ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းနှင့် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတို့ကို ပြီးခဲ့သည့်ရက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်သိမ်းယူလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်းကို AA က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
အဆိုပါ ဆုံးရှုံးထားသော တပ်စခန်းများကို ပြန်ရယူရန် ကြိုးပမ်းနေကြောင်း စစ်ကောင်စီဘက်က ထုတ်ပြောထားပြီး ယင်းနောက်ဆက်တွဲ လတ်တလောမှာ စစ်ကောင်စီတပ်က စစ်အင်အား၊ လက်နက်ခဲယမ်းများ ဖြည့်တင်းမှု လုပ်ဆောင်နေသည့်အတွက် ရခိုင်ပြည်အနှံ့ တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာလ ၁၄ ရက်နေ့တွင် အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့သည်။
စာတည်း – သန့်ဇော်(သန်လျင်)
mizzima