Local News

ဒု-ရဲမှူးကြီးဝင်းနိုင် သူ့ကိုယ်သူ

ဒု-ရဲမှူးကြီးဝင်းနိုင် သူ့ကိုယ်သူ သ-တ်ေ-သသွားတယ်ဆိုတာ အဖြစ်မှန်ကဒီလိုပါတဲ့..



MFP ၊ စက်တင်ဘာ – ၁၆






ဒု-ရဲမှူးကြီးဝင်းနိုင် သူ့ကိုယ်သူ သတ်သေသွားတယ်ဆိုတာ အဖြစ်မှန်ကဒီလိုပါတဲ့..

ရေဦးမှာ စစ်ကောင်စီ သစ္စာခံ ရဲတွေ အချင်းချင်း ပစ်ခတ်မှဖြစ်ပြီး အကောင်ကြီးတစ်ကောင်သေ၊

ယာယီဒု-ရဲမှူးကြီးအဆင့် ရေဦးခရိုင်ရဲမှူး ဝင်းနိုင် ကိုယ့်ကိုကိုယ် သတ်သေတာလို့ စစ်လော်ဘီတွေ သတင်းဖြန့်၊

MFP ၊ စက်တင်ဘာ – ၁၆

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲ ပြည်သူကို ရန်ပြု သောင်းကျန်း သ-တ်-ဖြတ်နေတဲ့ စစ်ကောင်စီ သစ္စာခံ ရဲတွေ မနေ့က စကားများရန်ဖြစ်ပြီး အချင်းချင်း ပစ်ခတ်မှုဖြစ်ကာ အကောင်ကြီးကြီးတစ်ကောင် သေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ(၁၅)ရက်က ရေဦးမြို့ပေါ်က ရဲတွေ စကားများ ရန်ဖြစ်ပြီး အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်လော်ဘီတွေကတော့ ရေဦးမြို့မှာ ခရိုင်ရဲမှူးအဖြစ် လုပ်ကိုင်နေသူ ယာယီ ဒု-ရဲမှူးကြီးအဆင့် ဝင်းနိုင် ဆိုသူဟာ စက်တင်ဘာ(၁၅)ရက်က စစ်ကောင်စီက ပေးထားတဲ့ သူနေတဲ့ တန်းလျားမှာပဲ သူ့ကိုယ်သူ သတ်သေသွားတာလို့ သတင်းဖြန့်ပါတယ်။

ရွှေဘိုခရိုင်ထဲ ပါဝင်တဲ့ ရေဦးမြို့နယ်ကို အာဏာသိမ်း စစ်အုပ်စုက ရေဦးခရိုင်အဖြစ် သတ်မျတ်ထားတာ ဖြစ်ပြီး ရေဦးမြို့မှာ မြိုကနယ်အဆင့် ရုံး၊ဌာနတွေကို ခရိုင်အဆင့် ရုံးတွေအဖြစ် တိုးချဲ့ ဖွင့်လှစ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီ သစ္စာခံ ရဲတွေ အပါအဝင် စစ်အုပ်စုက ရေဦးနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသ-တ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ရေဦး – ခင်ဦး လမ်းပေါ်မှာ စစ်ကောင်စီ သစ္စာခံ ရဲတချို့ကို ဒေသကာကွယ်ရေး တပ်တွေက သု-တ်သင်ရှင်းလင်းရာမှာ ရရှိခဲ့တဲ့ ရပစ္စည်းတချို့/Photo – CJ