ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဒုတိယရဲမႉးႀကီး သူ႔ကိုယ္သူ သ–တ္ေ-သမႈ
စက္တင္ဘာ ၊ ၁၆ ၊ ၂၀၂၂
SP( VOM)
စစ္ကိုင္းတိုင္း ၊ ေရဦးခ႐ိုင္ ၊ ေရဦးၿမိဳ႕မွာ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး တာဝန္ထမ္းေဆာင္ေနတဲ့ ယာယီ ဒုရဲမႉးႀကီးဟာ မေန႔ စက္တင္ဘာ ၁၅ ရက္ ညေနပိုင္းက သူ႔ကိုယ္သူ သတ္ေသသြားတယ္လို႔ ေရဦးၿမိဳ႕ခံေတြဆီက သိရပါတယ္။
” ခ႐ိုင္ရဲမႉးက သူ႔ကိုယ္သူ ေသနတ္နဲ႔ပစ္သတ္ၿပီး ေသသြားတာပါ ၊ ဒီမနက္ ရဲေတြအလုပ္မ်ားေနတာကို ျမင္ရတယ္ “လို႔ ေရဦးၿမိဳ႕ခံ တေယာက္က ေျပာပါတယ္။
အဲ့ဒီ အေၾကာင္းနဲ႔ ပတ္သက္ၿပီး စစ္ကိုင္းတိုင္းရဲတပ္ဖြဲ႕ အသိုင္းအဝိုင္းက “မေန႔က ညေနပိုင္း ၆ နာရီဝန္းက်င္မွာျဖစ္တာပါ ၊ သူ႔ေနအိမ္ထဲ အေပါက္ပိတ္ၿပီး သူ႔ကိုင္ေနၾက 32ေသနတ္နဲ႔ သူ႔ကိုယ္သူ ပစ္သတ္သြားတာပါ ၊ ရဲအပတ္စဥ္ ရမ္ဂါ ၁၆ က ၊ ယာယီ ဒုတိယရဲမႉးႀကီး ဝင္းႏိုင္ျဖစ္တယ္ “လို႔ ေျပာပါတယ္။
ေရဦးရဲေတြနဲ႔ နီးစပ္သူ တေယာက္ကလည္း” ေရဦးခ႐ိုင္ဆိုတာ အရင္ ေ႐ႊဘိုခ႐ိုင္ထဲကေန ဒီႏွစ္ထဲမွာ ေနာက္တိုး ခြဲထြက္တဲ့ ခ႐ိုင္သစ္တခုျဖစ္တယ္ ၊ စစ္ကိုင္းတိုင္းမွာ အျဖစ္မ်ားေနတဲ့ ခ႐ိုင္ေတြထဲမွာ ေရဦးခ႐ိုင္လည္းပါတယ္၊
ၿပီးခဲ့တဲ့ လတုန္းကလည္း တန္႔ဆည္ၿမိဳ႕ဝင္ ဂိတ္နားမွာ ရဲေတြအပစ္ခံရၿပီး ၅ ေယာက္ေသတယ္ ၊ လက္နက္ေတြပါသြားတယ္ ၊ ေဒသက မတည္မၿငိမ္ဆိုေတာ့ စိတ္ဖိစီးမႈမ်ားၿပီး သူ႔ကိုယ္သူ သတ္ေသသြားတာ ျဖစ္ႏိုင္တယ္ “လို႔ ေျပာပါတယ္။
စစ္ကိုင္းတိုင္းမွာ ခ႐ိုင္ ၁၁ ခု ၊ ၿမိဳ႕နယ္ ၃၄ ၿမိဳ႕နယ္နဲ႔ ဖြဲ႕စည္းထားၿပီး ခ႐ိုင္ရဲတပ္ဖြဲ႕မႉး နဲ႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး အမ်ားအျပားရွိတဲ့အနက္ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး တေယာက္အေနနဲ႔ သူ႔ကိုယ္သူ သတ္ေသတဲ့ ျဖစ္စဥ္ဟာ ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔ သိရပါတယ္။
voiceofmyanmar
ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သူ့ကိုယ်သူ သ–တ်ေ-သမှု
စက်တင်ဘာ ၊ ၁၆ ၊ ၂၀၂၂
SP( VOM)
စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့မှာ ခရိုင်ရဲတပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်နေတဲ့ ယာယီ ဒုရဲမှူးကြီးဟာ မနေ့ စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ရေဦးမြို့ခံတွေဆီက သိရပါတယ်။
” ခရိုင်ရဲမှူးက သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ပြီး သေသွားတာပါ ၊ ဒီမနက် ရဲတွေအလုပ်များနေတာကို မြင်ရတယ် “လို့ ရေဦးမြို့ခံ တယောက်က ပြောပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက “မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ သူ့နေအိမ်ထဲ အပေါက်ပိတ်ပြီး သူ့ကိုင်နေကြ 32သေနတ်နဲ့ သူ့ကိုယ်သူ ပစ်သတ်သွားတာပါ ၊ ရဲအပတ်စဉ် ရမ်ဂါ ၁၆ က ၊ ယာယီ ဒုတိယရဲမှူးကြီး ဝင်းနိုင်ဖြစ်တယ် “လို့ ပြောပါတယ်။
ရေဦးရဲတွေနဲ့ နီးစပ်သူ တယောက်ကလည်း” ရေဦးခရိုင်ဆိုတာ အရင် ရွှေဘိုခရိုင်ထဲကနေ ဒီနှစ်ထဲမှာ နောက်တိုး ခွဲထွက်တဲ့ ခရိုင်သစ်တခုဖြစ်တယ် ၊ စစ်ကိုင်းတိုင်းမှာ အဖြစ်များနေတဲ့ ခရိုင်တွေထဲမှာ ရေဦးခရိုင်လည်းပါတယ်၊
ပြီးခဲ့တဲ့ လတုန်းကလည်း တန့်ဆည်မြို့ဝင် ဂိတ်နားမှာ ရဲတွေအပစ်ခံရပြီး ၅ ယောက်သေတယ် ၊ လက်နက်တွေပါသွားတယ် ၊ ဒေသက မတည်မငြိမ်ဆိုတော့ စိတ်ဖိစီးမှုများပြီး သူ့ကိုယ်သူ သတ်သေသွားတာ ဖြစ်နိုင်တယ် “လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ ခရိုင် ၁၁ ခု ၊ မြို့နယ် ၃၄ မြို့နယ်နဲ့ ဖွဲ့စည်းထားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး အများအပြားရှိတဲ့အနက် ခရိုင်ရဲတပ်ဖွဲ့မှူး တယောက်အနေနဲ့ သူ့ကိုယ်သူ သတ်သေတဲ့ ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
voiceofmyanmar